Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆီမီးခုံရဲစခန်း ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးဟုဆို

‌‌ဖေဖော်ဝါရီ ၈ရက်ကလည်း ဆီမီးခုံဆိပ်ကမ်းရှိ စစ်သင်္ဘောအား မြင်းခြံခရိုင်တပ်ရင်း (၁၊၃၊၄)တို့က လက်နက်ကြီးဖြင့်ပစ်ခဲ့ရာ စစ်သင်္ဘော ဝမ်းဗိုက်ပေါက်ရေဝင်ပြီးနောက် ကုန်းပေါ်တင်နေခဲ့ကြောင်း Scorpions People Defense Forceက ထုတ်ပြန်သည်။

ဆီမီးခုံရဲစခန်း ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးဟုဆို
ဆီမီးခုံရဲစခန်း ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးဟုဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဆီမီးခုံရဲစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့၏ အရက်ဝိုင်းကိုထိမှန်ပြီး လေးဦးသေဆုံးကြောင်း မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) တပ်ခွဲ – ၃ Scorpions People Defense Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၂၂ ရက် ည ၉နာရီခန့်က ဆီမီးခုံရဲစခန်းအား မြင်းခြံခရိုင်တပ်ရင်း (၃၊၁နှင့် (၄)တို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်မှတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အရက်ဝိုင်းကို တည့်တည့်ထိမှန်‌၍ လေးဦးသေဆုံးခဲ့ကြောင်း Scorpions People Defense Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်​၏ ဆီမီးခုံဆိပ်ကမ်းမှ ထပ်မံရောက်ရှိလာသော စစ်သင်္ဘောတစ်စီးမှ ပွိုင့်ဖိုက်လက်နက်ကြီးဖြင့်ပြန်လည် ပစ်ခတ်သော်လည်း PDFများ ဘေးကင်းခဲ့သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

“အချိန်ကတော့ သိပ်မကြာခဲ့ပါဘူးဗျ။ သင်္ဘောပေါ်က ပွိုင့်ဖိုက်နဲ့ပစ်လို့ ပြန်ဆုတ်လာရတယ်”ဟု ၎င်းက ပြောသည်။

‌‌ဖေဖော်ဝါရီ ၈ရက်ကလည်း ဆီမီးခုံဆိပ်ကမ်းရှိ စစ်သင်္ဘောအား မြင်းခြံခရိုင်တပ်ရင်း (၁၊၃၊၄)တို့က လက်နက်ကြီးဖြင့်ပစ်ခဲ့ရာ စစ်သင်္ဘော ဝမ်းဗိုက်ပေါက်ရေဝင်ပြီးနောက် ကုန်းပေါ်တင်နေခဲ့ကြောင်း Scorpions People Defense Forceက ထုတ်ပြန်သည်။

ဆီမီးခုံနယ်၌ တပ်စွဲထားသော စစ်ကောင်စီတပ် များသည် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာဒေသများဖြစ်သော မကွေးတိုင်းရေစကြိုမြို့နယ်ကျွန်းပေါ်ကျေးရွာများနှင့် စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ ကျေးရွာများသို့ပါ စစ်ကြောင်းထိုးဖျက်ဆီးရာတွင် ပါဝင်လေ့ရှိသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ် ခလရ(၂၇၄) အနေဖြင့်ယခင်ကလည်း မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုဖြစ်ပေါ်ခဲ့သည်။

သတင်း

မန္တလေးတိုင်းမြောက်ခြမ်းတွင်လည်း သပိတ်ကျင်းမြို့နယ်ရှိ ပုဏ္ဏားကြီးရွာပျူစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးသီး၈လုံးချတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဘုရားသုံးဆူရဲစခန်းဝန်းမှာ ဒီနေ့မနက်ပိုင်း မြန်မာစံတော်ချိန် ၆ နာရီခန့်က ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေကဆိုပါတယ်။

သတင်း

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)တပ်ရင်း - ၂၊ တပ်ရင်း ၃၊ တပ်ရင်း - ၄ တို့၏ တပ်ရင်းတပ်ဖွဲ့တပ်ခွဲများ ထိုးစစ်တိုက်နေ၍ အရေးပေါ်လက်နက်ခဲယမ်းများလိုအပ်နေကြောင်း Chindwin Attack Force က အသိပေးသည်။