Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ် မကျီးအုပ်ရွာတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ PDF ရဲဘော်နှစ်ဦးကျဆုံး

ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်က မြင်းဒေါင်းကျေးရွာ၌ တပ်စွဲညအိပ်ခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၇ရက် နံနက် ၈ နာရီခွဲတွင် မကျီးအုပ်ကျေးရွာ တောင်ပိုင်းမှ စတင်ကာ အင်အား ၃၀ဖြင့် စစ်ကြောင်းထိုးခဲ့သည်။

(တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်ကအသုံးပြုခဲ့သောကျည်များအားတွေ့ရစဥ်။ဓာတ်ပုံ-KURDAF)
(တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်ကအသုံးပြုခဲ့သောကျည်များအားတွေ့ရစဥ်။ဓာတ်ပုံ-KURDAF)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မကျီးအုပ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးပြီး PDF ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်က မြင်းဒေါင်းကျေးရွာ၌ တပ်စွဲညအိပ်ခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၇ရက် နံနက် ၈ နာရီခွဲတွင် မကျီးအုပ်ကျေးရွာ တောင်ပိုင်းမှ စတင်ကာ အင်အား ၃၀ဖြင့် စစ်ကြောင်းထိုးခဲ့သည်။

ထို့နောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ကာ ဒေသခံ ကင်းထောက် ရဲဘော်များနှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF၏ ပြန်ကြားရေးတာဝန်ခံက ပြော သည်။

အဆိုပါ ထိတွေ့မှုတွင် ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf(KURDAF) အဖွဲ့ဝင် TIGER – Local People Defence Force. Khin U၏ ရဲဘော် နှစ်ဦးဖြစ်သူ အသက်(၃၂) နှစ်အရွယ် ရဲဘော် နဂါးလေးနှင့် အသက်(၂၅) နှစ်အရွယ် ရဲဘော် ၇၆၀ တို့သည် စစ်ကောင်စီအား ခုခံရင်းကျဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF က အသိပေးသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က အီဂါနာ ဗုံးသီး (၂)လုံး ၊ ၅.၅၆ ကျည် (၁၂၀)ကျော် ၊ ၇၉ – (၃) လုံး လက်နက်အသာစီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံး ၁၀ဦးနှင့် ဒဏ်ရာရ ခုနစ်ဦး ရှိသည်ဟု သိရကြောင်း KURDAF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၁ ရက် မွန်းလွဲပိုင်းက သရက်ပင်စုရွာသစ်ဘက်မှ ယာတော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်း ၁၀ဦးအား ပဒေသာမိုင်း၂စုံ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ငါးဦးနေရာ၌ သေဆုံးကြောင်း KSOအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

You May Also Like

သတင်း

ယမန်နေ့ (မတ်လ ၂ရက်)နံနက် ၁၁နာရီခန့်တွင် SSPPက အင်အား ၁၀၀ခန့်ဖြင့် ကွန်ဟိန်းမြို့နယ် နမ့်တွတ်ဖက်ဒေသရှိ RCSS တပ်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

ကျော်တင့်ဦးသည် မော်လမြိုင်ကျွန်းမြို့‌ (၁၂) ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် ဖေဖော်ဝါရီ ၂၄ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၂၆ ရက်တွင်ဖောကား (၇) စီး စစ်​ကောင်စီတပ်သားအင်အား (၂၀၀) ခန့်ဖြင့် ကလေးဝဘက်မှ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသဘက်သို့ ကလေးဝ- မုံရွာ လမ်းမကြီးအတိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

သတင်း

မတ်လ ၁ရက်တွင် ဝန်ကြီးဦးရည်မွန်က PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့် အစီအစဉ်၌ ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။