Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ် မီးရှို့၍ သုံးရက်အတွင်း အိမ်ခြေ ၂၅၀ခန့် ပျက်စီး

ဖေဖော်ဝါရီ ၁၉ ရက်တွင် ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာအား စစ်ကောင်စီတပ်မှ အင်အား ၈၀ခန့်ဖြင့် မီးရှို့ခဲ့ရာ နေအိမ် ၂၁၈လုံး မီးလောင် ပျက်စီးခဲ့သည်ဟု မြေပြင်သတင်းပေးပို့ချက်ရရှိကြောင်း ဖော်ပြသည်။

မြေမွန်အား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
မြေမွန်အား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့၍ ရက်ပိုင်းအတွင်း ဒေသခံ ပြည်သူလူထုများ၏ နေအိမ် ၂၅၀ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာအား စစ်ကောင်စီတပ်မှ အင်အား ၈၀ခန့်ဖြင့် မီးရှို့ခဲ့ရာ နေအိမ် ၂၁၈လုံး မီးလောင် ပျက်စီးခဲ့သည်ဟု မြေပြင်သတင်းပေးပို့ချက်ရရှိကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် ယမန်နေ့ တွင်လည်း တရော်ကိုင်းရွာသို့ ဝင်ရောက်ရာ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ နေအိမ် တစ်လုံး ပျက်စီးခဲ့ကြောင်း၊ နောက်ထပ်နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)တွင်လည်း ကျွန်းလှမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံပျူများက ကန့်ဘလူမြို့နယ် ချောင်းကြားရွာအား တတိယအကြိမ် ဝင်ရောက်ပြီး မီးရှို့ခဲ့ရာ နေအိမ် ၂၈လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။

အဆိုပါရွာကို စစ်ကောင်စီတပ်က သုံးကြိမ်မီးရှို့ခဲ့ရာ နေအိမ် ၅၉လုံးပျက်စီးခဲ့ကြောင်း ဖော်ပြ သည်။

ဖေဖော်ဝါရီ ၁၉ရက်မှ ၂၁ရက်အတွင်း စစ်ကောင်စီတပ်မီးရှို့၍ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်မှ ပြည်သူလူထုနေအိမ် ၂၄၈လုံး မီးလောင်ပျက်စီးခဲ့ကြောင်းကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ခဲ့ပြီး မြေမွန်ကျေးရွာမှ မီးလောင်ပျက်ဆီးဆုံးရှုံး မှတ်တမ်းဓာတ်ပုံများကို ဖော်ပြခဲ့သည်။

Facebook

You May Also Like

သတင်း

ယနေ့(ဖေဖော်ဝါရီ ၂၁)နေ့လယ် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့မီးပွိုင့်အနီး ခဲရောင်ပရာဒို(Parado)ကားတစ်စီးအား စစ်ကောင်စီတပ်မှ အင်အား (၅၀)ခန့်ဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ပုသိမ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်​လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များအား PDF အဖွဲ့များက သုတ်သင်ရှင်းလင်းခဲ့ဖူးသည်။

သတင်း

စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းလို၍ ပြည်သူနှင့်ပူးပေါင်းကာ သူနာပြုဆရာမအဖြစ်မှ CDM ပြုလုပ်ခဲ့သော မမေဇွန်မိုးသည် အုတ်ဖိုမြို့နယ်သူတစ်ဦးဖြစ်ပြီး ၎င်း၏အမျိုးသားမှာလည်း စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်းကို ခံထားရသည်။

သတင်း

ကလေးမြို့တွင်း စစ်ရေးအရှိန်မြင့်တက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ကောင်စီခန်းများနှင့် နေရာများ အနီးကို သွားလာခြင်းမပြုရန်နှင့် အဝေးမှရှောင်ရှားသွားကြရန် PDF(ကလေး)က တာဝန်ရှိသူကသတိ​ပေးထားသည်။