Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်းတိုက်ပွဲရန်သူသုံးဦး​သေ၊ လက်နက်တစ်လက်နှင့်ကျည်များရရှိဟုPDF ​​ပြော

တိုက်ပွဲတွင် မျက်မြင်အတည်ပြုချက်အရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး MA 1 တစ်လက် ကျည်ဘောက် ၃ ခု ၊ကျည်တောင့် ၈၀၊ ခါးပတ်အီကွက်မန့်တစ်ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

(ထီးလင်းPDF သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-PDF-ထီးလင်း)
(ထီးလင်းPDF သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-PDF-ထီးလင်း)

မကွေးတိုင်း၊ ထီးလင်းမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး သေနတ်နှင့် ခဲယမ်း များရရှိကြောင်း PDF ထီးလင်းက ယနေ့ ထုတ်ပြန်သည်။

အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှစစ်ကောင်စီတပ်သားများသည် ​ဖေ​ဖော်ဝါရီလ ၂၆ ရက်နေ့က ပတ်ကင်း ထွက်လာစဥ် ကျင်းအရှေ့ပုံတောင်နတ်ထိပ်၌ ဂန့်ဂေါခရိုင် အမှတ် ( ၂ ၊၄ ၊၁၀)တပ်ရင်းများနှင့် ထိတိုက်တွေ့ဆုံ၍ အပြန်အလှန်တိုက်ခိုက်မှု့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင် မျက်မြင်အတည်ပြုချက်အရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး MA 1 တစ်လက် ကျည်ဘောက် ၃ ခု ၊ကျည်တောင့် ၈၀၊ ခါးပတ်အီကွက်မန့်တစ်ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

“လက်ရှိစခ တွေဘက်က စစ်ကြောင်းထိုးနေတယ်။ထီး လင်း အပါအဝင်ကျောက်ထု နဲ့ဆောမှာပါတိုက်ပွဲက အချိန်မရွေး ထပ်ဖြစ်နိုင်တယ်”ဟု ထီးလင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

ဂန့်ဂေါခရိုင် တပ်ရင်းမှ ရဲဘော်များအထိခိုက်အကျအဆုံးမရှိ ကောင်းမွန်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်းလည်း အသိ​ပေးထားသည်။

တိုက်ခိုက်မှု ဗျူဟာအရအချိန်နှင့်တစ်ပြေးညီ သတင်း မထုတ်ပြန်​ပေးနိုင်သည်ကိုပြည်သူများအနေဖြင့် နားလည်ပေးစေလိုကြောင်းလည်း PDF ထီးလင်းက မေတ္တာရပ်ခံသည်။

Facebook

You May Also Like

သတင်း

ယမန်နေ့ မွန်းလွဲပိုင်း၌ ကရင်နီတပ်မတော်(KA)၊KNDF၊PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်၊ ပအိုပ်အမျိုးသားတပ်မတော်(PNA)တို့ ဖယ်ခုံမြို့နယ် ပြည်လုံးရွာ၌ တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် Principles of Humanity အဖွဲ့၏ ပူးပါင်းပံ့ပိုးကူညီမှုဖြင့် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာမှစ၍ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL) သင်တန်းများကို စီစဉ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်များကလည်း စဉ့်ကူးနှင့် မတ္တရာမြို့နယ်တို့တွင် နွယ်ရုံရဲစခန်းနှင့် စစ်အုပ်စုတပ်စွဲရာ ပိုဝတောင်ရွာစခန်းတို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအုပ်စုဝင် ၆ ဦးသေဆုံးကြောင်း ဒေသတွင်း PDF အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

သတင်း

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားလေးဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ရေစကြိုဆေးရုံးတွင် အသက်လုကုသမှုခံယူနေရသည်ကို အတွင်းသတင်းရင်းမြစ်ထံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ တာဝန်ရှိသူက People's Springသို့ ပြောသည်။