Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတလင်မြို့အဝင် စစ်ကောင်စီဂိတ် ဝေလီဝေလင်းအချိန်ဝင်တိုက်ခံရ

မနက်၄ နာရီခွဲမှာ ဝင်တိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကျပြီး သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါတဲ့ Local Mobile Team (DPY) က ပြောပါတယ်။

ဘုတလင်မြို့အဝင် စစ်ကောင်စီဂိတ် ဝေလီဝေလင်းအချိန်ဝင်တိုက်ခံရ
ဘုတလင်မြို့အဝင် စစ်ကောင်စီဂိတ် ဝေလီဝေလင်းအချိန်ဝင်တိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ အဝင်က စစ်ကောင်စီ ဂိတ်ကို မနေ့က မနက်အာရုံတက်ချိန်မှာ ဒေသကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ သေနတ် ၂ လက် ရမိတယ်လို့ သိရပါတယ်။

မနက်၄ နာရီခွဲမှာ ဝင်တိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကျပြီး သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါတဲ့ Local Mobile Team (DPY) က ပြောပါတယ်။

” ပြန်ကိုမပစ်နိုင်ပဲသေသွားကြတယ်” လို့ ဂိတ်ကို ဝင်စီးရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အခြေအနေကို Local Mobile Team (DPY)က တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ကျသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ က ဖြစ်တယ်လို့သိရပါတယ်။

You May Also Like

သတင်း

အိမ်စီးကား သုံးစီးဖြင့်လာသည့် စစ်ကောင်စီတပ်ကို ရေစကြိုမြို့အပြင်ဘက် စုံကွေ့နားအရောက်တွင် ပြည့်ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များမှ မိုင်း ၆လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံး ယာဥ်နှစ်စီး ပျက်စီးပြီး အများအပြားထိခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

ယနေ့(မတ်လ ၃ရက်) နံနက် ၉နာရီခန့်တွင် အင်္ဂပူမြို့နယ်နှင့် မဲဇလီကုန်း၌ စစ်ကောင်စီရဟတ်ယာဥ် နှစ်စီးပျံဝဲနေခဲ့သည်ဟု ဒေသခံများက ပြောသည်။

သတင်း

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးခုဖြင့် ဖေဖော်ဝါရီရ၂၆ရက်မှစတင်ကာ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နှင့် လှတောကျေးရွာများဘက်မှ စစ်ကြောင်းထိုးနေသည်။

သတင်း

ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်က မြင်းဒေါင်းကျေးရွာ၌ တပ်စွဲညအိပ်ခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၇ရက် နံနက် ၈ နာရီခွဲတွင် မကျီးအုပ်ကျေးရွာ တောင်ပိုင်းမှ စတင်ကာ အင်အား ၃၀ဖြင့် စစ်ကြောင်းထိုးခဲ့သည်။