Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ ၂ ရက်အတွင်း စစ်ကောင်စီနဲ့ဆက်နွယ်တဲ့နေရာ ၄ ခုထက်မနည်း တိုက်ခိုက်ခံရ

သေဆုံးသွားတဲ့ ပျုစောထီးတပ်ဖွဲ့ဝင်ထံက နေ စစ်ကောင်စီတပ်ဆင်ပေးထားတဲ့ ကာဘိုင်သေနတ်ကိုသိမ်းဆည်းရမိတယ်လို့ မြနန္ဒာ စစ်ဆင်ရေးက ဆိုပါတယ်။

မန္တလေးမှာ ၂ ရက်အတွင်း စစ်ကောင်စီနဲ့ဆက်နွယ်တဲ့နေရာ ၄ ခုထက်မနည်း တိုက်ခိုက်ခံရ
မန္တလေးမှာ ၂ ရက်အတွင်း စစ်ကောင်စီနဲ့ဆက်နွယ်တဲ့နေရာ ၄ ခုထက်မနည်း တိုက်ခိုက်ခံရ

မန္တလေးမြို့မှာ ၂ ရက်အတွင်း စစ်ကောင်စီ နဲ့ဆက်နွယ်တဲ့ နေရာ ၄ ခုထက်မနည်း တိုက်ခိုက်ခံလိုက်ရပြီး စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားတဲ့ ပျုစောထီးအဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရပါတယ်။

တိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီလ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာဖြစ်ပွားတာပါ။

မန္တလေးတိုင်းလွှတ်တော်ရှေ့က လုံခြုံရေးဘန်ကာ ၊ မန္တလေးခရိုင်တရားရုံး ၊ ပုသိမ်ကြီးမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးရုံး နဲ့ ချမ်းမြသာစည်မြို့နယ်ထဲက အခွန်ရုံး တို့ တိုက်ခိုက်ခံရတာပါ။

တိုင်းလွှတ်တော် ရုံးရှေ့ ဘန်ကာကို အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတာဖြစ်သလို စစ်ကောင်စီဘက်က လည်းပြန်လည်ပစ်ခတ်ခဲ့တယ်လို့ မြနန္ဒာ စစ်ဆင်ရေးက တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအများသိအောင် ထုတ်ပြန်ပါတယ်။

ဌာနဆိုင်ရာ ရုံး ၂ ရုံးဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ်က အခွန်ရုံးကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့ပြီး ခရိုင်တရားရုံးကိုတော့ အသံဗုံးနဲ့ပဲ သတိပေးခဲ့တယ်လို့ ဆိုထားပါတယ်။

ပုသိမ်ကြီးမြို့နယ် ရွှေကျင်ဂိတ်အထွက်ရှိ ဆင်ရွာကြီးကျေးရွာအုပ်ချုပ်ရေးမှူး ရုံးကို ၄၀ မမ ဗုံးသီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ပျုစောထီး တစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

သေဆုံးသွားတဲ့ ပျုစောထီးတပ်ဖွဲ့ဝင်ထံက နေ စစ်ကောင်စီတပ်ဆင်ပေးထားတဲ့ ကာဘိုင်သေနတ်ကိုသိမ်းဆည်းရမိတယ်လို့ မြနန္ဒာ စစ်ဆင်ရေးက ဆိုပါတယ်။

Facebook

You May Also Like

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂၁)နံနက် ၅ နာရီကျော်တွင် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄၊ တပ်စု ၃ မှ တော်လှန် ရေးရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း PDF တပ်ဖွဲ့များနှင့် နီးစပ်သည့်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

သတင်း

ဖေဖော်ဝါရီ ၁၉ ရက်က ရှမ်း-ကရင်နီ နယ်စပ်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ငါးဦးဖမ်းဆီးရမိပြီး ခြောက်ဦးသေဆုံးကြောင်းနှင့်အတူ လက်နက်မျိုးစုံ(၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ ကို ကရင်နီတပ်မတော် KAက သိမ်းဆည်းရရှိခဲ့သည်။

သတင်း

အဆိုပါတိုက်ပွဲအတွင်း ကဒဲကျေးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရာ ပြစ်ချက် အမျိုးမျိုးဖြင့် ထိန်းသိမ်းထားသော စစ်ကောင်စီထောက်တိုင်များအား စစ်တပ်ကတွေ့ရှိသွားပြီး ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခဲ့သည်။

သတင်း

ဖေဖော်ဝါရီ ၁၉ရက် နံနက်ပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ လုပ်ငန်းရှင် ၁ဝ ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက် (၅၀)အရွယ် ဦးကျော်မိုးမှာ ညနေပိုင်းတွင် စစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။