Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – ဘုတလင်လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်အား လေးလကြိုခင်းထားသည့်မိုင်းများဖြင့် တိုက်ခိုက်

မိုင်းထိသေဆုံးသော စစ်ကောင်စီတပ်သား လေးဦးအလောင်းများကို သားပြေးကျောက်တောင်အနီးရှိ သင်္ချိုင်းသို့ ချက်ချင်းလာရောက်မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

မုံရွာ - ဘုတလင်လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်အား လေးလကြိုခင်းထားသည့်မိုင်းများဖြင့် တိုက်ခိုက်
မုံရွာ - ဘုတလင်လမ်းပိုင်းတွင် စစ်ကောင်စီယာဥ်အား လေးလကြိုခင်းထားသည့်မိုင်းများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ – ဘုတလင်လမ်းပိုင်းတွင် လေးလကြိုတင်ခင်းထားသည့် မိုင်းများဖြင့် စစ်ကောင်စီယာဥ်အားတိုက်ခိုက်ရာ လေးဦးသေဆုံးကြောင်း Chindwin Brothers PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၈ရက်)နံနက် ၈နာရီခွဲခန့်က ကံသစ်ကျေးရွာမှ မုံရွာ(နမခ)သို့ပြန်လာသည့် စစ်ကောင်စီယာဥ်အား ဇီးတောကျေးရွာနှင့် ထနောင်းကုန်းကျေးရွာကြား၌ မိုင်း ၁၀လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ကျောင်းသားတပ်တော် ကလည်း လက်နက်ငယ်များဖြင့် ကာပစ်ပေးခဲ့ကြောင်း Chindwin Brothers PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မြို့နယ်(ပကဖ)ကလည်း လက်နက်ကြီးများဖြင့် ကာပစ်ပေးခြင်းကြောင့် ပြောက်ကျားတပ်သားများ အထိအခိုက်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Chindwin Brothers PDF အဖွဲ့က ပြောသည်။

မိုင်းထိသေဆုံးသော စစ်ကောင်စီတပ်သား လေးဦးအလောင်းများကို သားပြေးကျောက်တောင်အနီးရှိ သင်္ချိုင်းသို့ ချက်ချင်းလာရောက်မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

အဆိုပါ မိုင်းများသည် Chindwin Brothers PDF၊ ချိုမိုင်မိုင်တပ်ဖွဲ့နှင့် Anonymous Heros အဖွဲ့တို့က လွန်ခဲ့သော လေးလခန့်ကတည်းက မုံရွာ-ဘုတလင် လမ်းပိုင်းတွင် ခင်းထားခဲ့ပြီး ရက်ရှည်စောင့်ဆိုင်းခဲ့​ကြောင်း၊ ထိုမိုင်းကွင်းအား Anonymous Heros အဖွဲ့က မိုင်းကွင်းထပ်မံပြုလုပ်ပြီး ဆက်လက်တာဝန်ယူစောင့်ဆိုင်းခဲ့ကြောင်း Chindwin Brothers PDF အဖွဲ့က ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် ခလရ (၂၇၄) တပ်မှလည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဆောနယ် သတင်းရင်းမြစ်က ပြောသည်။

သတင်း

တည်ဆဲဥပဒေများကိုချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသောစစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှုမရှိကြောင်း NLD က ဆိုသည်။

သတင်း

ယမန်နေ့ (ဇန်နဝါရီ၂၈ ရက်)ညနေပိုင်းက မြိုင်မြို့နယ် သရက်ကန်ကျေးရွာအနီး သေနတ်ပစ်ဖောက်မှုကြောင့် အဆိုပါကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၃၀ခန့်သည် ဆိုင်ကယ် နှစ်စီး၊ ကား တစ်စီး၊ ခြေလျင်စစ်ကြောင်းတို့ဖြင့် ထွက်လာချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီ၏ဗန်းမော်တပ်နယ်မှထောက်လှန်းရေးအရာရှိဗိုလ်ကြီး ပိုင်သူစိုး(ခ)မင်းစစ်နိုင် ဆိုသူကို မြစ်ကြီးနား-ဖားကန့်လမ်းတွင် ယနေ့(ဇန်နဝါရီ ၂၈ရက်) နေ့လယ် ၁၂နာရီ ၁၅မိနစ်ခန့်တွင် UG BLACK Kက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။