Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ အုပ်ချုပ်ရေးမှူးနဲ့ပျုစောထီးပစ်သတ်ခံရတဲ့ နေရာတွေကို ညပိုင်း ပိတ်ဆို့စစ်ဆေး

မနေ့က ညပိုင်းလည်း မန္တလေးတောင်အရှေ့ဘက်ခြမ်းရှိ မဲကင်းကုန်း၊ ကုန်းတန်းကျေးရွာတွေမှာ ရွာအဝင်အထွက် ကိုစစ်ကောင်စီတပ်က စစ်ဆေးခဲ့တယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။

အာဏာသိမ်းစ အစောပိုင်းကာလတွေမှာတွေ့ရတဲ့ စစ်ကောင်စီတပ်
အာဏာသိမ်းစ အစောပိုင်းကာလတွေမှာတွေ့ရတဲ့ စစ်ကောင်စီတပ်

မန္တလေးမှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီလက်ဝေခံ ပျုစောထီးတို့ ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွားတဲ့ ရပ်ကွက်တွေကို စစ်ကောင်စီတပ်က ညပိုင်းမှာ ဝင်ရောက်စစ်ဆေးရှာဖွေတာတွေလုပ်နေတယ်လို့ဒေသခံအချို့ကပြောပြပါတယ်။

ဖေဖော်ဝါရီလအတွင်း မန္တလေးမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၂ ဦး ၊ ရာအိမ်မှူး ၁ ဦးနဲ့ ပျုစောထီးတပ်ဖွဲ့ ၁ ဦး တို့ ပုသိမ်ကြီး ၊ ပြည်ကြီးတံခွန်နဲ့ ချမ်းမြသာစည်မြို့နယ်တွေထဲ ပစ်သတ်ခံထားရတာပါ။

အဲဒီမြို့နယ်တွေက အခင်းဖြစ်ပွားခဲ့တဲ့ ရပ်ကွက်တွေကို ပြီးခဲ့တဲ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်တာ ၊ မွှေနှောက်တာတွေရှိခဲ့ပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ဆင်ရွာကြီးအုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီးပျုစောထီးတပ်ဖွဲ့ဝင် လည်းသေဆုံးသွားတဲ့ ဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဟာ ဆင်ရွာကြီး အပါအဝင် အနီးတဝိုက် ရွာတွေကို ပိတ်ဆို့ စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ဆင်ရွာကြီးရွာခံတစ်ဦးကပြောပါတယ်။

မနေ့က ညပိုင်းလည်း မန္တလေးတောင်အရှေ့ဘက်ခြမ်းရှိ မဲကင်းကုန်း၊ ကုန်းတန်းကျေးရွာတွေမှာ ရွာအဝင်အထွက် ကိုစစ်ကောင်စီတပ်က စစ်ဆေးခဲ့တယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။

(ဓာတ်ပုံ − AP)

You May Also Like

သတင်း

သေဆုံးသွားသူ ဓာတ်ပုံသမားဟာ အသက် ၅၂ နှစ်အရွယ် ကိုအောင်ဝင်းထွဋ် ခေါ် ကိုအောင် ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်က ဖမ်းခံရတာပါ။

သတင်း

သေဆုံးသွားတဲ့ ပျုစောထီးတပ်ဖွဲ့ဝင်ထံက နေ စစ်ကောင်စီတပ်ဆင်ပေးထားတဲ့ ကာဘိုင်သေနတ်ကိုသိမ်းဆည်းရမိတယ်လို့ မြနန္ဒာ စစ်ဆင်ရေးက ဆိုပါတယ်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ၂၁ ရက်) နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဝင်းစိုးဆိုသူအား ၎င်း၏ ယာခင်းတွင် ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ကြောင်း Natogyi Regional Defence Force က သတင်းထုတ်ပြန်သည်။

သတင်း

ပစ်သတ်ခံရသူ ဟာ မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက်ရဲ့ ရာအိမ်မှူးဖြစ်သူ အသက် ၄၀ အရွယ် ဦးဇော်ဝင်းထွန်းဖြစ်ပါတယ်။