Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ် ခလရ(၂၇၄)တပ် လက်နက်ကြီးပစ်ခတ်၍ မိသားစုဝင် သုံးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ခလရ(၂၇၄) အနေဖြင့်ယခင်ကလည်း မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုဖြစ်ပေါ်ခဲ့သည်။

(လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့​သော ခလရ(၂၇၄)တပ်အား ဝေဟင်မှမြင်တွေ့ရစဉ်။ဓာတ်ပုံ - HKL MINDAT)
(လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့​သော ခလရ(၂၇၄)တပ်အား ဝေဟင်မှမြင်တွေ့ရစဉ်။ဓာတ်ပုံ - HKL MINDAT)

▪️စစ်ရှောင်ကူညီရေးလုပ်နေသည့် CDF ရဲဘော် တစ်ဦးလည်း ကျဆုံး

ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ​၏ ခလရ(၂၇၄)တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျေးရွာတစ်ရွာမှ မိသားစုဝင် ငါးဦးလုံးထိမှန်ခဲ့ပြီး သုံးဦးအသက်ဆုံးရှုံးခဲ့ရကြောင်း မင်းတပ်ဒေသ သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၂၅ရက်တွင် မင်းတပ်မြို့နယ် အမ်လောင်းဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့က မင်းတပ် ခလရ(၂၇၄)က ရွာတစ်ရွာကို လက်နက်ကြီးနဲ့ ပစ်တယ်။ ပစ်တဲ့အချိန်မှာ စစ်ဘေးရှောင်စာရင်း ကောက်နေတဲ့ စစ်ဘေးရှောင်ဒုက္ခည် ကူညီနေတဲ့ တစ်ယောက်ရယ် မိသားစုတစ်ခုရယ်ပေါ့။ မိသားစု ငါးယောက်မှာ သုံးယောက်ကဆုံး၊ နှစ်ယောက်က ဒဏ်ရာရတယ်။ စစ်ဘေးရှောင် စာရင်းကောက်နေတဲ့တစ်ယောက်လည်း ဆုံးသွားတာပေါ့။ဒါက တိုက်ပွဲဖြစ်ခြင်း မရှိဘဲ အပြစ်မဲ့ ပြည်သူတွေကိုဒီလိုလုပ်တာတော့ရှိတယ်”ဟု မင်းတပ်ဒေသ သတင်းရင်းမြစ်က ပြောသည်။

လက်နက်ကြီးထိမှန်၍ အသက်ဆုံးရှုံးခဲ့ရသူများအနက် စစ်ရှောင်စာရင်းကောက်နေသည့် ဆလိုင်း ဘီလီအောင်ထန်းသည် မင်းတပ်ချင်းကာကွယ် ရေးတပ်(CDF) တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းသည် ဒေသတွင်း စစ်ရှောင်အရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများကိုပါ ကူညီဆောင်ရွက်ပေးနေသူဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် ခလရ(၂၇၄) အနေဖြင့်ယခင်ကလည်း မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုဖြစ်ပေါ်ခဲ့သည်။

You May Also Like

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂၅ရက်) နံနက်ကတမူးမြို့ စော်ဘွား ၁၂ (ခ)ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

‌‌ဖေဖော်ဝါရီ ၈ရက်ကလည်း ဆီမီးခုံဆိပ်ကမ်းရှိ စစ်သင်္ဘောအား မြင်းခြံခရိုင်တပ်ရင်း (၁၊၃၊၄)တို့က လက်နက်ကြီးဖြင့်ပစ်ခဲ့ရာ စစ်သင်္ဘော ဝမ်းဗိုက်ပေါက်ရေဝင်ပြီးနောက် ကုန်းပေါ်တင်နေခဲ့ကြောင်း Scorpions People Defense Forceက ထုတ်ပြန်သည်။

သတင်း

မဇွမ်ယန်ရွာထဲကို ဒီနေ့ကမနက်ပိုင်း ၈ နာရီခွဲခန့်က လက်နက်ကြီးကျည်ကျတာဖြစ်တယ်လို့ လုံးခင်းဒေသခံတစ်ဦးကပြောပါတယ်။

သတင်း

ယနေ့(ဖေဖော်ဝါရီ ၂၃)ညနေ ၃ နာရီ ၄၀ ခန့်က ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာအတွင်း ရောက်ရှိနေသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေကျင်မြို့နယ်ဘက်အခြမ်းမှ ညောင်ပင်ကြီး ရွာသစ်ရှိ ဆန်စက်တစ်လုံးနှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။