Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မှာ ဂျပန်နိုင်ငံသားတစ်ဦး ဓားထိုးခံရ

စစ်တပ်အာဏာသိမ်းနောက် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လုယက်တာတွေ ၊ ဓားပြတိုက်တာ တွေ ခပ်စိတ်စိတ်ဖြစ်ပွားနေတာပါ။

ဓာတ်ပုံ − AFP
This photo taken on April 16, 2020 shows a dog (bottom L) resting on a deserted road in Yangon. - The Yangon government announced a 10pm to 4am curfew to begin on April 18 amid fears of the COVID-19 coronavirus pandemic. (Photo by Ye Aung THU / AFP)

ဂျပန်နိုင်ငံသားတစ်ဦး ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ညပိုင်းအချိန် ဓားနဲ့ထိုးခံရလို့ ဆေးရုံတက်ရောက်ကုသမှုခံယူနေရတယ်လို့ ဂျပန်သတင်းဌာန NHK က ဖော်ပြပါတယ်။

ဂျပန်သံရုံးရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ စနေနေ့ ( ဇန်နဝါရီလ ၁၄ ) က ဂျပန်နိုင်ငံသား နှစ်ဦး ညပိုင်း ၉ နာရီ က လမ်းလျှောက်လာချိန် လူအုပ်စုတစ်စုက တိုက်ခိုက်ခဲ့ပြီး ဓားနဲ့ထိုးလို့ ဂျပန်နိုင်ငံသားတစ်ဦး ဒဏ်ရာရသွားတာပါ။

တိုက်ခိုက်ခံရတဲ့ နေရာ ကို သတင်းမှာဖော်ပြထားတာမတွေ့ရပေမယ့် ဓားထိုးခံရတဲ့ ဂျပန်နိုင်ငံသားဟာ ရင်ဘတ်မှာ ဒဏ်ရာရသွားတာလို့သိရပါတယ်။

လက်ရှိ ဆေးရုံမှာ ကုသမှုခံယူနေပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ ဂျပန်သံရုံးက ဆိုထားပါတယ်။

မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ ဂျပန်နိုင်ငံသားတွေအနေနဲ့ ညပိုင်းမှာတင်မက နေ့ခင်းဘက်မှာလည်း သွားလာတာသတိထားကြဖို့ ဂျပန်သံရုံးဘက်က သတိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းနောက် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လုယက်တာတွေ ၊ ဓားပြတိုက်တာ တွေ ခပ်စိတ်စိတ်ဖြစ်ပွားနေတာပါ။

You May Also Like

သတင်း

ပြည်တွင်း၌ ရွှေဈေးမြင့်တက်လာခြင်းကို ဈေးကစားနေခြင်းကြောင့်ဟုဆိုကာ ​ဈေးကစား​သောရွှေလုပ်ငန်းရှင်များကို အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ယနေ့ခြိမ်းခြောက်စာထုတ်ပြန်လိုက်သည်။ ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၈သိန်းကျော်ရှိနေချိန်တွင်စစ်ကောင်စီလက်​အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းများအသင်းက ကျပ် ၂၇ သိန်းအောက်တွင်သာ ဈေးနှုန်းအမှန်ဖြစ်သည်ဟု ဝါဒဖြန့်ထားသည်။ သို့သော် ၎င်းတို့အသင်းက ထုတ်ပြန်သည့်ရွှေဈေးနှုန်းတွင် ဇန်နဝါရီ ၁၁ ရက်ကအခေါက်ရွှေတစ်ကျပ်သားကို...

သတင်း

မြို့နယ်အချို့တွင်လည်း ယခုလ ၉ ရက်မှစ၍ သန်းခေါင် စာရင်းကောက်ခံမည့်အကြောင်း လိုက်လံကြေညာနေကြောင်း သိရသည်။ သန်းခေါင်စာရင်းကောက်ယူနေသည့် မြို့နယ်များတွင် စစ်ကောင်စီက ယာဥ်တန်းများနှင့်ကင်းပုန်းဝပ် စစ်ဆေးမှုများလည်းရှိနေသည်။

သတင်း

"ရဲ ၃ ယောက်ကျဆုံးပြီး G3 လက်နက် ၂ လက်ရယူနိုင်ခဲ့ပြီး စခန်းအားမီးရှို့နိုင်ခဲ့ပါတယ်"ဟု ရန်ကုန်စစ်ဒေသခွဲမှ တာဝန်ရှိသူက ပြောသည်။

သတင်း

နှစ်သစ်ကူးပွဲကိုနေပြည်တော်မှာဆိုရင် ရေပန်းဥယျာဉ် ၊ရန်ကုန် မှာ ပြည်သူရင်ပြင်နဲ့ မန္တလေးမှာ မန္တလာသီရိအားကစားကွင်း တွေမှာ စည်ကားအောင်ကျင်းပဖို့စစ်ကောင်စီက စီစဉ်ထားတာပါ။