Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာမြို့နယ်တွင် စစ်ကောင်စီ ထောက်ပို့ယာဥ် တစ်စီးဖမ်းဆီးရာ ကျည်အများအပြားသိမ်းဆည်းရမိ

ဒီဇင်ဘာ၁၆ ရက် နေ့လယ်ပိုင်းက မတ္တရာအရှေ့ပိုင်းနယ်သို့ နယ်မြေရှင်းလင်းရေး ရောက်ရှိနေသော စစ်ကောင်စီတပ်အတွက် ရောက်လာသည့် ထောက်ပို့ယာဥ်ငယ်တစ်စီးကို ကြားဖြတ်စစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိသော ကျည်နှင့်စစ်အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ပုံ - ပ.က.ဖ-မတ္တရာ
သိမ်းဆည်းရမိသော ကျည်နှင့်စစ်အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ပုံ - ပ.က.ဖ-မတ္တရာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီ​အတွက် သယ်ဆောင်လာသော ထောက်ပို့ယာဥ်ငယ်တစ်စီးအား ဖမ်းဆီးရာ ကျည်အများအပြားနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ၁၆ ရက် နေ့လယ်ပိုင်းက မတ္တရာအရှေ့ပိုင်းနယ်သို့ နယ်မြေရှင်းလင်းရေး ရောက်ရှိနေသော စစ်ကောင်စီတပ်အတွက် ရောက်လာသည့် ထောက်ပို့ယာဥ်ငယ်တစ်စီးကို ကြားဖြတ်စစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးတွေ့ရှိချက်အရ ယာဥ်ငယ်မှာ ပြည်သူတစ်ဦး၏ကိုယ်ပိုင်ယာဥ်ဖြစ်နေခြင်း၊ ယာဥ်မောင်းမှာလည်း သာမန်အရပ်သားပြည်သူဖြစ်နေခြင်းကြောင့် ယာဥ်ပေါ်ပါ ထောက်ပို့ပစ္စည်းများအား သိမ်းဆည်းကာ ယာဥ်နှင့်ယာဥ်မောင်းအား ကောင်းမွန်စွာ ပြန်လွှတ်ပေးလိုက်ကြောင်း (ပ.က.ဖ-မတ္တရာ)က အသိပေးသည်။

သိမ်းဆည်းရမိသော ကျည်နှင့်စစ်အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ပုံ - ပ.က.ဖ-မတ္တရာ
သိမ်းဆည်းရမိသော ကျည်နှင့်စစ်အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ပုံ – ပ.က.ဖ-မတ္တရာ

“ကျွန်တော်တို့က ကြိုတင်သတင်းရတာ။ စကစတွေ တပ်ရွှေ့တဲ့အခါကျရင် ရိက္ခာတို့ဘာတို့ကို အဲဒီလိုသီးသန့်ယာဥ်လေးတွေနဲ့ပို့တယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့က သတင်းရရှိထားတယ်။ ကြိုတင်သတင်းရရှိတဲ့အတွက် အဲဒီကားထွက်အလာကိုစောင့်ပြီး ဖမ်းလိုက်တာ။ ကျွန်တော် တို့ထင်တာကတော့ စကစက သူတို့ကိုယ်ပိုင်ယာဥ်နဲ့သယ်တယ်လို့ယူဆတာ။ဖမ်းဆီးစစ်ဆေးလိုက်တဲ့အခါကျတော့ ပြည်သူတစ်ယောက်ပိုင်တဲ့ယာဥ်ကို ချောဆွဲပြီးတော့ သယ်ယူပို့ဆောင်တဲ့လုပ်ငန်းလုပ်တာပါ။”ဟု ပ.က.ဖ-မတ္တရာက ပြောသည်။

အဆိုပါ ထောက်ပို့ယာဥ်ငယ်ပေါ်မှ ကျည်အမျိုးအစား အများအပြားနှင့် ကင်မရာတစ်လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ (၉)လုံး၊ Power Bank နှစ်လုံး၊ ဓားအတိုအရှည် သုံးချောင်း စသည့်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ)သည် စစ်ကောင်စီထောက်တိုင်များ၊ စစ်တပ်စခန်းများ၊ စကစတပ်ဖွဲ့ဝင်များကို အဓိကပစ်မှတ်ထား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး အများပြည်သူတို့၏ လုံခြုံရေးနှင့် အသက်အိုးအိမ်စည်းစိမ်းများကို ထိခိုက်မှုမရှိအောင် သတိထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပ.က.ဖ-မတ္တရာက အသိပေးထားသည်။

ထို့အပြင် စစ်ကောင်စီကို ဆက်လှန်တော်လှန်နိုင်ရန် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများက ဆက်လက်ထောက်ပံ့ကူညီကြရန်လည်း ပ.က.ဖ-မတ္တရာက နှိုးဆော်သည်။

You May Also Like

သတင်း

မူးယစ်ဆေးဝါးများ နှိမ်နှင်းမှုတွင် ဖြန့်ဖြူးရောင်းချနေသော အသက် (၄၅)နှစ်အရွယ်​ရှိ ဦးဖိုးထောင် ဆိုသူနှင့် အသက်( ၅၃ )နှစ်အရွယ်ရှိ ဦးကုလားတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အသိပေးသည်။

သတင်း

အသက် ၂၈ နှစ်အရွယ်ရဲတပ်သား ယောဟန်ကိုစစ်ကောင်စီတပ်က သက်သေမခိုင်လုံဘဲ ဖမ်းဆီးသွားခြင်းဖြစ်​ကြောင်းဒေသတွင်း တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

သတင်း

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ ဂျုံးဂျုံးဂျရွာသစ်မှ နေအိမ် ခြောက်လုံးနှင့်စားသောက်ဆိုင် နှစ်ဆိုင်၊ ဂျုံးဂျရွာမမှနေအိမ်၁၁လုံး၊ မအူကုန်းရွာမှ နေအိမ်အလုံး၂၀နှင့် ပိန်းအင်းရွာမှ နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

သတင်း

ဒီဇင်ဘာ ၁၄ ရက်က ရွာမိဿာရွာအနီးသို့ စစ်ကြောင်းထိုးလာသော အင်အား(၁၀၀)ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်သေဆုံးပြီး ၁၅ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာကာကွယ်ရေးတပ် ADFက အသိပေးသည်။