Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်တွင် ၅ရက်အတွင်း PDFရဲဘော် ၁ဝဦးကျဆုံး

ဖေ‌ဖော်ဝါရီ ၂၂ ရက် ညနေပိုင်းက မင်းရွာတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်က လေကြောင်း‌ပစ်ကူပါအသုံးပြုခဲ့ရပြီး တော်လှန်ရေးရဲဘော် ခုနစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း အရာတော်(ပကဖ)အဖွဲ့က ပြောသည်။

ဗုံးမတော်တဆမှုကြောင့် ကျဆုံးခဲ့သည့်ရဲဘော် သုံးဦး၊ ဓာတ်ပုံ-အရာတော်ပို့စ်
ဗုံးမတော်တဆမှုကြောင့် ကျဆုံးခဲ့သည့်ရဲဘော် သုံးဦး၊ ဓာတ်ပုံ-အရာတော်ပို့စ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် တိုက်ပွဲများနှင့် ဗုံးမတော်တဆမှုကြောင့် ငါးရက်အတွင်း PDFရဲဘော် ၁ဝဦး ကျဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ဖေ‌ဖော်ဝါရီ ၂၂ ရက် ညနေပိုင်းက မင်းရွာတိုက်ပွဲတွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်က လေကြောင်း‌ပစ်ကူပါအသုံးပြုခဲ့ရပြီး တော်လှန်ရေးရဲဘော် ခုနစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း အရာတော်(ပကဖ)အဖွဲ့က ပြောသည်။

အလားတူ ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)က အရာတော်မြို့နယ် တစ်နေရာတွင်ဆယ်ကျော်သက် PDF ရဲဘော် သုံးဦး လက်နက်မတော်တဆဖြစ်ပြီးကျဆုံးခဲ့ကြောင်း ​ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ရဲဘော်များသည် တိုက်ပွဲသွားရောက်ရန် ဗုံးသီးများပြင်ဆင်ရင်း မတော်တဆပေါက်ကွဲမှုဖြစ်ပွားကာ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ကျဆုံးရဲဘော် သုံးဦးအနက် ရဲဘော် Cover နှင့် ရဲဘော်ဖားကြီးတို့မှာ အသက်(၁၈) နှစ်နှင့် (၁၉)နှစ် အသီးသီးရှိကြပြီး ရဲဘော်နွေဦးမှာ အသက် (၂၀)နှစ်သာရှိသေးသော ဆယ်ကျော်သက်လူငယ်ရဲဘော်များဖြစ်ကြောင်း အရာတော်ပို့စ်က ဖော်ပြ သည်။

၎င်းတို့အား မိခင်တပ်ဖွဲ့မှ ဈာပနအခမ်းအနားပြုလုပ်ပေးခဲ့ပြီး ဒေသခံပြည်သူလူထုနှင့် တော်လှန်ရေးရဲဘော်များက လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

အရာတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးစတင်ကြေညာသော ဖေ‌ဖော်ဝါရီ ၂၂ ရက်တွင် အရာတော်မြို့နယ်တောင်ပိုင်း မင်းရွာကြီးစံပြကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းရော ကုန်းကြောင်းဖြင့်ပါ စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီလ ၂၄ ရက်ညပိုင်းတွင် အထိနာခဲ့သောစစ်ကောင်စီတပ်သားများက အိမ်ခြေထောင်ချီရှိသော မင်းရွာကြီးကို မီးတင်ရှို့ခဲ့သည်။

ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများက မင်းရွာကြီးကျေးရွာရှိ အထက်တန်းကျောင်းက စာသင်ကျောင်းဆောင်အား မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ ပြည်သူအမျိုးသားအလောင်း တစ်လောင်းနှင့် ၎င်းဘေးတွင် စစ်ကောင်စီတပ်သားများထောင်ထားခဲ့သော နင်းမိုင်းတစ်လုံး ၊ တောထဲတစ်နေရာတွင်မပေါက်ကွဲသေးသော (၆၀) မမ လက်နက်ကြီးကျည် တစ်လုံးတို့ကို တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

Facebook

You May Also Like

သတင်း

မြင်သားရွာကိုလည်း စစ်ကောင်စီတပ်က အကြိမ်ကြိမ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ခြင်း၊ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများကို သတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများယူဆောင်ခြင်းတို့ ကျူးလွန်ခဲ့သည်။

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် Principles of Humanity အဖွဲ့၏ ပူးပါင်းပံ့ပိုးကူညီမှုဖြင့် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာမှစ၍ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL) သင်တန်းများကို စီစဉ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

တိုက်ပွဲတွင် မျက်မြင်အတည်ပြုချက်အရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး MA 1 တစ်လက် ကျည်ဘောက် ၃ ခု ၊ကျည်တောင့် ၈၀၊ ခါးပတ်အီကွက်မန့်တစ်ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

သတင်း

ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်) မွန်းလွဲပိုင်းက ရေဦးမြို့မှ စစ်ကောင်စီတပ်သည် မြင်းဒေါင်းကျေးရွာ အရှေ့ဘက် မူးတိမ်ချောင်းတံတားသို့ ရိက္ခာအပို့အယူပြုလုပ်ရန် မြင်းဒေါင်းကျေးရွာအနီးတစ်ဝိုက်၌ ကင်းပုန်းချထားခဲ့သည်။