Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးနှင့် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီစခန်းနှင့် စစ်သင်္ဘောကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း (၁၊ ၃၊ ၄၊ ၅ ) နှင့် ကျေးရွာတပ်ပေါင်းစု တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဆီမီးခုံဆိပ်ကမ်း၌ တွေ့ရသည့် စစ်သင်္ဘောတစ်စီး၊ ဓါတ်ပုံ-Cj
ဆီမီးခုံဆိပ်ကမ်း၌ တွေ့ရသည့် စစ်သင်္ဘောတစ်စီး၊ ဓါတ်ပုံ-Cj

▪️စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိဟုဆို

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီတပ် စခန်းနှင့် စစ်သင်္ဘောကို တစ်ညတည်း ၃ နာရီကျော်ခြားပြီး တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း ဒေသတွင်းPDFအဖွဲ့များက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီခွဲခန့်က မန္တလေးတိုင်း၊ မြင်းခြံမြိုနယ်၊ ဆီမီးခုံဆိပ်ကမ်းတွင် စစ်ကောင်စီတပ်၏ သင်္ဘောတစ်စီးအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောပေါ်ရှိ စစ်အုပ်စုဝင် သုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃)က အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင်တပ်ရင်း (၃)နှင့် တပ်ရင်း (၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့ည (ဖေဖော်ဝါရီ ၁၃ ရက်နံနက်) ၁ နာရီခန့်ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်စခန်း၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ရဲ ၁၀၀ ခန့်ရှိသည့်နေရာအား စစ်ကြောင်းနှစ်ကြောင်းဖြင့် ဒေသတွင်း တော်လှန်ရေးအဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃) တပ်ခွဲ (၃) Scorpions People Defence Force အဖွဲ့က ရဲဘော်တစ်ဦးက ပြောသည်။

“ည ၁၀ နာရီလောက်ကနေ စပြီး စစ်ကြောင်းချီတက်တယ်။ ကျောက်ရစ်နားရောက်တော့ အခြေနေကြည့်ပြီး ၁ နာရီခွဲ လောက်ကစပြီး ကျွန်တော်တို့ဘက်က လက်နက်ကြီးတွေနဲ့ စခန်းနေရာကို ပစ်ပါတယ်။စစ်ကြောင်း နှစ်ကြောင်း ခွဲထားပြီး လှုပ်ရှားပါတယ်”ဟု Scorpions People Defence Force အဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း (၁၊ ၃၊ ၄၊ ၅ ) နှင့် ကျေးရွာတပ်ပေါင်းစု တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မြင်းခြံခရိုင် တပ်ရင်း၊ တပ်ခွဲများသည် စစ်ဆင်ရေးများ ဆက်တိုက်ဖော်ဆောင်နေကြောင်း အသိပေးထားသည်။

Facebook

You May Also Like

သတင်း

ယနေ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးယူရွာမ မှ နေအိမ် တစ်လုံးနှင့် ကျော်ရွာမှ နေအိမ် သုံးလုံး ထိခိုက်ပျက်စီးခဲ့သည်ဟု Indaw Revolutionက ဖော်ပြထားသည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၂ဝ ရက်)ည ၇ နာရီခန့်က ငါန်းဇွန်မြို့နယ် သားကျင်ရွာ(အ.ထ.က) ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်၏ ကင်းပတ်ထွက်ချိန် ဒေသတွင်း PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၁၈ရက်ညပိုင်းက တပ်မဟာ(၃)၊ မူးမြို့နယ်၊ တုံးတောကျေးရွာတွင် အခြေချတပ်စွဲထားသော စစ်ကောင်စီတပ်က ကျွန်းတောကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နေအိမ် တစ်လုံးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

သတင်း

ကျောက်မဲမြို့နယ်ဟာ TNLA လှုပ်ရှားရာနယ်မြေဖြစ်ပြီး အဲဒီဒေသထဲ စစ်ကောင်စီစစ်ကြောင်းဝင်လာ လို့တိုက်ပွဲဖြစ်တာလို့ TNLA ဘက်ကဆိုထားပါတယ်။