Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စီးနင်းခံရသည့် KNLAတပ်ရင်းဌာနချုပ် ဒရုန်းတိုက်ခိုက်မှုများဖြင့်ပြန်ယူနိုင်ခဲ့ဟု အသိပေး

ဝေါလေဗျူဟာကုန်းမှတစ်ဆင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်အင်အား ၅၀ခန့်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

KNDO တပ်ရင်း (၈) တပ်ရင်းမှူး ဗိုလ်မှူးကြီးစောအယ်မြထူးနှင့် Federal Wings တပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ - Federal Wings
KNDO တပ်ရင်း (၈) တပ်ရင်းမှူး ဗိုလ်မှူးကြီးစောအယ်မြထူးနှင့် Federal Wings တပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ - Federal Wings

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သည့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၁၀၃) တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် Federal Wings ဒရုန်းတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန် သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၆)နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း (၁၀၃)ဌာနချုပ်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဝေါလေဗျူဟာကုန်းမှတစ်ဆင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်အင်အား ၅၀ခန့်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

စီးနင်းခံရသည့်စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)လုံခြုံရေးတပ်ရင်း(၈) တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက်မပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက် နေ့လည် ၁၂နာရီခန့်တွင် ပြန်လည်တိုက်ယူနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါတပ်ရင်းဌာနချုပ်၌ အစောင့်စစ်သည်အချို့သာရှိနေစဉ် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းလာ၍ ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ တပ်စခန်းနေရာကို ပူးပေါင်းတပ်ဖွဲ့က ပြန်လည်ဝိုင်းတိုက်စဉ် စစ်ကောင်စီတပ်များ မနေရဲဘဲ ပြန်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက ပြောကြားထားသည်။

တိုက်ပွဲ၌ KNLA နှင့် ပူးပေါင်းတပ်ဘက်က ကျဆုံးမှုမရှိကြောင်း KNUသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးရှိမရှိကိုလည်း မသိရသေးပေ။

You May Also Like

သတင်း

KTLA တပ်သည် KNU တပ်မဟာ(၆)နယ်မြေတွင်လည်း လှုပ်ရှားမှုရှိသော်လည်း တပ်မဟာ(၄) နယ်မြေ၌ သာ တိုက်ပွဲဖြစ်ပွားမှုရှိသည်။

သတင်း

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သည့် KNLA တပ်ရင်း (၁၀၃) ဌာနချုပ်သည် ဗိုလ်ချုပ်နယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေအာမီ-KTLA ဌာနချုပ် ဥကရစ်ခီး စခန်းနှင့် ကိုက် ၁၀၀ကျော်သာ ဝေးသည်ဟု KICက ဖော်ပြထားသည်။

သတင်း

ယနေ့ ကာလသည် စစ်အစိုးရကို ပြည်သူတစ်ရပ်လုံးမှ တော်လှန်တိုက်ပွဲဝင်နေကြခြင်းဖြစ်၍ ကရင်တပ်ဖွဲ့များအကြား အချင်းချင်း တိုက်ခိုက်နေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ယင်းသို့ ဖြစ်နေခြင်းအပေါ် အထူးစိတ်မချမ်းမြေ ဖြစ်ရကြောင်း IKOက ဆိုသည်။

သတင်း

KTLAနှင့် KNLA ဘက်မှ အမြင့်ဆုံး တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် တွေ့ဆုံဆွေးနွေးမည့် နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် အလေးထားတိုက်တွန်းကြောင်း လည်းရ၎ဖော်ပြထားသည်။