Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန် UG အချို့ ဖမ်းဆီးခံရမှုတွင် URF ပါဝင်နေ သည်ဟူသော စွပ်စွဲချက်အပေါ် MUPDF ပြန်ရုတ်သိမ်း

စွပ်စွဲချက်အား ပြန်လည်ရုတ်သိမ်းလိုက်ခြင်းမှာ URF အဖွဲ့အနေဖြင့် MUPDF အဖွဲ့နှင့်သာမက အခြားသော UG အဖွဲ့များနှင့် လက်တွဲလုပ်ဆောင်ခဲ့သည့်ကာလတလျှောက် ယခုကဲ့သို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရသည့်ဖြစ်စဥ်မျိုး မရှိခဲ့ကြောင်း သက်သေပြနိုင်၍ဖြစ်ကြောင်း MUPDF က ဆိုသည်။

(ဖေဖော်ဝါရီ ၂၁ ရက် ​မြောက်ဥက္ကလာပ၊ခြောက်ကွေ့ဖြစ်စဥ်တွင် ရန်ကုန် UG များထားရစ်ခဲ့ရ​သောကား။ဓါတ်ပုံ-CJ)
(ဖေဖော်ဝါရီ ၂၁ ရက် ​မြောက်ဥက္ကလာပ၊ခြောက်ကွေ့ဖြစ်စဥ်တွင် ရန်ကုန် UG များထားရစ်ခဲ့ရ​သောကား။ဓါတ်ပုံ-CJ)

▪︎ဖြစ်စဥ်မှာ ပါဝင်နေသူတွေကို စစ်ဆေးမည်ဟု URFဆို

ယမန်နေ့က ရန်ကုန် UG အချို့ စစ်ကောင်စီတပ်၏ လိုက်လံဖမ်းဆီးခြင်းခံရသည်ဖြစ်စဥ်တွင် မြို့ပြစစ်ရေးလှုပ်ရှားမှုများအတွက် နည်းပညာနှင့် ပစ္စည်းအကူအညီပေးနေသော URF အဖွဲ့ပါဝင်နေသည်ဆိုသည့် စွပ်စွဲ ချက်ကို ၎င်းတို့အနေဖြင့် ပြန်လည်ရုတ်သိမ်းကြောင်း Myanmar Underground People Defense Force – MUPDF အဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၂၂)အသိပေးချက် ထုတ်ပြန်သည်။

စွပ်စွဲချက်အား ပြန်လည်ရုတ်သိမ်းလိုက်ခြင်းမှာ URF အဖွဲ့အနေဖြင့် MUPDF အဖွဲ့နှင့်သာမက အခြားသော UG အဖွဲ့များနှင့် လက်တွဲလုပ်ဆောင်ခဲ့သည့်ကာလတလျှောက် ယခုကဲ့သို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရသည့်ဖြစ်စဥ်မျိုး မရှိခဲ့ကြောင်း သက်သေပြနိုင်၍ဖြစ်ကြောင်း MUPDF က ဆိုသည်။

“URF ကခေါင်းဆောင်နဲ့ ကျွန်တော်နဲ့အကြေအလည်ဆွေးနွေးအပြီးမှာ အသွင်ယူဖမ်းတယ်လို့ တပ်အပ်စွတ်စွဲမရတဲ့ အကြောင်းခြင်းရာတွေကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ ကျွန်တော်တို့နှစ်ဖွဲ့ရဲ့ ဒီဖြစ်စဥ်အပေါ် သဘော တူညီချက်ကတော့ URF ဖက်ကလည်း သူတို့အနေနဲ့ ဒီဖြစ်စဥ်မှာပါဝင်တဲ့သူတို့အဖွဲ့သားတွေကို အသေးစိတ်ပြန်လည်စီစစ်ပေးပါ့မယ်လို့ ကတိပြုထားသလိုကျွန် တော်တို့အဖွဲ့အနေနဲ့လည်း ယခုလိုကတိပြုထားတဲ့အ တွက်ကြောင့် မနေ့​​ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖြစ်ခဲ့သမျှတွေမှာ URF ကအသွင်ယူပြီး ထောင်ဖမ်းခဲ့တယ်လို့ စွတ်စွဲချက်အပေါ်မှာ ပြန်လည်သုံးသပ်မှုတွေလုပ်ပြီး အချို့သောအချက်အလက်များကိုယနေ့မနက်ပိုင်းမှာ ထပ်မံသိရှိရ၍ အဆိုပါစွတ်စွဲချက်ကို ပြန်လည်ရုတ်သိမ်းပါတယ်”ဟု MUPDF အဖွဲ့တာဝန်ခံ ကိုစနေက ပြော သည်။

ဖေဖော်ဝါရီ ၂၁ ရက်(ယမန်နေ့)နေ့လယ် ၁ နာရီဝန်းကျင်က MUPDF တပ်ဖွဲ့ဝင်အချို့ URF ကကူညီပေးအပ်သည့် ဖောက်ခွဲရေးလုပ်ငန်းသုံးပစ္စည်းများ သွားရောက်ယူဆောင်ပြီးအပြန် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့အနီးအရောက်တွင် MUPDF တပ်ဖွဲ့ဝင်အချို့ စစ်ကောင်စီတပ်များ၏ လိုက်လံပစ်ခတ်ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးရန်စောင့်ဆိုင်းနေသော စစ်ကောင်စီတပ်များထဲတွင် အရပ်ဝတ်စစ်ကောင်စီတပ်သားများနှင့်အတူပါလာသည့် URF အဖွဲ့မှ တပ်ဖွဲ့ဝင်အချို့အား ကိုစနေအပါအဝင် UG ရဲဘော်အချို့က မျက်မြင်တွေ့ရှိခဲ့ရာ URF နှင့် MUPDF တို့ကြား အထင်အမြင်လွဲမှားပြီး URF အဖွဲ့တစ်လုံးကို ထောင်ဖမ်းသည်ဟု စွပ်စွဲသလိုဖြစ်ခဲ့ကြောင်း ကိုစနေက ရှင်းပြသည်။

“ရန်ကုန်ထဲမှာ အသွင်ယူနေတာပါပဲဆိုပြီးပြောလာတဲ့ကိစ္စကို စုံစမ်းစစ်ဆေးသွားမယ်။ ဒီနေ့ဖြစ်စဥ်ကို စုံစမ်းပြီးတာနဲ့ မိဘပြည်သူများကို အသိပေးရှင်းလင်းသွားမည်။ ဒီနေ့ MUPDF ဖြစ်စဥ်က အတော်စဥ်းစားရခက်တဲ့ကိစ္စဖြစ်သလို မိဘပြည်သူများကိုလည်း အချိန်နဲ့တပြေးညီတင်ပြသွားမည်”ဟု United Resistance Force – URF က အသိပေးထားသည်။

အထက်ပါ မြောက်ဥက္ကလာ ခြောက်ကွေ့အနီး MUPDF တပ်ဖွဲ့ဝင်များအား စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ခြင်းကြောင့် UG ရဲဘော်နှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ယာဥ်မောင်းဖြစ်သူအဖမ်းခံလိုက်ရပြီး UG များအသုံးပြုခဲ့သည့်ယာဥ်လည်း ဆုံးရှုံးခဲ့သည်။

Facebook

You May Also Like

သတင်း

ယနေ့(ဖေဖော်ဝါရီ ၂၁)နေ့လယ် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့မီးပွိုင့်အနီး ခဲရောင်ပရာဒို(Parado)ကားတစ်စီးအား စစ်ကောင်စီတပ်မှ အင်အား (၅၀)ခန့်ဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းလို၍ ပြည်သူနှင့်ပူးပေါင်းကာ သူနာပြုဆရာမအဖြစ်မှ CDM ပြုလုပ်ခဲ့သော မမေဇွန်မိုးသည် အုတ်ဖိုမြို့နယ်သူတစ်ဦးဖြစ်ပြီး ၎င်း၏အမျိုးသားမှာလည်း စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်းကို ခံထားရသည်။

သတင်း

ပစ်သတ်ခံရသူ ဟာ မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက်ရဲ့ ရာအိမ်မှူးဖြစ်သူ အသက် ၄၀ အရွယ် ဦးဇော်ဝင်းထွန်းဖြစ်ပါတယ်။

သတင်း

ဖမ်းဆီးခံရ‌သော တောင်သူ ငါးဦး ယနေ့အထိ လွှတ်ပေးခြင်း မရှိသေးကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။