Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၁၅ မိနစ်ကြာ စစ်တပ်နှင့် ကော်ဘရာစစ်ကြောင်းတို့တိုက်ပွဲ သေဆုံးမှု ထုတ်ပြန်

ကော်ဘရာစစ်ကြောင်းဘက်မှ တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

၁၅ မိနစ်ကြာ စစ်တပ်နှင့် ကော်ဘရာစစ်ကြောင်းတို့တိုက်ပွဲ သေဆုံးမှု ထုတ်ပြန်
၁၅ မိနစ်ကြာ စစ်တပ်နှင့် ကော်ဘရာစစ်ကြောင်းတို့တိုက်ပွဲ သေဆုံးမှု ထုတ်ပြန်

KNU တပ်မဟာ (၆) နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်းတို့ ယနေ့မွန်းလွဲပိုင်းအချိန်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

တပ်မဟာ(၆)နယ်မြေအတွင်းရှိ ဝေါ်လေ ဖလူး လမ်းပိုင်းတစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ (၅၈၅)တပ်ရင်း၊ စကခ(၁၃) ထုတ်နုတ်အဖွဲ့၏ ယာဉ်သုံးစီးသည် တပ်မဟာ(၆)နယ်မြေအတွင်းရှိ ကော်ဘရာစစ်ကြောင်း တာဝန်ယူထားသည့် ဖလူးဝေါ်လေလမ်းမကနေ ဖြတ်သန်းသွားရာ (၁၅)မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ယင်းတိုက်ပွဲ၌ စစ်တပ်ဘက်က ဗိုလ်မှူးတစ်ဦးနှင့် အခြားအဆင့်တစ်ဦး သေဆုံးခဲ့ကာ လေးဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ကားပေါ်ကနေ ပစ်ခတ်သဖြင့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်သော ပြည်သူတစ်ဦး ဦးခေါင်းဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ကော်ဘရာစစ်ကြောင်းဘက်မှ တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းတော့ မရှိသေးပေ။

Facebook

You May Also Like

သတင်း

စစ်ကောင်စီက ကားပေါ်မှ ရမ်းသမ်းပစ်ခတ်သဖြင့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ပြည်သူတစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ ကော်ဘရာစစ်ကြောင်းမှလည်း တစ်ဦးဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း ထပ်မံ အသိပေးထားသည်။

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂၁)နံနက် ၅ နာရီကျော်တွင် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄၊ တပ်စု ၃ မှ တော်လှန် ရေးရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း PDF တပ်ဖွဲ့များနှင့် နီးစပ်သည့်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

ဗီဒီယို

ငလျင်လှုပ်ခတ်ပြီးချိန်မှာတော့ ပြည်သူ အတော်များများဟာ အိမ်တွေထဲမှာ မနေရဲတော့ဘဲ လမ်းတွေပေါ်မှာ ထွက်နေကြပြီး ညအိပ်ခဲ့ကြရတယ်လို့လည်း မျက်မြင်တွေက ပြောကြားသွားပါတယ်။

သတင်း

ကလေးမြို့တွင်း စစ်ရေးအရှိန်မြင့်တက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ကောင်စီခန်းများနှင့် နေရာများ အနီးကို သွားလာခြင်းမပြုရန်နှင့် အဝေးမှရှောင်ရှားသွားကြရန် PDF(ကလေး)က တာဝန်ရှိသူကသတိ​ပေးထားသည်။