Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ယမန်နေ့ (ဖေဖော်ဝါရီ၂၁ ရက်) နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဝင်းစိုးဆိုသူအား ၎င်း၏ ယာခင်းတွင် ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ကြောင်း Natogyi Regional Defence Force က သတင်းထုတ်ပြန်သည်။

Natogyi Regional Defence Forceမှ ရဲဘော် များအား တွေ့ရစဉ်၊ ဓာတ်ပုံ-NRDF
Natogyi Regional Defence Forceမှ ရဲဘော် များအား တွေ့ရစဉ်၊ ဓာတ်ပုံ-NRDF

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် သားဖြစ်သူ စစ်ကောင်စီ​၏ စစ်ဗိုလ် အရှိန်အဝါကိုသုံး၍ ကျေးရွာအား စစ်တပ်ခေါ်ကာ ဖိနှိပ်ခြိမ်းခြောက်ခဲ့သူ ပျူစောထီးခေါင်းဆောင်တစ်ဦးအား Natogyi Regional Defence Forceက ရှင်းလင်းခဲ့သည်။

ယမန်နေ့ (ဖေဖော်ဝါရီ၂၁ ရက်) နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဝင်းစိုးဆိုသူအား ၎င်း၏ ယာခင်းတွင် ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ကြောင်း Natogyi Regional Defence Force က သတင်းထုတ်ပြန်သည်။

ပျူခေါင်းဆောင်ထံမှ လက်ပစ်ဗုံးတစ်လုံး၊ ဂျင်ကလိခေါ် သံချွန်လက်နက်များနှင့် လက်ကိုင်ဖုန်းတို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ ပျူခေါင်းဆောင်မှာ သားဖြစ်သူ ဗိုလ်ကြီး၏ အရှိန်အဝါယူ၍ရွာ၌ စစ်ကောင်စီတပ်ခေါ်ကာ ကျေးရွာလူထုအပေါ် ဖိနှိပ်ခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်​ခြင်းများ ပြုလုပ်နေသူဖြစ်ကြောင်း Natogyi Regional Defence Force ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လန်ဒန်က ပြောကြားသည်။

“နေရာတင် ပွဲချင်းပြီးတယ်။ သူယာခင်းထွက်တဲ့အချိန်နဲ့ တိုးတာပါ။ သူ့သားကတပ်ထဲမှာ ဗိုလ်အဆင့်ပဲဗျ။ သူ့သားအရှိန်အဝါသုံးပြီး ကျေးရွာ လူထုအပေါ် ဖိနှိပ်နေတာ။ လက်နက်အားကိုးနဲ့လည်း ခြိမ်းခြောက်တာတွေ ရှိတယ်။ စစ်ကြောင်းထိုးရင်လည်း ဒီကောင်ကပဲ ဦးဆောင် ခေါ်တာ။”ဟု NRDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မြင်းခြံမြို့နယ်တွင် ပျူအဖွဲ့များ သောင်းကျန်းလျက်ရှိပြီး ဖေဖော်ဝါရီ၂ဝ ရက် ညကလည်း လယ်သစ်ကျေးရွာရှိ NLDပါတီ ခရိုင်နာယက ဦးလှမြင့်၏ နေအိမ်မှ ထယ်ခုံ(၃)ခုံကို ပျူများက သယ်ဆောင်သွားကြောင်း၊ ဇွန်လအစောပိုင်းကလည်း ထွန်စက် နှစ်စီးကို ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Facebook

You May Also Like

သတင်း

တိုက်ပွဲချိန် ၅မိနစ်ခန့်အကြာတွင် စစ်ကောင်စီဘက်မှ အသင့်စောင့်နေသော စစ်ကူများရောက်လာပြီး ခန့်မှန်းအင်အား ၈၀ကျော်အထိများလာခဲ့သည်ဟု ပြည်သူ့စွမ်းအားတပ်ပေါင်းစု - PPCက ထုတ်ပြန်သည်။

သတင်း

ဆေးခန်းအတွင်းရှိနေစဉ်အတွင်း ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင် ဆိုင်ကယ် ၂စီးနဲ့ ရောက်လာတဲ့ လူ၅ဦးကဝင်ရောက်ပစ်ခတ်သွားတာပါ။

သတင်း

ယင်းပစ်ခတ်မှုကြောင့် ကြီးမြင့်သည် သေနတ်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး သာယာဝတီဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၁၅ရက်တွင် စိုးရိမ်ရလူနာအဖြစ် ပို့ဆောင်လိုက်ရကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။

သတင်း

ပြည်သူများအား ဒုက္ခ‌ ပေးနေသော စစ်ကောင်စီတ​ပ်နှင့်ပျူများအား နည်းလမ်းအမျိုးမျိုးဖြင့်နှိမ်နင်းသုတ်သင်သွားမည်ဖြစ်ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့က သတိပေးသည်။