Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်မြို့ ကို ဒီမနက်ပိုင်း စစ်ကောင်စီလေတပ် ၂ ကြိမ် ဗုံးကြဲ

ကော့ကရိတ်ဟာ ထိုင်း − မြန်မာ နယ်စပ်မြို့ မြဝတီကနေ မိုင် ၄၀ ကျော်အကွာမှာရှိပြီး ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာတည်ရှိနေပါတယ်။

ကော့ကရိတ်မြို့ ကို ဒီမနက်ပိုင်း စစ်ကောင်စီလေတပ် ၂ ကြိမ် ဗုံးကြဲ
ကော့ကရိတ်မြို့ ကို ဒီမနက်ပိုင်း စစ်ကောင်စီလေတပ် ၂ ကြိမ် ဗုံးကြဲ

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်ကို စစ်ကောင်စီ ရဲ့လေတပ်က ဒီနေ့မနက်ပိုင်း ၉ နာရီခွဲဝန်းကျင်မှာ ၂ ကြိမ် ဗုံးကြဲသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU ) က ထုတ်ပြန်ပါတယ်။

ကော့ကရိတ်မြို့နယ်ဟာ KNU ရဲ့ ဒူပလာယာခရိုင်ထဲမှာပါပါတယ်။

ထိခိုက်ဒဏ်ရာရှိမှုအခြေအနေကို မသိရသေးဘူးလို့ KNU ဒူပလာယာ ခရိုင်သတင်းနဲ့ပြန်ကြားရေးကဆိုပါတယ်။

ကော့ကရိတ်ဟာ ထိုင်း − မြန်မာ နယ်စပ်မြို့ မြဝတီကနေ မိုင် ၄၀ ကျော်အကွာမှာရှိပြီး ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာတည်ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင့်ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပါတယ်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ရွှေဘိုမြို့ပတ်လည်ရှိ ခရိုင်တစ်ခုလုံးက ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

သတင်း

ဖေဖော်ဝါရီ ၁ရက်မှ ၁၅ရက်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၂၈ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားသည်။

ဆောင်းပါး

"ပိုပြီးလက်တွေ့ပိုဆန်လာမယ်။မြို့ပြတိုက်ပွဲတွေ က ပိုမြိုင်လာမယ်လို့ပဲ အကြမ်းဖျင်းယူဆပါတယ်။စခ ၊ရခ (စစ်သား၊ရဲ)လက်ထဲကထက်စာရင် အုပ်ကြီး ၊ရာအိမ်မှူးလက်ထဲကသေနတ်က ပိုပြီးယူလို့အဆင်ပြေမယ်လို့ယူဆပါတယ်။တဖက်ကနေတွေးရင်တော့ မစ်ရှင်လုပ်တဲ့အခါ အထိအခိုက်အကျအဆုံးများလာနိုင်ပါတယ်။အရင်လောက် လုပ်ရတာ မလွတ်လပ်တော့ဘူးပေါ့" — စ​နေ (ရန်ကုန်မြို့ရှိ မြို့ပြ​​​ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်​သော MUPDF(Myanmar Underground People Defense Force) အဖွဲ့တာဝန်ခံ)

သတင်း

ဖမ်းဆီးခံရ‌သော တောင်သူ ငါးဦး ယနေ့အထိ လွှတ်ပေးခြင်း မရှိသေးကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။