Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်းမြို့ စစ်​ကောင်စီပညာရေးမှူးရုံးမှ ကျပ်သိန်း ၈၀၀ကိုလူ​လေးဦးက​သေနတ်ပြ၍ယူ​သွား

စစ်ကောင်စီဘက်မှ လစာ​ငွေများယူ​ဆောင်သွားခြင်းမှာ ဒေသခံကာကွယ်ရေးတပ်များလုပ်သည်ဟု သတင်းလွှင့်​နေ​ကြောင်း ​ဒေသခံများက​ပြောသည်။

(ဖလမ်းမြိုကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ဖလမ်းမြိုကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ချင်းပြည်နယ်၊ ဖလမ်းမြို့ လယ်ရှိ ပညာရေးမှူးရုံးမှ စစ်​ကောင်စီလက်​အောက်ဆက်လက်တာဝန်ထမ်းထမ်း​ဆောင်​နေ​​သောဝန်ထမ်းများ၏ လစာကျပ်သိန်း ၈၀၀ခန့်ကို ယနေ့ မနက်တွင် လက်နက်ကိုင်ထးသူအချို့က သေနတ်ပြ၍ ယူဆောင်သွားကြောင်း ဖလမ်းမြို့ခံများက​ပြောသည်။

မြို့နယ် ပညာရေးမှူးရုံးတွင် Non CDMဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေစဉ် လက်နက်ကိုင်ထားသူလေးဦးက ဝင်ရောက်လာပြီး ကျပ်သိန်း၈၀၀ခန့်ကို ယူဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက​ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ​စစ်​ကောင်စီ၏ လစာ​ငွေများယူ​ဆောင်မှုဖြစ်ပွားပြီးနောက် ဖလမ်းမြို့နယ်အတွင်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ထားသည်ဟုလည်း သိရသည်။

“ဖုန်းလိုင်းတွေဖြတ်ပြီး ဝန်ထမ်းတွေကို စစ်နေတယ်လို့ကြားရတယ်”ဟု ဖလမ်းမြို့နယ်ရှိ ပညာဝန်ထမ်းတစ်ဦးကပြောသည်။

စစ်ကောင်စီဘက်မှ လစာ​ငွေများယူ​ဆောင်သွားခြင်းမှာ ဒေသခံကာကွယ်ရေးတပ်များလုပ်သည်ဟု သတင်းလွှင့်​နေ​ကြောင်း ​ဒေသခံများက​ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး People’s Springကဖလမ်းမြို့နယ်၊ ဒေသကာကွယ်ရေးတပ်ဖြစ်သည့် CNDFထံ ဆက်သွယ်၍ မှတ်ချက်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်မရသေးပါ ။

You May Also Like

သတင်း

ယမန်နေ့ (ဇန်နဝါရီ ၃၁ရက်) မွန်းလွဲပိုင်းက အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ မူးတံတားဂိတ် စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စပါးတွင်းကျေးရွာမှ ပျူစောထီးများအား ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ယနေ့ရရှိသော အချက်အလက်များအရ ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ဇန်နဝါရီ ၃၀ ရက်တွင် ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းကလည်း မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ ထွက်ခွာလာသော စစ်အုပ်စုလိုက်ပါလာသည့် ပါကျဲရိုးကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီအုပ်စုထိခိုက်မှုများရှိနိုင်ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်း

ဇန်နဝါရီ ၃၀ရက်က ကန်တော်ကျေးရွာရှိ နေအိမ် ၇၀ခန့်ကို မီးရှို့ခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် ဆားကျင်းရွာမှ နေအိမ် ၃၀ခန့်ကို မီးရှို့ခဲ့သည်ဟုဆိုသည်။