Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံက စစ်ကောင်စီထောက်တိုင် လောင်းကစားဝိုင်းနှစ်ဝိုင်းကို PDF ဝင်ရောက်စစ်ဆေးသတိပေး

ထို့အပြင် မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင် လောင်းကစားဝိုင်းများ ဆက်လက်ပြုလုပ်ပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ လောင်းကစားဝိုင်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-WTRF
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ လောင်းကစားဝိုင်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-WTRF

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား လိုင်းကြေးပေးပြီးဖွင့်နေသည့် လောင်းကစားဝိုင်းနှစ်ဝိုင်းအား ဝင်ရောက်စစ်ဆေးသတိပေးခဲ့ကြောင်း လူကြမ်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ၂၈ ရက်) မွန်းလွဲ ၁ နာရီခွဲခန့်က မြင်းခြံမြို့နယ်တစ်နေရာရှိ လောင်းကစားဝိုင်းတစ်ခုနှင့် လယ်သစ်ရွာက ပျူငပေါက်ကဆိုသူကို လိုင်းကြေးပေးပြီး ဖွင့်နေသည့် ကြက်ဝိုင်းတစ်ဝိုင်းအား သတိပေးခဲ့ကြောင်း လူကြမ်းကြီးအထူးပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“လောင်းကစားဝိုင်းတွေကို သွားရောက်ဖမ်းဆီးခဲ့တဲ့ အကြောင်းကတော့ လယ်သစ်ရွာကပျူစောထီးခေါင်းဆောင် ငပေါက်ကို လိုင်းကြေးပေးလုပ်နေလို့ သတိပေး​ခြင်းသက်သက်​​ဖြစ်ပါတယ်။လူတွေကိုလည်း မဖမ်းခဲ့သလို ဘာပစ္စည်းမှမသိမ်းခဲ့ပါဘူး။ သတိပေး​​ခြင်းသက်သက်ပါ။”ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင် လောင်းကစားဝိုင်းများ ဆက်လက်ပြုလုပ်ပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

You May Also Like

သတင်း

လက်နက်ကြီးပစ်ခတ်ပြီးနောက် မြို့နယ်ရဲစခန်းဝင်းအတွင်း ငြိမ်သက်သွားပြီး အ ထ.က (၁)ကျောင်းအတွင်းရှိ စစ်ကောင်စီတပ်များသည် ချောင်းဦးနှင့် မုံရွာမြို့ဘက်သို့ ထွက်ခွာသွားကြောင်း PAFD ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၂၉ရက် နေ့လည် ၁နာရီခွဲတွင် စစ်ကောင်စီ ၏ ခမရ(၅၀၄)မှ TNLAတပ်စခန်းသို့ လက်နက်ကြီးဖြင့် တဖက်သတ်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

သတင်း

ဘုရားသုံးဆူမြို့ မြေစာရင်းရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီလ ၂၉ရက်​နေ့ နံနက်တွင်း မီးရှို့ဖျက်ဆီးလိုက်ပြီး ညနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

သတင်း

မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ ဂျပန် အစိုးရ ငွေကြေးထောက်ပံ့တဲ့ တံတားတည်ဆောက်မှု ပရောဂျက် တစ်ခုအတွက် အဲဒီလို ငွေကြေး လွှဲပြောင်း ပေးချေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။