Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေနံချောင်းရဲစခန်းအား အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၊ ထိခိုက်မှုရှိနိုင်ဟုဆို

ထိုသို့ တိုက်ခိုက်ချိန်တွင် မြို့မရဲစခန်းအတွင်း စစ်ကောင်စီ​၏ ရဲတပ်ဖွဲ့ဝင် ၃၀ဦးခန့်ရှိနေပြီး ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိပ်အခြေအနေအား မသိရသေးကြောင်း ဗိုလ်စံသျှားက ရှင်းပြသည်။

(ပြည်သူ့ရဲဘော်များ တိုက်ခိုက်ခဲ့သည့် ရေနံချောင်းမြို့မရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ပြည်သူ့ရဲဘော်များ တိုက်ခိုက်ခဲ့သည့် ရေနံချောင်းမြို့မရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း ရေနံချောင်းမြို့ရှိ စစ်ကောင်စီလက် အောက်ခံ ရေနံချောင်းမြို့မရဲစခန်းအား အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း People’s Defense Force – Yanangyaungက ပြော သည်။

ယမန်နေ့ (မတ်လ ၅ရက်)ည ၈နာရီ ၁၅မိနစ်ခန့်က ရေနံချောင်းမြို့မရဲစခန်းအား မကွေးခရိုင် PDF တပ်ရင်း (၂)၊ တပ်ခွဲ (၁)၊ PDF – Yanangyaung ၊ Yanangyaung Local People’s Defense Force(ဖေကံကောင်းအဖွဲ့)တို့ပူးပေါင်းပြီး စခန်းနှင့်အနီးဆုံးနေရာထိသွာရောက်၍ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ ဘယ်နေရာကို အဓိကထားပြီးပစ်ခတ်ခဲ့တာလည်းဆိုတော့ ရေနံချောင်းမြို့မရဲစခန်းရှေ့ တည့်တည့်ကိုပါဗျ။ ကျနော်တို့ ဘန်ကာကို ပစ်မှတ် ထားပြီးတော့ ဖောက်ခွဲခဲ့တာပါ” ဟု PDF – Yanangyaung တပ်ဖွဲ့တာဝန်ခံ ဗိုလ်စံသျှားက People’s Spring သို့ ပြောသည်။

ထိုသို့ တိုက်ခိုက်ချိန်တွင် မြို့မရဲစခန်းအတွင်း စစ်ကောင်စီ​၏ ရဲတပ်ဖွဲ့ဝင် ၃၀ဦးခန့်ရှိနေပြီး ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိပ်အခြေအနေအား မသိရသေးကြောင်း ဗိုလ်စံသျှားက ရှင်းပြသည်။

“ ကျနော်တို့ ဖောက်ခွဲတိုက်ခိုက်ချိန်မှာ စိတ်မကောင်းစွာနဲ့ပဲ ပြည်သူ့ဆိုင်ကယ်တစ်စီးက ရောက်ရှိလာတယ်။ အဲအချိန်မှာ ကျနော်တို့ မိုင်းကွင်းကနေမလွတ်ခဲ့ဘူးပေါ့ဗျာ။ ပြောမယ်ဆိုရင်တော့ဒါပေမဲ့လည်း အဲဒီပြည်သူက ထိခိုက်ဒဏ်ရာအရမ်းကြီးမစိုးရိမ်ရဘူး။ ပြည်သူကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ၎င်းက အသိပေးသည်။

သို့သော် PDF – Yanangyaung တပ်ဖွဲ့အနေဖြင့် ထိခိုက်ဒဏ်ရာရသွားသော ပြည်သူတစ်ဦးအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် ထိခိုက်မှုအတွက် အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါ ဖောက်ခွဲတိုက်ခိုက်မှုအပြီး ရဲစခန်းအတွင်းမှနေ၍ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ပေ။

You May Also Like

သတင်း

နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးမြငြိမ်း၏နေအိမ်အပါအဝင် စစ်ရေးပစ်မှတ်လေးခုကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန MOD ၏ မြို့ပြအထူးစစ်ဆင်ရေးဌာနမှ UG အဖွဲ့က ​လေးရက်အတွင်းတိုက်ခိုက်ခဲ့ကြောင်း နေပြည်တော်စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။ အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများကို ဖေဖော်ဝါရီ ၂၇...

သတင်း

ဖေဖော်ဝါရီ ၂၅ ရက် ညနေ၅ နာရီခန့်က နောင်ကြီးအိုင်ရဲစခန်းကို Chindwin Attack Force နှင့် ဒေသတွင်း PDFများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

သတင်း

မန္တလေးတိုင်းမြောက်ခြမ်းတွင်လည်း သပိတ်ကျင်းမြို့နယ်ရှိ ပုဏ္ဏားကြီးရွာပျူစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးသီး၈လုံးချတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

‌‌ဖေဖော်ဝါရီ ၈ရက်ကလည်း ဆီမီးခုံဆိပ်ကမ်းရှိ စစ်သင်္ဘောအား မြင်းခြံခရိုင်တပ်ရင်း (၁၊၃၊၄)တို့က လက်နက်ကြီးဖြင့်ပစ်ခဲ့ရာ စစ်သင်္ဘော ဝမ်းဗိုက်ပေါက်ရေဝင်ပြီးနောက် ကုန်းပေါ်တင်နေခဲ့ကြောင်း Scorpions People Defense Forceက ထုတ်ပြန်သည်။