Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်၏ ဗျူဟာ​မြောက်နယ်စပ် တပ်စခန်းကို ကရင်နီတပ်ဒရုန်းဖြင့်တိုက်ခိုက်

ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲပိုင်းက နယ်စပ်ရှိ စစ်ကောင်စီတပ်၏ ကျားပါးစပ်ကြီး တပ်စခန်းကို ကရင်နီတပ်မတော်အမှတ်(၂)တပ်ရင်း ကွန်မန်ဒိုတပ်ဖွဲ့နှင့် Drone တပ်ဖွဲ့ တို့မှ Drone ဖြင့်စေလွှတ်၍ ဗုံးသီး(၈)လုံး ပစ်ချတိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့သည်ဟုဆိုသည်။

(မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်​ကောင်စီ၏ ကျားပါစပ်ကြီးစခန်းတပ်စခန်းကို ​အ​ပေါ်စီးမှမြင်​တွေ့ရမှု။ဓါတ်ပုံ-KMIC)
(မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်​ကောင်စီ၏ ကျားပါစပ်ကြီးစခန်းတပ်စခန်းကို ​အ​ပေါ်စီးမှမြင်​တွေ့ရမှု။ဓါတ်ပုံ-KMIC)

▪︎နယ်စပ်ရှိ စစ်ကောင်စီတပ်ခစန်းများကို ရိက္ခာပို့ရန် ကြိုးပမ်းနေ၍ တိုက်ပွဲများဆက်ဖြစ်နိုင်ဟု အသိပေး

ကရင်နီပြည်နယ် ရှားတောမြို့နယ်မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီတပ်မတော်(KA)ကဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူခူညေးရယ်က​ပြောသည်။

ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲပိုင်းက နယ်စပ်ရှိ စစ်ကောင်စီတပ်၏ ကျားပါးစပ်ကြီး တပ်စခန်းကို ကရင်နီတပ်မတော်အမှတ်(၂)တပ်ရင်း ကွန်မန်ဒိုတပ်ဖွဲ့နှင့် Drone တပ်ဖွဲ့ တို့မှ Drone ဖြင့်စေလွှတ်၍ ဗုံးသီး(၈)လုံး ပစ်ချတိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့သည်ဟုဆိုသည်။

“အဲဒါ(စစ်ကောင်စီတပ်စခန်း)က ဗမာပြည်မြေပုံအရဆိုရင် ရှားတောမြို့နယ်ထဲပါတယ်။ ရှားတောမြို့နယ် တောင်ပိုင်းပေါ့။ အဲဒီမှာ ချောင်းလေးရှိတယ်။ ထိုင်းဘက်က ဆင်းလာပြီး သံလွင်မှာ ဆုံတယ် အဲဒီ ချောင်းရဲ့မြောက်ဘက်ပေါ့။ထိခိုက်ကျဆုံးမှုက ကျနော်တို့အဖွဲ့တွေကလည်း ဒရုန်းသွားချတော့ လက်နက်ကြီးနဲ့ ပြန်ပြီး သူတို့က ထုတ်တယ်ပေါ့။ အဲဒီမျာ သူတို့ ပြန်ဆုတ်ခွာလာတော့ သူတို့ဘက်က ထိခိုက်ပျက်စီးတာတော့ မသိလိုက်ရသေးဘူး” ဟု ခူညေးရယ်က People’s Spring သတင်းဌာနသို့ပြောသည်။

စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တန်ပြန်ပစ်ခတ်ခဲ့သော်လည်း မိမိတို့တပ်ဖက်မှ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်သည်။

ယခုတိုက်ခိုက်ခဲ့သည့်ကျားပါးစပ်ကြီးစခန်းသည်ဟွေပုန်းလောင်းစစ်ဒေသ၏ ဗျူဟာမြောက် စိုးမိုးကုန်းတစ်ခုဖြစ်ပြီး နယ်စပ်မှတ်တိုင် BP-10 နှင့် နီးသည်ဟုဆိုသည်။

ယင်းတပ်စခန်းကို ၂၀၂၂ ဇန်နဝါရီလက ကရင်နီတပ်မတော်မှ တစ်ကြိမ်ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သော်လည်း နာရီပိုင်း အတွင်း စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်နှင့် ဂျက်လေယာဉ်လေကြောင်းစစ်ကူတိုက်ခိုက်လာသဖြင့်ပြန်လည် ဆုတ်ခွာပေးခဲ့ရသော စခန်းတစ်ခုဖြစ်သည်။

စစ်ကောင်စီတို့ အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယအကြိမ် တိုက်ခိုက် ခံရသော စခန်းတစ်ခု ဖြစ်ကြောင်းနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) လက်အောက်ခံတပ်ရင်းများအနက် ရှေ့တန်း ခလရ/၁၃၅ တပ်ရင်း ထိန်းချုပ်ထားသော စခန်းတစ်ခုဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများသို့ ရိက္ခာပို့ရန်စီစဉ်ဆောင်ရွက်နေ၍ တိုက်ပွဲဆက်ဖြစ်နိုင်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

“အခုကတော့ သူတို့ ရိက္ခာပို့ ဖို့ နည်းနည်းအခက်အခဲဖြစ်တဲ့ အခြေအနေမျိုး ဖြစ်တယ်။ ပြည်တွင်းမှာလည်း တိုက်ပွဲတွေက ဖြစ်၊ ရှေ့တန်းကို သိပ်ပြီး တော့မှ လူအင်အား မြေပြင်အင်အားက လာဖို့က အခက်အခဲ အရင်ထက်ပိုရှိတာပေါ့။ ဆိုတဲ့အခါကျတော့ ရှမ်းဘက်က လာတာမျိုး အခု ဆို ဟတ်စကီးနဲ့ ပို့မယ့်အစီအစဉ်တို့ အဲဒီမျိုးတွေရှိတယ်။ အထဲမှာလည်း ပြည်မက တပ်တွေလည်းလာတယ် ပြောတယ်။ ကျနော်တို့ သိရသလောက်ဆို ရှမ်းပြည်နယ် မိုင်းနောင်က စကခ (၂) ဆို အခု ဆီဆိုင်မှာ သူတို့ ရောက်နေတယ်ကြားတယ်။ ရှမ်းဘက်မှာ တိုက်ပွဲသိပ်မဖြစ်တော့ ဒီဘက်ကို လာဖို့ အဲဒီလို ကြိုတွေးထားတာပေါ့” ဟု ခူညေးရယ်ကဆက်ပြောသည်။

ဖေဖော်ဝါရီ ၂၄ရက်ကပင် နယ်စပ်မှတ်တိုင် BP-12 အနီးရှိ စစ်ကောင်စီတပ်စခန်း ဟွေခမောက် စခန်းသို့ ရိက္ခာပို့ရန်လာသည့် ရဟတ်ယာဉ်ကို ကရင်နီတပ်မတော်က မြေပြင်မှ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီရဟတ်ယာဉ် ဆင်းသက်နိုင်ခြင်းမရှိဘဲ နောက်ကြောင်း ပြန်လှည့်သွားသည်။

ဖေဖော်ဝါရီ ၁၉ရက်ကလည်း နယ်စပ်စခန်းသို့ မြေပြင်မှ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၆ဦးထက်မနည်းသေဆုံးကာ အရာရှိ အပါအဝင် ၅ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများရရှိခဲ့သည်ဟု ကရင်နီစစ်ဘက်က အသိပေးထားသည်။

You May Also Like

သတင်း

မန္တလေးတိုင်းမြောက်ခြမ်းတွင်လည်း သပိတ်ကျင်းမြို့နယ်ရှိ ပုဏ္ဏားကြီးရွာပျူစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးသီး၈လုံးချတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၂၀ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဖေ‌ဖော်ဝါရီ ၂၃ရက် တွင် ပြန်လည်ဆုတ်ခွာသွားခြင်းဟု အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ကံထူးမအနီးရှိ ကျေးရွာပေါင်း ၁၀ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့်မှာ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း၊ တန့်ဆည် - ကံထူးမလမ်းပိုင်းကိုလည်း ယာယီပိတ်ထားသောကြောင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း သတိပေးထားသည်။

သတင်း

ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၆နာရီခွဲခန့်က အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းများအား လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။