Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်းမြို့နယ် ညောင်ဟောင်းရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် စစ်ကြောင်းမှူးသေဟု ယောတပ်ပြော

“စခ စစ်ကြောင်းမှူးက အောင်းမြောက်ရွာဘုန်း ကြီးကျောင်းမှာဆေးကုသမှုခံယူရင်း သေဆုံးသွားတာလို့ သိရတယ်”ဟု ယောဒေသစစ်ရေး သတင်းရင်းမြစ်က အတည်ပြုသည်။ သို့သော် ၎င်းတို့ သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

(ယောတော်လှန်ရေးတပ်(YRA)မှ ရဲဘော်များအား တွေ့ရစဥ်)
(ယောတော်လှန်ရေးတပ်(YRA)မှ ရဲဘော်များအား တွေ့ရစဥ်)

မကွေးတိုင်း ထီးလင်းမြို့နယ် ညောင်ဟောင်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူး အပါအဝင်သုံးဦးသေဆုံးကြောင်း ယောတော်လှန်ရေးတပ်(YRA)က ပြောသည်။

ထီးလင်းမြို့အထိုင်တပ်နှင့် ရွှေအောင်သာအထိုင်တပ်ရောထွေးတပ်တို့က စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့(ဒီဇင်ဘာ ၁၄ ရက်) နေ့လယ် ၂နာရီ ၁၀မိနစ်ခန့်က ညောင်ဟောင်းကျေးရွာအနီးရောက်လာစဥ် YRA(ထီးလင်း)က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“မနေ့ကတည်းက ထမ်းစင်တွေနဲ့ ဆုတ်သွားတာကိုပဲ အတည်ပြုနိုင်ခဲ့သေးတာပေါ့။ဒီနေ့ ထပ်ပြီး ယုံကြည်ရတဲ့သတင်းရင်းမြစ်ကနေ စုံစမ်းတော့ စကစစစ်ကြောင်းမှူးနဲ့ နောက်နှစ်ဦး သေပြီ ဆိုတာအတည်ပြုနိုင်တယ်။ဒါကြောင့်လည်း စကစစစ်ကြောင်းက ထီးလင်းမြို့ ပေါ်ကို ဆုတ်တဲ့လမ်းကြောင်းပေါ်ရောက်နေပြီ”ဟု YRA တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

မြေပြင် စုံစမ်းအတည်ပြုနိုင်ခဲ့သည်ဆိုသော သေဆုံးသွားသည့် စစ်ကောင်စီစစ်ကြောင်းမှူးမှာ စစ်ကိုင်းတိုင်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ယခုလပိုင်းအတွင်း အသစ် ပြောင်းရွှေ့လာသူဟု ၎င်းက အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ သေဆုံးအလောင်းများကို ၎င်းတို့စစ်ကြောင်းနှင့် တပါတည်းသယ်ဆောင်ခြင်း ရှိ၊မရှိ YRAက ဆက်လက်စုံ စမ်းနေဆဲဟု ဆိုသည်။

“စခ စစ်ကြောင်းမှူးက အောင်းမြောက်ရွာဘုန်း ကြီးကျောင်းမှာဆေးကုသမှုခံယူရင်း သေဆုံးသွားတာလို့ သိရတယ်”ဟု ယောဒေသစစ်ရေး သတင်းရင်းမြစ်က အတည်ပြုသည်။ သို့သော် ၎င်းတို့ သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိ ထီးလင်းမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာနေသည့် စစ်ကောင်စီစစ်ကြောင်းသည် သရခါကျေးရွာသို့ ရောက်ရှိနေကြောင်းလည်း သိရသည်။

You May Also Like

သတင်း

နှစ်ဖက်တိုက်ပွဲပြင်းထန်မှုကြောင့် ကုန်းသာ၊ ဟူမန်း၊ ပန်အလော့၊ မန်လုံး၊ တာလတ်၊ ပိန်းလုံးစသော ကျေးရွာများမှ ဒေသခံပြည်သူထောင်ချီသည် နမ့်ဆန်မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ယနေ့ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာခဲ့ကြသည်။

သတင်း

"ဦးဘိုးသိန်းကလူထုတော်လှန်ရေးအတွက်အန္တရာယ်ဗျ။စစ်ကောင်စီနဲ့ တွဲပြီး မြို့မှာ စီးပွားရေးသောင်းကျန်းနေတဲ့သူ" ဟု မောက်လိုက်မြို့ခံတစ်ဦးက ​ပြောသည်။

သတင်း

ဘီယာဆိုင်ကိုဝိုင်းလိုက်ပြီး ဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို ရိုက်နှက်ဖမ်းဆီးသလိုလူငယ်တွေ စီးလာတဲ့ ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းသွားတယ်လို့သိရပါတယ်။

သတင်း

KNU တပ်မဟာ(၁)နယ်မြေ၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ တောက်လျှောက်လုပ်ဆောင်လျက်ရှိရာ ယနေ့(ဒီဇင်ဘာ ၁၅ရက်) နံနက်အစောပိုင်း၌ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု KNLA တပ်မှူးက ပြောသည်။