Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာနယ်တွင် စစ်ကောင်စီစစ်ကြောင်း ပဒေသာမိုင်းထိပြီး လေးဦးသေဟုဆို

ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်များကလည်း စဉ့်ကူးနှင့် မတ္တရာမြို့နယ်တို့တွင် နွယ်ရုံရဲစခန်းနှင့် စစ်အုပ်စုတပ်စွဲရာ ပိုဝတောင်ရွာစခန်းတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအုပ်စုဝင် ၆ ဦးသေဆုံးကြောင်း ဒေသတွင်း PDF အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

မန္တ​လေး-မိုးကုတ်လမ်း မတ္တရာမြို့နယ်အတွင်း ဖြတ်သန်းသွားသော စစ်ကားတစ်စီးအား ယမန်နှစ် နှစ်ကုန်ပိုင်းက တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
မန္တ​လေး-မိုးကုတ်လမ်း မတ္တရာမြို့နယ်အတွင်း ဖြတ်သန်းသွားသော စစ်ကားတစ်စီးအား ယမန်နှစ် နှစ်ကုန်ပိုင်းက တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးနေရာတွင်သေဆုံးကြောင်း ဒုဌဝတီတော်လှန်ရေးအင်အားစု၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၇ ရက်) နံနက် ၈နာရီခန့်က မတ္တရာမြို့နယ်၊ ကြာပင်အုပ်စု၊ ကျွန်းပင်ကျေးရွာတွင် စစ်ကြောင်းထိုးရန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးနေရာတွင်သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒုဌဝတီတော်လှန်ရေး အင်အားစု၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်းပင်ရွာကနေပြီးတော့ တောင်ခြေဘက်ကို စစ်ကြောင်းထိုးဖို့လာတာ။ အင်အားက ၃၈ယောက်ပါတယ်။ မိုင်းထိပြီးတော့ သူတို့ဘက်က ပစ်ခတ်တာတွေတော့ရှိတယ်။ ကာကွယ်ရေးအင်အားစုတွေအနေနဲ့ ထိခိုက်မှု မရှိပါဘူး။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ဒုဌဝတီတော်လှန်ရေး အင်အားစု၊ကောင်းကင်တော်လှန်ရေး အင်အားစုတပ်ခွဲ (၁)၊ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်များကလည်း စဉ့်ကူးနှင့် မတ္တရာမြို့နယ်တို့တွင် နွယ်ရုံရဲစခန်းနှင့် စစ်အုပ်စုတပ်စွဲရာ ပိုဝတောင်ရွာစခန်းတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအုပ်စုဝင် ၆ ဦးသေဆုံးကြောင်း ဒေသတွင်း PDF အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

Facebook

You May Also Like

သတင်း

ယမန်နေ့ မွန်းလွဲပိုင်း၌ ကရင်နီတပ်မတော်(KA)၊KNDF၊PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်၊ ပအိုပ်အမျိုးသားတပ်မတော်(PNA)တို့ ဖယ်ခုံမြို့နယ် ပြည်လုံးရွာ၌ တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲတွင် မျက်မြင်အတည်ပြုချက်အရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး MA 1 တစ်လက် ကျည်ဘောက် ၃ ခု ၊ကျည်တောင့် ၈၀၊ ခါးပတ်အီကွက်မန့်တစ်ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

သတင်း

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားလေးဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ရေစကြိုဆေးရုံးတွင် အသက်လုကုသမှုခံယူနေရသည်ကို အတွင်းသတင်းရင်းမြစ်ထံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ တာဝန်ရှိသူက People's Springသို့ ပြောသည်။

သတင်း

ညောင်ခြေထောက်ရွာအနီးတွင် ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ် ၂နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဦးစီးပြီး ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)က တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။