Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်ချောင်းမြို့နယ်တွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ခြောက်ဦးသေ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကာ လေးဦးဒဏ်ရာရသွားကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်း(Ka’ Sar Doh Federal Column) က ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်)

▪️သေနတ်လေးလက်ရ၊ တော်လှန်ရေးရဲဘော် လေးဦးကျဆုံး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းဖြစ်ပွားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကာ လေးဦးဒဏ်ရာရသွားကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်း(Ka’ Sar Doh Federal Column) က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ရက် နံနက် ၅ နာရီခန့်က သရက်ချောင်းမြို့နယ် ပဲဒက်ရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၂၀ခန့်ရှိ စခန်းအား ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် ဘက်မှ သုံးဦးသေပြီး နှစ်ဦးဒဏ်ရာရကာ စစ်ကောင်စီတပ်ထံမှ M-16 A1 နှစ်လက်၊ AK 47 တစ်လက်၊ M1 Carbine တစ်လက်၊ လက်ပစ်ဗုံးသုံးလုံးနှင့် ကျည်ဆံအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက အသိပေးသည်။

ထို့အပြင် ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း သရက်ချောင်းနယ် ပိတောက်ကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက စောင့်ကြိုတိုက်ခိုက်ခဲ့သည်။

ယင်းပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် သားသုံးဦးထပ်မံသေဆုံး၍ နှစ်ဦးဒဏ်ရာရသွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အလားတူ ယင်းနေ့(ဒီဇင်ဘာ ၁၄)နေ့လယ် ၃ နာရီခန့်၌ ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ ပဲရေပူရွာအနီး ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ယင်းစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။

အဆိုပါ ပဲရေပူရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၆၀)မမ လက်နက်ကြီး အလုံး (၄၀)ခန့်ဖြင့် ပစ်ခတ်ခဲ့ရာ တော်လှန်ရေးရဲဘော်လေးဦး မြင့်မြတ်စွာကျဆုံးခဲ့ဏကြောင်း အထက်ပါတော်လှန်ရေးရဲဘော်က အသိပေးသည်။

“ကျွန်တော်တို့ နွေဦးတော်လှန်ရေးရဲ့အနှစ်သာရက ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ဖို့လေ။ အဲဒီအတွက် ကျဆုံးသွားကြတဲ့ ကျနော်တို့ ရဲဘော်တွေဟာ အဲဒီစနစ်အောင်မြင်ဖို့အတွက် ပေးဆပ်သွားကြတာပါ။ ဒီစနစ်အောင်မြင်မှလည်း ကျွန်တော်တို့ တစ်ပြည်လုံးလွတ်မြောက်မှာ။ သူတို့လေးဦးကတော့ ကျွန်တော်တို့အားလုံးအတွက် အမြဲအမှတ်ရနေမယ့် အာဇာနည်သူရဲကောင်းတွေပါ”ဟု ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါ ပဲရေပူရွာအနီးတိုက်ပွဲတွင် ကျဆုံးခဲ့သော တော်လှန်ရေးရဲဘော်လေးဦးမှာ ရဲဘော် ကျော်ဖြူ၊ ရဲဘော်ကျောက်မဲ၊ ရဲဘော်ဖလုံးနှင့် ရဲဘော်ရိုးရိုးလေးတို့ဖြစ်ကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းထံမှ သိရသည်။

Facebook

You May Also Like

သတင်း

အဲဒီစာရင်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်သည် လာမည့်ဇန်နဝါရီလ ၄ ရက်နေ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်တွင် ချီတက် အလေးပြုခံမည်ဖြစ်ပြီး နေပြည်တော် အပါအဝင် အမြန်လမ်းတစ် လျှောက် လုံခြုံရေးအများအပြား ချထားကြောင်းလည်းမျက်မြင်တွေ့ရှိသူများက ​ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇန်ဝါရီ ၁ ရက်နှင့် ယနေ့ ဇန်နဝါရီလ(၂)ရက်အချိန်ထိ လေယာဉ်ဖြင့် (၇)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲသည် ပိုမိုပြင်းထန်လျက်ရှိကာ ထိခိုက်ကျဆုံးသတင်းများအား အတည်ပြုဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

သတင်း

အလယ်ရှိုကျေးရွာအား စစ်ကောင်စီတပ်သည် ဒီဇင်ဘာ၂၈ရက် နံနက် ၅ နာရီခွဲခန့်က ရွှေဘိုလေ့ကျင့်ရေး(၈)မှတဆင့် လာရောက်ကာ တပ်စွဲခဲ့ခြင်းဖြစ်သည်။