Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံတိုက်ပွဲ ပအိုဝ်းပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သား ၉ဦးသေ

ယမန်နေ့ မွန်းလွဲပိုင်း၌ ကရင်နီတပ်မတော်(KA)၊KNDF၊PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်၊ ပအိုပ်အမျိုးသားတပ်မတော်(PNA)တို့ ဖယ်ခုံမြို့နယ် ပြည်လုံးရွာ၌ တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ပအိုပ်အမျိုးသားတပ်မတော်(PNA)မှ ကျန်ရှိသည့် အသုံးအဆောင်အချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC)
ပအိုပ်အမျိုးသားတပ်မတော်(PNA)မှ ကျန်ရှိသည့် အသုံးအဆောင်အချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC)

လက်နက် ၈လက်နှင့် ကျည်များရဟု ကရင်နီတပ်အသိပေး

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၌ ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်)က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO/PNA)တပ်ဖွဲ့ဝင် ၉ဦးသေဆုံးခဲ့သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ မွန်းလွဲပိုင်း၌ ကရင်နီတပ်မတော်(KA)၊KNDF၊PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်၊ ပအိုပ်အမျိုးသားတပ်မတော်(PNA)တို့ ဖယ်ခုံမြို့နယ် ပြည်လုံးရွာ၌ တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်မှ သေဆုံးဒဏ်ရာရရှိခဲ့ပြီး M.16 (၃)လက်၊ AK(၁)လက်၊ 9MM(၄)လက်နှင့် ကျည်များသိမ်းဆည်းရရှိကြောင်း ကရင်နီတပ်က အသိပေးသည်။

Public Service Announcement
Public Service Announcement

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ်သည် တစ်ဦးကျဆုံးကာ အချို့ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

“စကစ ပူးပေါင်းတပ်ကသေတဲ့သူက ၉ ဦး ထက်တောင်ပိုများဖို့ရှိတယ်။ကျွန်တော်တို့ဘက်ကတော့ KA ရဲဘော်တစ်ဦးကျဆုံးခဲ့ရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၂၆ရက်က ဖရူဆိုမြို့နယ်၊ အမှတ်(၁၄)တန်းမြှင့်လေ့ကျင့်ရေးကျောင်း ရှိ စစ်ကောင်စီအသုံးပြုနေသည့် သောက်သုံးရေပိုက်များကို တော်လှန်ရေးအင်အားစုများက ဖျက်စီးခဲ့ရာ ရေပိုက် ကြည့်ရှုစစ်ဆေးရန်နှင့် ပြင်ဆင်ရန်ထွက်လာသည့် စစ်ကောင်စီတပ်ကို လောဂျာကျေးရွာအနီးတွင် ကရင်နီပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်သည်။

အလားတူ ယခုလ ၂၆ ရက်ကလည်း ရှားတောမြို့ဗျူဟာကုန်းသို့ ရိက္ခာပို့ဆောင်သည့် စစ် ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး အများအ ပြားဒဏ်ရာရရှိကြောင်း KMICက သီး ခြားထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ KNDF တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၅ရက်ကလည်း အမှတ်(၁၄)တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းမှ ထွက်လာသောစစ်ကောင်စီတပ်ကို KA၊KRG.Force နှင့် KNDFပူးပေါင်းတပ်တို့မှ စတင်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ တစ်ဦးသေဆုံးကာ အချို့ဒဏ်ရာရခဲ့သည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီး ယင်းဖြစ်စဉ်၌ တော်လှန်ရေး ရဲဘော်များထိခိုက်မှုမရှိဟု အသိပေးထားသည်။

Facebook

You May Also Like

သတင်း

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦးသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၁နာရီခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ်တွင် သေဆုံးသွားခြင်းဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်များကလည်း စဉ့်ကူးနှင့် မတ္တရာမြို့နယ်တို့တွင် နွယ်ရုံရဲစခန်းနှင့် စစ်အုပ်စုတပ်စွဲရာ ပိုဝတောင်ရွာစခန်းတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအုပ်စုဝင် ၆ ဦးသေဆုံးကြောင်း ဒေသတွင်း PDF အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

သတင်း

တိုက်ပွဲတွင် မျက်မြင်အတည်ပြုချက်အရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး MA 1 တစ်လက် ကျည်ဘောက် ၃ ခု ၊ကျည်တောင့် ၈၀၊ ခါးပတ်အီကွက်မန့်တစ်ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

သတင်း

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားလေးဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ရေစကြိုဆေးရုံးတွင် အသက်လုကုသမှုခံယူနေရသည်ကို အတွင်းသတင်းရင်းမြစ်ထံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ တာဝန်ရှိသူက People's Springသို့ ပြောသည်။