Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်တက်ခွင့် မရတော့တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုကို အင်အားအလုံးအရင်းနဲ့ လုပ်ဆောင်သွားမယ်

(ယခင်နှစ်​တွေကပြုလုပ်ခဲ့တဲ့ Cobra Gold ပူး​ပေါင်းစစ်​ရေး​လေ့ကျင့်​မှု ။ဓါတ်ပုံ-EPA၊ AP၊ Bangkok Post၊ US Marines)

မြန်မာနိုင်ငံကို လေ့လာသူအဖြစ် တက်ရောက်ဖို့ မဖိတ်ကြားတော့တဲ့ ထိုင်း-အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှု Cobra Gold အစီအစဉ်ကို အခုနှစ်မှာ အင်ပြည့်အားပြည့် ပြန်လည် စတင်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ကပ်ရောဂါ ဂယက်ကြောင့်ရော၊ ၂၀၁၄ ခုနှစ်က ထိုင်းမှာ စစ်တပ် အာဏာသိမ်းမှုရဲ့ ဂယက် ရိုက်ခတ်မှုတွေကြောင့်ပါ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ Cobra Goldရဲ့ အတိုင်းအတာနဲ့ ပမာဏတွေကို လျှော့ချခဲ့ရပါတယ်။ ဒါပေမဲ့ လာမယ့်​ဖေ​ဖော်ဝါရီ ၂၇ ရက်က​နေ မတ်လ၁၀ ရက်အထိ့ပြုလုပ်မယ့် ၂၀၂၃ ခုနှစ်ရဲ့ Cobra Gold စစ်ရေး လေ့ကျင့်မှုကတော့ အင်အားအပြည့် ပြန်ဖြစ်လာမယ်လို့ အမေရိကန်နဲ့ ထိုင်းစစ်ဘက် အရာရှိတွေက အတည်ပြုထားပါတယ်။

(ယခင်နှစ်​တွေကပြုလုပ်ခဲ့တဲ့ Cobra Gold ပူး​ပေါင်းစစ်​ရေး​လေ့ကျင့်​မှု ။ဓါတ်ပုံ-EPA၊ AP၊ Bangkok Post၊ US Marines)
(ယခင်နှစ်​တွေကပြုလုပ်ခဲ့တဲ့ Cobra Gold ပူး​ပေါင်းစစ်​ရေး​လေ့ကျင့်​မှု ။ဓါတ်ပုံ-EPA၊ AP၊ Bangkok Post၊ US Marines)

ထိုင်းနဲ့ အမေရိကန်တို့က ကြီးမှူးတယ် ဆိုပေမယ့် နိုင်ငံပေါင်း ၃၀ လောက်က စစ်သည် ၇၃၉၄ ဦးဟာလည်း လေ့ကျင့်ရေး ကဏ္ဍမှာ ကိုယ်တိုင် ပူးပေါင်းပြီးဖြစ်စေ၊ စောင့်ကြည့်လေ့လာသူ အနေနဲ့ဖြစ်စေ ပါဝင်ကြမှာပါ။

ဒီနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ထိုင်းနဲ့ အမေရိကန်တို့ကြား နှစ်ပေါင်း ၁၉၀ ပြည့် သံတမန် ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

၁၉၈၂ ခုနှစ်က စလို့ နှစ်စဉ်နှစ်တိုင်းလိုလို Cobra Gold စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ အခုဆိုရင် ၄၂ ကြိမ်ထိ ရှိလာခဲ့ပါပြီ။ အခုနှစ်မှာတော့ ဖေဖော်ဝါရီ ၂၇ ကနေ မတ် ၁၀ ရက်ထိ ထိုင်းက လော့ပ်ဘူရီ၊ ချန်သာဘူရီ၊ ဆာခေါင်နဲ့ ရာယောင် ဒေသတွေမှာ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာပါ။

(ယခင်နှစ်​တွေကပြုလုပ်ခဲ့တဲ့ Cobra Gold ပူး​ပေါင်းစစ်​ရေး​လေ့ကျင့်​မှု ။ဓါတ်ပုံ-EPA၊ AP၊ Bangkok Post၊ US Marines)
(ယခင်နှစ်​တွေကပြုလုပ်ခဲ့တဲ့ Cobra Gold ပူး​ပေါင်းစစ်​ရေး​လေ့ကျင့်​မှု ။ဓါတ်ပုံ-EPA၊ AP၊ Bangkok Post၊ US Marines)

ဒီနှစ် စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်ဟာ စစ်သည် ၆၀၀၀ ကျော်ထိ စေလွှတ်သွားမယ်လို့ သိရပါတယ်။ ဒါဟာ ဆယ်စုနှစ် တစ်ခုလောက် ကာလအတွင်း Cobra Goldမှာ အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက် အများဆုံး ပါဝင်မယ့် အစီအစဉ် ဖြစ်လာပါတယ်။ မနှစ်တုန်းကတော့ နှစ်နိုင်ငံပေါင်း စစ်သည် ၃၅၀၀ အောက်သာ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ပြီး အမေရိကန်က တပ်ဖွဲ့ဝင် ၁၃၀၀ နီးပါးလောက်ပဲ စေလွှတ်ခဲ့ပါတယ်။ ဒီနှစ် Cobra Goldအတွက် ထိုင်းစစ်သည် ဘယ်လောက်များများ ပါဝင် လေ့ကျင့်မလဲ ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ဒီနှစ် စစ်ရေးလေ့ကျင့်မှုမှာ စစ်မြေပြင် လက်တွေ့ တိုက်ခိုက်မှုတွေ၊ ကွန်မန်ဒို စစ်ဆင်ရေးတွေ၊ ဆိုက်ဘာ စစ်ပွဲဆိုက်ရာ တုံ့ပြန်မှုတွေ၊ လူသားချင်း စာနာမှု အထောက်အပံ့ အစီအစဉ်တွေ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ရေး ဆောင်ရွက်မှုတွေ အစုံအလင် ပါရှိမှာ ဖြစ်တဲ့အပြင် အာကာသ စစ်ဆင်ရေး အစီအစဉ်တွေကိုလည်း ပထမဆုံးအကြိမ် ပြုလုပ်သွားမှာပါ။

စစ်ရေးလေ့ကျင့်မှုတွေမှာ အမေရိကန်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ မလေးရှားတို့ ၇ နိုင်ငံ ပူးပေါင်း ပါဝင်ကြမှာဖြစ်ပြီး လူသားချင်း စာနာမှု ထောက်ပံ့ရေး လေ့ကျင့်မှုတွေမှာတော့ တရုတ်၊ ဩစတြေးလျနဲ့ အိန္ဒိယတို့ပါ လာရောက် ချိတ်ဆက်ကြမှာ ဖြစ်ပါတယ်။ ကျန်တဲ့ နိုင်ငံတွေကတော့ လေ့လာသူ အနေနဲ့သာ တက်ရောက်ကြတာပါ။

(ယခင်နှစ်​တွေကပြုလုပ်ခဲ့တဲ့ Cobra Gold ပူး​ပေါင်းစစ်​ရေး​လေ့ကျင့်​မှု ။ဓါတ်ပုံ-EPA၊ AP၊ Bangkok Post၊ US Marines)
(ယခင်နှစ်​တွေကပြုလုပ်ခဲ့တဲ့ Cobra Gold ပူး​ပေါင်းစစ်​ရေး​လေ့ကျင့်​မှု ။ဓါတ်ပုံ-EPA၊ AP၊ Bangkok Post၊ US Marines)

၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း Cobra Gold စစ်ရေးလေ့ကျင့်မှုတွေမှာ မြန်မာကို လေ့လာသူ အနေနဲ့ မဖိတ်ကြားဖို့ ဆုံးဖြတ်မှုဟာ အခုနှစ်မှာလည်း ဆက်လက် တည်တံ့နေဆဲပါ။ ထိုင်းစစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီး သစ်ချိုင် တီယန်တောင်ကတော့ မြန်မာကို မဖိတ်တာဟာ စီစဉ်ထားတဲ့ ခုံအရေအတွက် အကန့်အသတ် ရှိနေတာကြောင့်လို့ ပြောပါတယ်။

Cobra Goldဟာ အမေရိကန် အတွက်တော့ အရှေ့တောင်အာရှ ဒေသက အဓိက မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနဲ့ ဆက်ဆံရေး တည်ဆောက်ရာမှာ အရေးကြီးတဲ့ မဟာဗျူဟာ အခင်းအကျင်း တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ အမေရိကန်ဟာ ဒေသတွင်းမှာ တရုတ်ရဲ့ ဩဇာ ချဲ့ထွင်မှုကို တွန်းလှန်ဖို့အတွက် အရှေ့တောင်အာရှ မိတ်ဖက်တွေနဲ့ စစ်ရေးအရ ပူးပေါင်းမှုတွေကို ပိုမို အရှိန်မြှင့်တင်နေပါတယ်။

မနှစ်တုန်းကလည်း အမေရိကန်ဟာ နောက်ထပ် အရှေ့တောင်အာရှမဟာမိတ်တစ်နိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်နဲ့ ပူးပေါင်းပြီး အင်အား အကြီးမားဆုံး ဘာလီကာတန် စစ်ရေးလေ့ကျင့်မှုကြီးကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အစီအစဉ်မှာ ကြည်း၊ ရေ၊ လေနဲ့ မရိန်းတပ်ဖွဲ့ဝင် ၉၀၀၀ နီးပါး ပါဝင်ခဲ့ပြီး အမေရိကန်က စစ်သည် ၅၁၀၀ လောက်စေလွှတ်ခဲ့တယ်လို့သိရပါတယ်။

Facebook

You May Also Like

သတင်း

အခြေခံ သဘောထားတွေကို မပြောင်းလဲဘဲ မြဲမြဲမြံမြံ ရပ်တည်ပေးနေတဲ့ စင်ကာပူ အစိုးရကိုရော၊ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ကြောင်း ပြသခဲ့တဲ့ ဝန်ကြီး ဘာလက်ခ်ရစ်ရှ်န်ကိုပါ NUGက လေးလေးနက်နက် ကျေးဇူးတင်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း

မြန်မာစစ်တပ်နှင့် ယင်းအဖွဲ့အစည်းအား အားဖြည့်ထောက်ခံပေးနေသူများအနေဖြင့်မူ လူ့အခွင့်အရေးနှင့် လူသားဆန်မှုအပေါ် မထီမဲ့မြင်ပြုလျက်ရှိကြောင်းကို ကြိမ်ဖန်များစွာ ပြသနေခဲ့ကြောင်းလည်း သံအမတ်ကြီးက ကုလသမဂ္ဂ၌ ပြောသည်။

သတင်း

Fortify Rights အဖွဲ့နဲ့ ဂျာမနီ နိုင်ငံရောက် လူပုဂ္ဂိုလ် ၁၆ ဦးတို့ဟာ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ တုန်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် အကြမ်းဖက်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အခုလို တိုင်ချက်ဖွင့်ခဲ့တာပါ။

သတင်း

Cognyte ကုမ္ပဏီက တရားဝင်ကြားဖြတ်ဖမ်းယူရေးကိရိယာများကို မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနေခြင်းမှာ နိုင်ငံတကာဥပဒေနှင့် အစ္စရေးဥပဒေများကို ချိုးဖောက်နိုင်ဖွယ်ရှိနေ ကြောင်း JFM က ဖော်ပြသည်။