Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတိုင်း မြို့နယ်သုံးခုရှိ ရဲစခန်း၊ ပျူစခန်းနှင့် စစ်ကောင်စီယာဥ်များအား တိုက်ခိုက်

မန္တလေးတိုင်းမြောက်ခြမ်းတွင်လည်း သပိတ်ကျင်းမြို့နယ်ရှိ ပုဏ္ဏားကြီးရွာပျူစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးသီး၈လုံးချတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(မကွေးတိုင်း အထက်မင်းလှမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒသူများအား စောင့်ကြည့်နေသော စစ်ကောင်စီတပ်သား နှစ်ဦးအား ၂၀၂၁ ဖေဖော်ဝါရီအတွင်းက တွေ့ရစဉ်၊ဓာတ်ပုံ-CJ)
(မကွေးတိုင်း အထက်မင်းလှမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒသူများအား စောင့်ကြည့်နေသော စစ်ကောင်စီတပ်သား နှစ်ဦးအား ၂၀၂၁ ဖေဖော်ဝါရီအတွင်းက တွေ့ရစဉ်၊ဓာတ်ပုံ-CJ)

▪️မကွေးတိုင်း မြိုင်မြို့ စစ်ဆေးရေးဂိတ်နှင့် ကင်းလှည့်စစ်အုပ်စုကိုလည်း ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံ၊ စဉ့်ကိုင်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် စစ်ကောင်စီယာဥ်တန်း၊ ရဲစခန်းနှင့် ပျူစောထီးစခန်းများအား တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်း PDFများက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ၂၅ ရက်) ညနေ ၃နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ မြင်းခြံမြို့သို့ အိမ်စီးကား လေးစီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်အား နဘူးအိုင်-မြင်းခြံလမ်းပိုင်းတွင် ပဒေသာမိုင်း(၈)လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် သည်။

ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီခွဲခန့်ကလည်း ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ မြလိပ် တောင် ကြာကန်အနီးတွင် ကင်းလှည့်ရန် ထွတ်လာသော အင်အား ၂၀ ခန့်ပါ စစ်ကားတစ်စီးအား ပဒေသာမိုင်းအလုံးကြီးလေးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒုဌဝတီတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးကို မဟာမိတ်တပ်ဖွဲ့များဖြစ်သောကျောက်ဆည်နဂါးနီပြည်သူ့ကာကွယ်ရေးတပ်၊မတ္တရာ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်၊အမရ စစ်သည်တော်ကာကွယ်ရေးတပ်၊City Hunterပြည်သူ့ကာကွယ်ရေးတပ်၊မတ္တရာ နဂါးနီပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အထက်ပါစစ်ဆင်ရေးများနှင့်ပတ်သက်၍ ဒေသတွင်းPDFများထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မန္တလေးတိုင်းမြောက်ခြမ်းတွင်လည်း သပိတ်ကျင်းမြို့နယ်ရှိ ပုဏ္ဏားကြီးရွာပျူစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးသီး၈လုံးချတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အလားတူ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ခန့်တွင်လည်း သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းအား ဒုတိယအကြိမ် ဒရုန်းသုံးစီးဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ဒရုန်းတစ်စီးဆုံးရှုံးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီ၂၁ ရက်နေ့နှင့် ၂၂ ရက်များကလည်း မန္တလေးတိုင်း၊စဉ့်ကူးနှင့် မတ္တရာမြို့နယ်တို့တွင် နွယ်ရုံရဲစခန်းနှင့် စစ်အုပ်စုတပ်စွဲရာ ပိုဝတောင်ရွာစခန်းတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအုပ်စုဝင် ခြောက်ဦးသေဆုံးကြောင်း ဒေသတွင်း PDF အဖွဲ့များက ထုတ်ပြန်ထားသည်။

ထို့အပြင် မကွေးတိုင်း၊ မြိုင်မြို့အနောက်ဘက် စစ်ဆေးရေးဂိတ်နှင့် ကင်းစောင့်ရန်လာသည့် စစ်ကောင်စီတပ်များကို မိုင်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ၂၅ ရက်)နံနက် ၇ နာရီ မိနစ် ၂၀ ခန့်က မြိုင်မြို့အနောက်ဘက်တစ်ဖာလုံကျော် ခန့်အကွာတွင် ကင်းစောင့်ရန်လာသည့် စစ်ကောင်စီတပ်သား လေးဦးနှင့် ပျူတစ်ဦးကို မြိုင်(ပကဖ) တပ်ခွဲ – ၄က မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖခေါင်းဆောင်ကိုလယျာ်က ပြောသည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးနေရာတွင်လဲကျသွားပြီး နှစ်ဦးမှာ မြို့ထဲသို့ ထွက်‌ပြေးသွားခဲ့သည်ဟု မြိုင်(ပကဖ)က ဆိုသည်။

ထိခိုက်သွားသူသုံးဦးမှာ ပြင်းထန်ဒဏ်ရာရပြီးသေဆုံးသည်ဟု သတင်းထွက်နေပြီး လာရောက်သယ်ဆောင်စဉ် သွေးအိုင်များအား မန်ကျည်းရွက်များဖြင့်ဖုံးသွားခဲ့ကြောင်း ပကဖအဖွဲ့က ပြောသည်။

“မြိုင်မြို့ထဲက ခြေလျင်ထွက်လာတာ။ ထိသွားတဲ့သူတွေက အခြေအနေဆိုးတယ်လို့ကြားတယ်။ မြိုင် အထက(၂)ကျောင်းထဲ ဆေးကုနေတယ်။”ဟု မြိုင်(ပကဖ)ခေါင်းဆောင်ကိုလယျာ်က ပြောသည်။

လာသယ်သည့်စစ်အုပ်စုသည် မိုင်းထိရာအနီးမှ မန်ကျ​ည်းသီးအား ဝါးလုံးဖြင့်ပုတ်နေသည်ကိုပင် သေနက်ဖြင့် ပစ်ခတ်သည်ဟုထင်၍ စက်လက်များဖြင့် တရဆက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင်ယမန်နေ့ကပင် နံနက် ၁၀ နာရီခန့်မှစတင်ကာ မြိုင်မြို့အနောက်ဂိတ်(ကိုးဆောင်ဂိတ်)အား လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ၁နာရီကြာသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Defence Force မိုက်ခဲ(M.Y.G)အဖွဲ့မှ ရဲဘော်မိုက်ကန်းက​ပြောသည်။

“ကျွန်တော်တို့အဖွဲ့တွေခွဲပြီး မြို့အနောက်ဂိိတ်ကိုတစ်လုံးပြီးမှတစ်လုံး စိမ်ပြီးပစ်တာပါ။ တစ်နာရီလောက်ကြာတယ်။ စုစုပေါင်းအလုံးငါးဆယ်ကျော်တယ်။”ဟု ရဲ​ဘော်မိုက်ကန်းက People’s Spring သတင်းဌာနသို့ပြောသည်။

စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေကို စုံစမ်းနေပြီး ရဲဘော်များအထိအခိုက်မရှိကြောင်း၊ ထိုစစ်ဆင်ရေးကို People’s Defence Force မိုက်ခဲ (M.Y.G)အဖွဲ့က ဦးဆောင်၍ ဒေသခံကာကွယ်ရေးအဖွဲ့များ၊ တိုက်ခိုက်ရေးအဖွဲ့များ၊မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့ကပင် နံနက် ၁၁နာရီခန့်က စစ်ကောင်စီတပ်သည် မြိုင်မြို့နယ် အနောက်ဘက်(၁၃)မိုင်အကွာ ဗဟင်းကျေးရွာအနီးရှိ မန်ကျည်းကန်ကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ရေးသုံး Mi-35 ရဟတ်ယာဥ် တစ်စီးဖြင့် ပစ်ခတ်ခဲ့ရာ နွားတစ်ကောင်သေဆုံးပြီး တစ်ကောင် ထိခိုက်ဒဏ်ရာရကာ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

You May Also Like

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂၅ရက်) နံနက်ကတမူးမြို့ စော်ဘွား ၁၂ (ခ)ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲပိုင်းက နယ်စပ်ရှိ စစ်ကောင်စီတပ်၏ ကျားပါးစပ်ကြီး တပ်စခန်းကို ကရင်နီတပ်မတော်အမှတ်(၂)တပ်ရင်း ကွန်မန်ဒိုတပ်ဖွဲ့နှင့် Drone တပ်ဖွဲ့ တို့မှ Drone ဖြင့်စေလွှတ်၍ ဗုံးသီး(၈)လုံး ပစ်ချတိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့သည်ဟုဆိုသည်။

သတင်း

အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၂၀ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဖေ‌ဖော်ဝါရီ ၂၃ရက် တွင် ပြန်လည်ဆုတ်ခွာသွားခြင်းဟု အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ပစ်သတ်ခံရသူဟာ မြစ်ငယ်အမှတ် (၆) ရဲထားရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းမင်းသန့်ဆိုသူဖြစ်ပြီး အမ အိမ် ဆီ အလည်လာချိန် သတ်ခံရတာလို့ ဒေသခံအချို့က ပြောပြပါတယ်။