Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်အားအနည်းငယ်သာရှိသည့် KNLA တပ်စခန်းတစ်ခု စစ်ကောင်စီ ဝင်ရောက်စီးနင်း မီးရှို့

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သည့် KNLA တပ်ရင်း (၁၀၃) ဌာနချုပ်သည် ဗိုလ်ချုပ်နယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေအာမီ-KTLA ဌာနချုပ် ဥကရစ်ခီး စခန်းနှင့် ကိုက် ၁၀၀ကျော်သာ ဝေးသည်ဟု KICက ဖော်ပြထားသည်။

စစ်ကောင်စီတပ် စီးနင်းခဲ့သည့် စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - KIC
စစ်ကောင်စီတပ် စီးနင်းခဲ့သည့် စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - KIC

▪️တစ်ရက်အတွင်း KNLA ပူးပေါင်းတပ်ပြန်ဝိုင်းပြီး တပ်စခန်းနေရာပြန်ယူ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီး စခန်းရှိ အဆောက်အဦးများကို မီးရှို့သွားကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

“အဲဒီစခန်းလည်း သူတို့ တစ်ညပဲလာပြီးတော့ မနက် သူတို့ ပြန်သွားတာပဲ။ ဒီဘက်ကလည်း ပြန်ဝိုင်းပိတ်တာကိုး။ ပြန်ဝိုင်းပိတ်တော့ သူတို့လည်း မနေရဲဘူး” ဟု ၎င်းက ဆိုသည်။

ယင်းတပ်စခန်း၌ လူဦးရေ အနည်းငယ်သာ ရှိ၍ စစ်ကောင်စီတပ်နှင့် အပြန်အလှန် တိုက်ပွဲဆင်နွှဲခြင်းမပြုဘဲ ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် စီးနင်းခဲ့သည့် စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - KIC
စစ်ကောင်စီတပ် စီးနင်းခဲ့သည့် စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – KIC

“လူသုံးလေးယောက်ပဲ။ သူတို့က အယောက်များတာနဲ့ကျွန်တော်တို့ လူတွေက ကားတစ်စီးရှိတယ် ကားလည်း မယူသွားနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော် တို့က ပြန်လာပြီး ရှင်းတဲ့အခါ သူတို့လည်း မနေရဲဘူး။ သူတို့ကတော့ မီးရှို့ပြီး ပြန်ထွက်သွားတာ” ဟု KNUသ တင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

ကရင်သတင်းဌာန KIC၏ သတင်းဖော်ပြချက်တွင် တပ်မဟာ(၆)နယ်မြေ မြ၀တီတောင်ပိုင်းရှိ KNLA တပ်ရင်း(၁၀၃) ဌာနချုပ်နေရာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ရက် မွန်းလွဲပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်စီးနင်းခြင်းဖြစ် ကြောင်း၊ ယင်းစခန်းကို ပူးပေါင်းတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်ရာ ယနေ့ (ဖေဖော်ဝါရီ ၂၂ရက်) နေ့လည်ပိုင်း၌ စခန်းနေရာကို ပြန်လည်ရရှိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ တပ်မှူးတစ်ဦးကို ကိုးကား ဖော်ပြသည်။

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သည့် KNLA တပ်ရင်း (၁၀၃) ဌာနချုပ်သည် ဗိုလ်ချုပ်နယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေအာမီ-KTLA ဌာနချုပ် ဥကရစ်ခီး စခန်းနှင့် ကိုက် ၁၀၀ကျော်သာ ဝေးသည်ဟု KICက ဖော်ပြထားသည်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီက ကားပေါ်မှ ရမ်းသမ်းပစ်ခတ်သဖြင့် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ပြည်သူတစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ ကော်ဘရာစစ်ကြောင်းမှလည်း တစ်ဦးဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း ထပ်မံ အသိပေးထားသည်။

သတင်း

သေဆုံးသူနှစ်ဦးမှာဖေဖော်ဝါရီ ၁၉ရက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီးသုံးရက်အကြာယ​နေ့(ဖေဖော်ဝါရီလ ၂၂ရက်)နံနက်တွင်မှ ရုပ်အလောင်းကို တွေ့ရှိရခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီက ညနေ ၃နာရီခန့်အထိ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

သတင်း

ဖေ​ဖော်ဝါရီ ၂၂ ရက်တွင်ပြင်ပပေါက်ဈေးကွက်တွင်အခေါက်ရွှေတစ်ကျပ်သား ၂,၈၆၀,၀၀၀ပေါက်ဈေးရှိ​သော်လည်းစစ်​ကောင်စီကာ၂,၇၉,၀၀၀ကျပ်ဖြင့်​ရောင်းချရန်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။