Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖုန်းခေါ်ဆိုမှုများအား ကြားဖြတ်ဖမ်းယူနိုင်သည့် စနစ်ကို အစ္စရေးနည်းပညာကုမ္ပဏီ Cognyte က မြန်မာစစ်တပ်ထံ ရောင်းချထား

Cognyte ကုမ္ပဏီက တရားဝင်ကြားဖြတ်ဖမ်းယူရေးကိရိယာများကို မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနေခြင်းမှာ နိုင်ငံတကာဥပဒေနှင့် အစ္စရေးဥပဒေများကို ချိုးဖောက်နိုင်ဖွယ်ရှိနေ ကြောင်း JFM က ဖော်ပြသည်။

အစ္စ​ရေးရှိ Cognyte ရုံးခန်း ။ ။ဓါတ်ပုံ-ရိုက်တာ
အစ္စ​ရေးရှိ Cognyte ရုံးခန်း ။ ။ဓါတ်ပုံ-ရိုက်တာ

▪︎Cognyte အပေါ် စုံစမ်းစစ်ဆေးရန် လျှောက်ထားလွှာအပေါ် အမြန်ဆုံး တုန့်ပြန်အရေးယူဆောင်ရွက်ရန် JFM တိုက်တွန်း

အစ္စရေးနည်းပညာကုမ္ပဏီ Cognyte က ဖုန်းခေါ်ဆိုမှုများအား ကြားဖြတ်ဖမ်းယူနိုင်သည့် စနစ်ကို မြန်မာစစ်တပ်ထံ ရောင်းချထားကြောင်း Justice For Myanmar က ဖော်ထုတ်တွေ့ရှိထားသည်။

Cognyte ကုမ္ပဏီက တရားဝင်ကြားဖြတ်ဖမ်းယူရေးကိရိယာများကို မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနေခြင်းမှာ နိုင်ငံတကာဥပဒေနှင့် အစ္စရေးဥပဒေများကို ချိုးဖောက်နိုင်ဖွယ်ရှိနေ ကြောင်း JFM က ဖော်ပြသည်။

“အဲဒီကြားဖြတ်ဖမ်းယူရေးစနစ်ဟာ မြန်မာစစ်တပ်က ဖုန်းခေါ်ဆိုမှုတွေကို အချိန်နဲ့ တပြေးညီ ကြားဖြတ်နားထောင်နိုင်စေမှာဖြစ်ပြီး၊ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီတာ ဖြစ်ပါတယ်”ဟုJFMကဆိုသည်။

လုံခြုံရေးနည်းပညာ စတော့အိတ်ချိန်းတစ်ခုဖြစ်သည့် NASDAQ စာရင်းဝင် အစ္စရေး ထောက်လှမ်းရေး နည်းပညာ ဝန်ဆောင်မှုကော်ပိုရေးရှင်း Cognyte Software Limited သည် မြန်မာနိုင်ငံကို တရားဝင် ကြားဖြတ်ဖမ်းယူရေးကိရိယာများ တင်သွင်းရောင်းချရန်အတွက် နိုင်ငံပိုင် မိုဘိုင်းဖုန်းအော်ပရေတာ ဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တင်ဒါကို ၂၀၂၀ တွင် အောင်မြင်ခဲ့ခြင်းဖြစ်သည်။

JFM ထံ လျှို့ဝှက်ပေါက်ကြားလာသော စာရွက်စာတမ်းများတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) က ပုံသေအချက်အလက် တရားဝင်ကြားဖြတ်ဖမ်းယူရေး နည်းပညာ ဂိတ်တစ်ခု ဝယ်ယူရန် အမှာစာတစ်စောင်ကို Cogynte ကုမ္ပဏီကို ၂၀၂၀ ဒီဇင်ဘာလက ထုတ်ပေးခဲ့သည်ဟု ဆိုသည်။

အဆိုပါ စာရွက်စာတမ်းများသည် ၂၀၂၃ ဇန်နဝါရီ ၂ ရက်တွင် အစ္စရေးအစိုးရထံ တိုင်ကြားထားသော တရားရေးဆိုင်ရာတိုင်ကြားချက်၏ အထောက်အထားများဖြစ်သည်ဟုလည်း JFM က ဖော်ပြသည်။ လွှတ်တော်ဥက္ကဌဟောင်း Avrum Burg အပါအဝင် လူပုဂ္ဂိုလ် ၆၀ ကျော်တို့ကို ကိုယ်စားပြုပြီး အစ္စရေးတရားလွှတ်တော်ရှေ့နေ Eitay Mack က မြန်မာနိုင်ငံကို တရားဝင်ကြားဖြတ်ဖမ်းယူရေး စနစ်များ တင်သွင်းရန် Cognyte ကုမ္ပဏီကို ထုတ်ပေးထားသည့် ဈေးကွက်ရှာဖွေရေးနှင့် ပို့ကုန် လိုင်စင်ကို ပြန်လည်ရုပ်သိမ်းပေးရန် အစ္စရေးအစိုးရထံ တရားရေးတိုင်ကြားချက်နှင့် ဆက်စပ်ပေးစာတစ်စောင်တို့ကို တင်သွင်းထားခြင်းဖြစ်သည်။

MPT ၏ တရားဝင်ကြားဖြတ်ဖမ်းယူရေးစနစ်တင်ဒါကို Cognyte ကုမ္ပဏီ ရရှိခဲ့သည့်အချိန်က အစ္စရေးတွင် မြန်မာနိုင်ငံကို ကာကွယ်ရေးပစ္စည်းများ လွှဲပြောင်းခြင်းမှာ တရားမ၀င်သည့်လုပ်ရပ်ဖြစ်ပြီး မြန်မာပြည်သူများကို စစ်တပ်က အီလက်ထရောနစ် စောင့်ကြည့်ထောက်လှမ်းသည့် အန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် ဘေးဆီးရန်ကာအစီအစဉ်များ မရှိပေ။

“စစ်တပ်ရဲ့ တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုက တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေရဲ့ ဆက်သွယ်မှုတွေကို စောင့်ကြည့်ဖို့နဲ့ တည်နေရာကို ခြေရာခံဖို့ အီလက်ထရောနစ်စောင့်ကြည့်ထောက်လှမ်းတဲ့လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လာပြီး၊ ဒီလုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်” ဟု JFM က ဖော်ပြသည်။

အစ္စရေးရှေ့နေချုပ်ဖြင့် Cognyte အပေါ် စုံစမ်းစစ်ဆေးရန် လျှောက်ထားလွှာအပေါ် အမြန်ဆုံး တုန့်ပြန် အရေးယူ ဆောင်ရွက်ရန် JFM က တောင်းဆိုထားသည်။

You May Also Like

သတင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်သည့် ‘နိုင်ငံများအကြား တရားဥပဒေစိုးမိုးမှု ရှိစေရေး’ ခေါင်းစဉ်ဖြင့် ဝန်ကြီးအဆင့် ဆွေးနွေးမှု အစည်းအဝေး၌ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်မိန့်ခွန်းပြောခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

FAAရဲ့ ချွတ်ချော်မှု အတောအတွင်း လေယာဉ်မှူးတွေဟာ အန္တရာယ် ကြုံလာနိုင်တယ်ဆိုတဲ့ အချက်ပြ သတိပေးမှုတွေ လက်ခံရရှိခဲ့ကြပါတယ်။ အခုတော့ အဲဒီ ပြဿနာကို ဖြေရှင်းပြီးကြောင်း FAAက နောက်ဆက်တွဲ ထုတ်ပြန် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လတ်တလောမှာတော့ အစ္စရေးက ဂျူးမဟုတ်တဲ့ လူနည်းစု အသိုက်အဝန်းတွေ၊ လိင်စိတ် တိမ်းညွှတ်မှု ကွဲပြားတဲ့ LGBT အသိုက်အဝန်းတွေနဲ့ ပါလက်စတိုင်း အနွယ်တွေကြားမှာ အစိုးရသစ်ရဲ့ အနာဂတ် မူဝါဒတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်နေကြောင်းလည်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း ဒုံးကျည် အမျိုးအစား ပေါင်းစုံကို စံချိန်တင် အရေအတွက်ထိ စမ်းသပ် ပစ်လွှတ်ခဲ့သလို နျူကလီးယားဗုံး တစ်လုံးကို စမ်းသပ် ဖောက်ခွဲဖို့လည်း စီစဉ်နေကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတွေက စွပ်စွဲ ပြောဆိုထားပါတယ်။