Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်းမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တစ်ဦးထိခိုက်ဒဏ်ရာရပြီး ၆၀၀ ကျော်ထွက်ပြေးရ

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတချို့၏ နေအိမ်များလည်း ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများ ကျေးရွာအတွင်း မနေရဲတော့ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မုန်းမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တစ်ဦးထိခိုက်ဒဏ်ရာရပြီး ၆၀၀ ကျော်ထွက်ပြေးရ
မုန်းမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တစ်ဦးထိခိုက်ဒဏ်ရာရပြီး ၆၀၀ ကျော်ထွက်ပြေးရ

ကော်သူးလေအုပ်ချုပ်နယ်မြေ (မူး)မုန်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့သောကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပေါင်း(၆၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရခဲ့ရသည်။

ဖေဖေါ်ဝါရီလ(၂၄)ရက်က မုန်းမြို့နယ် ညောင်ပင်သာကျေးရွာအတွင်းသို့ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံအမျိုးသားတစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကာ တောင်ငူဆေးရုံကို ပို့ဆောင်ခဲ့ရကြောင်း KNU က ထုတ်ပြန်သည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတချို့၏ နေအိမ်များလည်း ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူများ ကျေးရွာအတွင်း မနေရဲတော့ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုသို့ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ပြီးနောက် စစ်ကောင်စီတပ်က တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများကို ခိုးယူသွားခဲ့သလို ယခုလို ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်ရှောင်နေရသည့် ဒေသခံပြည်သူဦးရေ(၆၀၀)ကျော်ခန့်ရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

မုန်းမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တစ်ဦးထိခိုက်ဒဏ်ရာရပြီး ၆၀၀ ကျော်ထွက်ပြေးရ
မုန်းမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တစ်ဦးထိခိုက်ဒဏ်ရာရပြီး ၆၀၀ ကျော်ထွက်ပြေးရ

ကရင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)၏ ထုတ်ပြန်ထားချက်အရ ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူလူထုဦးရေ (၅၀၀၀၀၀)ကျော်ရှိပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်

Facebook

You May Also Like

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)ညပိုင်းက ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင်နေထိုင်ရာသို့ စစ်ကောင်စီတပ်မှ ည ၈နာရီခန့်တွင် လက်နက်ကြီးအဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

ဖေဖော်ဝါရီ ၂၃ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဆောထိမြို့နယ်ဖြစ်သော ညောင်ပင်ကြီး ကျေးရွာတွင်းသို့ လက်နက်ကြီး လေးလုံးပစ်ခတ် ခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ဟု ဖော်ပြသည်။

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂၅ရက်) နံနက်ကတမူးမြို့ စော်ဘွား ၁၂ (ခ)ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ် ခလရ(၂၇၄) အနေဖြင့်ယခင်ကလည်း မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုဖြစ်ပေါ်ခဲ့သည်။