Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပို၍ခက်ခဲသော အခြေအနေအချိန်အခါများ ကြုံတွေ့ရသည့်တိုင် ပန်းတိုင်ဆီခရီးဆက်ကြရမည်ဟု KIO ပြော

ပြည်သူ့နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲသို့ KIOက သဝဏ်လွှာပေးပို့ခဲ့ရာ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။ အဆိုပါ ဟောပြောပွဲကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုမှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

မိုင်ဂျာယန်တွင် တွေ့ရသော KIA တပ်သားနှစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - AFP
မိုင်ဂျာယန်တွင် တွေ့ရသော KIA တပ်သားနှစ်ဦးအား တွေ့ရစဉ်၊ ဓာတ်ပုံ - AFP

▪️ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့များ အမှန်တရားဘက်ရပ်တည်ပေးကြရန် မေတ္တာရပ်ခံ

ပြည်သူ့နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် ကာလအတွင်း အခက်အခဲဆုံးအချိန်များကို ကျော်ဖြတ်ခဲ့ကြပြီဖြစ်ကြောင်းနှင့် ပို၍ခက်ခဲသော အခြေအနေအချိန်အခါများကို ကြုံတွေ့ရစေကာမူ မလွှဲမသွေ ရောက်ရမည့်ပန်းတိုင်ဆီသို့ စိတ်ဓာတ်ခွန် အား အပြည့်ဖြင့် ခရီးဆက်ကြရမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ပြောကြားလိုက်သည်။

ပြည်သူ့နွေဦးတော်လှန်ရေး (၂)နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲသို့ KIOက သဝဏ်လွှာပေးပို့ခဲ့ရာ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။ အဆိုပါ ဟောပြောပွဲကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုမှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

ပြည်သူကို အခြေပြုကာပြည်သူ့အင်အားဖြင့် ဆင်နွှဲခဲ့ကြသည့် နွေဦးတော်လှန်ရေး (၂)နှစ်အတွင်း ဦးဆောင်သူများ၊ ရှေ့တန်းတွင် မကြောက်မရွံ့ ရပ်တည်ခဲ့ကြသော ပြည်သူလူထုများ၊ ရဲရင့်သော မျိုးဆက်သစ် လူငယ်(Generation Z)များ၊ အသက်သွေးချွေး ပေးဆပ်ခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း KIO သဝဏ်လွှာတွင် ဖော်ပြသည်။

ကမ္ဘာ့နိုင်ငံများ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း သားကောင်းရတနာ သမီးကောင်းရတနာများ ဆုံးရှုံးခဲ့ကြရသည့် မိခင်တို့၏ အသံများကို ကိုယ်ချင်းစာနာလျက် အမှန်တရားဘက်တွင် ရပ်တည်ပေးကြရန် KIOက မေတ္တာရပ်ခံခဲ့သည်။

လွတ်လပ်တရားမျှတကာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေး အပြည့်အ၀ ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တောင်ပေါ် မြေပြန့်တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးစုစည်းညီညွတ်စွာ ရဲရဲရင့်ရင့် ခရီးဆက်ကြရန်လည်း KIOက တိုက်တွန်းထားသည်။

You May Also Like

သတင်း

ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နှစ်သစ်ကူးအချိန်ကာလ နုတ်ခွန်းဆက်မိန့်ခွန်းကို ကချင်ဘာသာဖြင့် ပြောဆိုခဲ့ရာ ယင်းပြောဆိုချက်ကို KIO သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ရှင်းပြခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံသည့် စစ်သားနှင့် ရဲများစွာရှိပြီး တော်လှန်ရေးတွင် ပါဝင်ကာ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေသူများလည်း ရှိသည်။

သတင်း

မိုင်ဂျာယာန်မြို့သည် ယခင်က လောင်းကစားမြို့တော်ဖြစ်သော်လည်း လောင်းကစားလုပ်ငန်းများ ရပ်ဆိုင်းသွားသည်မှာ နှစ်ပေါင်းများစွာကြာမြင့် ပြီဖြစ်သည်။

သတင်း

ABSDF တပ်ဖွဲ့ဝင်များသည် KIO ထိန်းချုပ်နယ်မြေအတွင်း၌တည်ရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းများရှိခဲ့သည်။