Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခုခံတွန်းလှန်စိတ်မလျော့ကြောင်းပြသရန် အသံတိတ်သပိတ်တွင် ပြည်သူအားလုံးပါဝင်ကြရန် မန္တလေး PDF တိုက်တွန်း

“အခုလိုမျိုး အာဏာသိမ်းထားတာ ၂နှစ်တာကာလအတွင်းမှာ ပြည်သူတွေရဲ့ ခုခံတွန်းလှန်စိတ် လျော့ကျမသွားဘူးဆိုတာကို ဆက်လက်ပြသဖို့အတွက် အသံတိတ်သပိတ်မှာပြည်သူအားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု မန္တလေး PDF ရဲမေက ပြောသည်။

(မန္တလေး PDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်)
(မန္တလေး PDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်)

စစ်ကောင်စီ အာဏာသိမ်းထားသည်မှာ (၂)နှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက် ပြုလုပ်မည့် အသံတိတ်သပိတ်တွင် ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်တွန်းလိုက်သည်။

နွေဦးတော်လှန်ရေး (၂)နှစ်ပြည့်အဖြစ် စစ်ကောင်စီ၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက လုံး၀ဆန့်ကျင် တိုက်ဖျက်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်သည်အထိ အဆုံးထိ တွန်းလှန်ပုန်ကန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးသို့ဆန္ဒဖော်ထုတ်သည့်အနေဖြင့် ဖော်ဆောင်သော တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ကို လာမည့် ၂၀၂၃ ဖေဖော်ဝါရီ ၁ရက် နံနက် ၁၀နာရီမှ ညနေ ၃နာရီအထိ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ အသံတိတ် သပိတ်တွင် လူတန်းစားအလွှာအသီးသီးရှိ ပြည်သူတစ်ရပ်လုံးမှ အင်တိုက် အားတိုက် ပူးပေါင်းပါဝင်ကြရန် ရှေ့တန်းရောက် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲမေမှ တိုက်တွန်းစကား ပြောကြားချက်ကို မန္တလေး PDFက ယနေ့ နံနက်တွင် ဖော်ပြခဲ့သည်။

“အခုလိုမျိုး အာဏာသိမ်းထားတာ ၂နှစ်တာကာလအတွင်းမှာ ပြည်သူတွေရဲ့ ခုခံတွန်းလှန်စိတ် လျော့ကျမသွားဘူးဆိုတာကို ဆက်လက်ပြသဖို့အတွက် အသံတိတ်သပိတ်မှာပြည်သူအားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု မန္တလေး PDF ရဲမေက ပြောသည်။

ယခု သပိတ်မှတဆင့် ဆက်လက်၍ တော်လှန်ရေးကာလ၌ ပြည်သူများ နိုင်ရာကဏ္ဍမှ ပါဝင်ပေးကြရန်လည်း တိုက်တွန်းခဲ့သည်။

“အတိတ်ဆိတ်ဆုံးသော ငြိမ်သက်မှုဟာ အကျယ်လောင်ဆုံးသော ကြွေးကြော်သံဖြစ်တယ်ဆိုတဲ့အတိုင်းပဲ လာမယ့် ဖေဖော်ဝါရီ ၁ရက်နေ့မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ ပြည်သူတွေအားလုံးက ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု မန္တလေး PDF ရဲမေက ပြောသည်။

စစ်ကောင်စီက ပြည်သူ့အာဏာကို မတရားသဖြင့်သိမ်းဆည်းထားသည်မှာ ဖေဖော်ဝါရီ ၁ရက်တွင် (၂)နှစ်ပြည့်တော့မည်ဖြစ်ရာ ယင်းနေ့မည် နွေဦးတော်လှန်ရေးအင်အားစုများက အသံတိတ်သပိတ် ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ ယခင်ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်များတွင် ပြည်သူလူထု တစ်ရပ်လုံးပါဝင်ခဲ့သည်။ စစ်ကောင်စီတပ်က အဆိုပါ အသံတိတ်သပိတ်များ မအောင်မြင်စေရန် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေသည့်ကြားက ပြည်သူများက အသံတိတ်သပိတ်၌ ပါဝင်ခဲ့ကြသည်ကို တွေ့ရသည်။

You May Also Like

သတင်း

သပိတ်သတ်မှတ်ချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ လူထုအနေနဲ့အင်တိုက်အားတိုက်ပါဝင်ပေးကြဖို့ တိုက်တွန်းထားတာပါ။

သတင်း

စစ်ကောင်စီ၏ဗန်းမော်တပ်နယ်မှထောက်လှန်းရေးအရာရှိဗိုလ်ကြီး ပိုင်သူစိုး(ခ)မင်းစစ်နိုင် ဆိုသူကို မြစ်ကြီးနား-ဖားကန့်လမ်းတွင် ယနေ့(ဇန်နဝါရီ ၂၈ရက်) နေ့လယ် ၁၂နာရီ ၁၅မိနစ်ခန့်တွင် UG BLACK Kက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီကဝါဒဖြန့်ရာတွင် လူမျိုးရေး၊ဘာသာရေးမှိုင်းတိုက်သည့် အရေးအသားများဖြင့်လည်း KIAကို ပုတ်ခတ်ထားသည်။

သတင်း

ယမန်နေ့ (ဇန်နဝါရီ၂၇ ရက်)က တိုက်နယ်စွန်(စွန်) PDFအဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီတပ်နှင့် ပျူများ အထိုင်ချတပ်စွဲထားသည့် သလဲဘာကျေးရွာကို ဝင်ရောက်တိုက်ခိုက် မီးရှို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုက်နယ်စွန်(စွန်) PDFအဖွဲ့က အသိပေးသည်။