Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးမြို့နယ်ရှိ​ကျေးရွာအားလုံးနီးပါး၏ တရားဥပ​ဒေစိုးမိုး​ရေးကို NUG၏ ပြည်သူ့ရဲတပ်ဖွဲ့က​ဆောင်ရွက်​နေဟုတာဝန်ရှိသူ​ပြော

ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)ကမြို့နယ်အတွင်းတရားဥပ​ဒေစိုးမိုး​ရေးအတွက်ကိုင်တွယ်ထားသည့်အမှုများအနက်သုံးပုံနှစ်ပုံခန့်သည် မူးယစ်ဆေးဝါးအမှုဖြစ်​နေပြီး ခိုးမှုများလည်း ပါဝင်သည်ဟုအထက်ပါပုဂ္ဂိုလ်က​​ပြောသည်။

(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများကိုဖျက်ဆီး​နေ​သောက​လေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(​တောင်ပိုင်း)မှရဲတပ်ဖွဲ့ဝင်အချို့ နှင့် မြို့နယ်တွင်းတရားဥပ​ဒေစိုးမိုး​ရေး​ဆောင်ရွက်​နေ​သောရဲတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KTP)
(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများကိုဖျက်ဆီး​နေ​သောက​လေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(​တောင်ပိုင်း)မှရဲတပ်ဖွဲ့ဝင်အချို့ နှင့် မြို့နယ်တွင်းတရားဥပ​ဒေစိုးမိုး​ရေး​ဆောင်ရွက်​နေ​သောရဲတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KTP)

ကလေးမြို့နယ်တွင်း တရာဥပဒေစိုးမိုးရေးအတွက်ဒေသခံပြည်သူများ၏ယုံကြည်အားကိုးမှုကိုရရှိထားပြီးမြို့ပေါ်ရပ်ကွက်များမှလွဲ၍ ကျေးရွာအားလုံးနီးပါးတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်​ကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကပြောသည်။

“တရားဥပဒေစိုးမိုးရေးအတွက် လူထုက ကျွန်တော်တို့ကို ယုံကြည်အားကိုးကြတယ်။ အခုဆိုရင် တိုင်ထားတာ အမှု ၁၀၀လောက်ရှိပါပြီ။ ၇၀ လောက်ကတရားရုံးရောက်သွားပြီ။ထောင်မှာတောင်အကျဉ်းသားတော်တော်များများနေပြီ” ဟုကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာဝန်ခံက People’s Spring သတင်းဌာနသို့ပြောသည်။

ကလေးမြို့နယ်အတွင်ကျေးရွာပေါင်း၁၅၈ရွာရှိသည့်အနက်ကျေးရွာပေါင်း ၁၄၀ ခန့်အားမြို့နယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)နှင့်အုပ်ချုပ်ရေးဖွဲ့ (ပအဖ)တို့ကထိန်းချုပ်ထားသည်ဟုကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကဆိုသည်။ထို့အပြင် မြို့ပေါ်ရပ်ကွက် ၂၀ အနက် ငါးရပ်ကွက်တွင် စိမ့်ဝင်စိုးမိုးထားသည်ဟုလည်းဆိုသည်။

(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများကိုဖျက်ဆီး​နေ​သောက​လေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(​တောင်ပိုင်း)မှရဲတပ်ဖွဲ့ဝင်အချို့ နှင့် မြို့နယ်တွင်းတရားဥပ​ဒေစိုးမိုး​ရေး​ဆောင်ရွက်​နေ​သောရဲတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KTP)
(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများကိုဖျက်ဆီး​နေ​သောက​လေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(​တောင်ပိုင်း)မှရဲတပ်ဖွဲ့ဝင်အချို့ နှင့် မြို့နယ်တွင်းတရားဥပ​ဒေစိုးမိုး​ရေး​ဆောင်ရွက်​နေ​သောရဲတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KTP)

ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)ကမြို့နယ်အတွင်းတရားဥပ​ဒေစိုးမိုး​ရေးအတွက်ကိုင်တွယ်ထားသည့်အမှုများအနက်သုံးပုံနှစ်ပုံခန့်သည် မူးယစ်ဆေးဝါးအမှုဖြစ်​နေပြီး ခိုးမှုများလည်း ပါဝင်သည်ဟုအထက်ပါပုဂ္ဂိုလ်က​​ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီကိုအာဏာဖီဆန်ပြီး CDM လုပ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား စုစည်းပြီး ပြည်သူ့ရဲတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၂ ခုနှစ် ဇွန်လ ၇ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ တော်လှန်ရေးအားကောင်းသည့်ဒေသများ၌ စတင်ဖွဲ့စည်းခဲ့ပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို လုပ်ကိုင်​နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ၊လူအခွင့်အရေး ချိုးဖောက်မှုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒုစရိုက်မှုများကို တားဆီးနှိမ်နင်းရန် ပြည်သူ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားသည်။

Facebook

You May Also Like

သတင်း

ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပညာရေးဝန်ကြီးဌာနတို့က ပူးတွဲကြေညာချက််ထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

မိုးကုတ်ကျောက်မျက်တွင်းများအတွက် အလောတကြီး ဝယ်ယူရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင် ၁၄ ဦးရှိသည်ဟုလည်း အရောင်းကိုယ်စားလှယ်အချို့က​ပြောသည်။

ဆောင်းပါး

"ပိုပြီးလက်တွေ့ပိုဆန်လာမယ်။မြို့ပြတိုက်ပွဲတွေ က ပိုမြိုင်လာမယ်လို့ပဲ အကြမ်းဖျင်းယူဆပါတယ်။စခ ၊ရခ (စစ်သား၊ရဲ)လက်ထဲကထက်စာရင် အုပ်ကြီး ၊ရာအိမ်မှူးလက်ထဲကသေနတ်က ပိုပြီးယူလို့အဆင်ပြေမယ်လို့ယူဆပါတယ်။တဖက်ကနေတွေးရင်တော့ မစ်ရှင်လုပ်တဲ့အခါ အထိအခိုက်အကျအဆုံးများလာနိုင်ပါတယ်။အရင်လောက် လုပ်ရတာ မလွတ်လပ်တော့ဘူးပေါ့" — စ​နေ (ရန်ကုန်မြို့ရှိ မြို့ပြ​​​ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်​သော MUPDF(Myanmar Underground People Defense Force) အဖွဲ့တာဝန်ခံ)

သတင်း

ဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီတွင် လူသားချင်း စာနာမှုအကူအညီများအတွက် ကျပ် ၅၀၇ ဒသမ ၁၅သန်း ထောက်ပံ့ပေးပို့ နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။