Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်နယ်ရှိ နောင်ကြီးအိုင်ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်

ဖေဖော်ဝါရီ ၂၅ ရက် ညနေ၅ နာရီခန့်က နောင်ကြီးအိုင်ရဲစခန်းကို Chindwin Attack Force နှင့် ဒေသတွင်း PDFများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

(ရန်ကုန်မြို့တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အချို့ကို ၂၀၂၁ ဇွန်လပိုင်းက တွေ့ရစဉ်၊ ဓာတ်ပုံ − EPA/EFE)
(ရန်ကုန်မြို့တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အချို့ကို ၂၀၂၁ ဇွန်လပိုင်းက တွေ့ရစဉ်၊ ဓာတ်ပုံ − EPA/EFE)

မုံရွာရှိ စစ်ကောင်စီသတင်းပေး စစ်မှုထမ်းဟောင်းတစ်ဦးလည်း ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ နောင်ကြီးအိုင်ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး မုံရွာမြို့ရှိ စစ်ကောင်စီ သတင်းပေး စစ်မှုထမ်းဟောင်းတစ်ဦးလည်း ရှင်းလင်းခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဖေဖော်ဝါရီ ၂၅ ရက် ညနေ၅ နာရီခန့်က နောင်ကြီးအိုင်ရဲစခန်းကို Chindwin Attack Force နှင့် ဒေသတွင်း PDFများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ကားများပျက်စီးပြီး အိမ်တစ်လုံးမီးလောင်ခဲ့​ကြောင်း၊ အခြားထိခိုက်မှုအခြေအနေကိုမူ မသိရသေးကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စခန်းအတွင်းရှိ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခဲ့၍ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၃ တပ်ခွဲ – ၃ ဂဋ္ဌုန်နက် PDF ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၄ Fight For People – F.F.P PDF ၊ ကျားသစ်နက် (LPDF) ၊ ယက္ခညီနောင် (LPDF) ၊ မုံရွာခရိုင် တပ်ရင်း – ၁၈ နှင့် တော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အလားတူ မုံရွာမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ စစ်မူထမ်းဟောင်း သန်းနိုင်ဆိုသူသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) လူယုံဖြစ်ပြီး စားနပ်ရိက္ခာစီစဥ်ပေးခြင်းနှင့် စစ်ကောင်စီသတင်းပေးတစ်ဦးဟု သတင်းရ၍ ရှင်းလင်းခဲ့ကြောင်း မုံရွာ-ဗန္ဓုလနှင့်အဖွဲ့သားများက ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်) သတင်းထုတ်ပြန်သည်။

၎င်းထံမှ မှတ်ပုံတင်အချက်အလက်များနှင့် လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိခဲ့ပြီး စစ်ဆင်ရေးအား မုံရွာ-ဗန္ဓုလနှင့်အဖွဲ့သားများ အဖွဲ့(၁) Black Falcon ‌မြို့တွင်း‌ေပျာက်ကျားတပ်ဖွဲ့Brave Heart Army-BHAနှင့် Special Forces-11PDFတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Facebook

You May Also Like

သတင်း

မန္တလေးတိုင်းမြောက်ခြမ်းတွင်လည်း သပိတ်ကျင်းမြို့နယ်ရှိ ပုဏ္ဏားကြီးရွာပျူစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးသီး၈လုံးချတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

‌‌ဖေဖော်ဝါရီ ၈ရက်ကလည်း ဆီမီးခုံဆိပ်ကမ်းရှိ စစ်သင်္ဘောအား မြင်းခြံခရိုင်တပ်ရင်း (၁၊၃၊၄)တို့က လက်နက်ကြီးဖြင့်ပစ်ခဲ့ရာ စစ်သင်္ဘော ဝမ်းဗိုက်ပေါက်ရေဝင်ပြီးနောက် ကုန်းပေါ်တင်နေခဲ့ကြောင်း Scorpions People Defense Forceက ထုတ်ပြန်သည်။

သတင်း

ဘုရားသုံးဆူရဲစခန်းဝန်းမှာ ဒီနေ့မနက်ပိုင်း မြန်မာစံတော်ချိန် ၆ နာရီခန့်က ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေကဆိုပါတယ်။

သတင်း

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)တပ်ရင်း - ၂၊ တပ်ရင်း ၃၊ တပ်ရင်း - ၄ တို့၏ တပ်ရင်းတပ်ဖွဲ့တပ်ခွဲများ ထိုးစစ်တိုက်နေ၍ အရေးပေါ်လက်နက်ခဲယမ်းများလိုအပ်နေကြောင်း Chindwin Attack Force က အသိပေးသည်။