Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထေဘွေ့စခန်းကိုအင်အားဖြည့်သည့် စစ်တပ်ကိုကြားဖြတ်တိုက်ရာ ၅ ဦးသေဟု CDF ပလက်ဝပြော

စစ်ကောင်စီစစ်ကြောင်းကို ပလက်ဝမြို့နယ်၊ ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီချောင်းလမ်းခုလတ်တွင် ယနေ့နေ့လယ်တွင်ချင်း​ဒေသကာကွယ်​ရေးတပ်-CDFက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

(CDF ပလက်ဝ မှ တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံCDF)
(CDF ပလက်ဝ မှ တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံCDF)

လိုင်းလင်းပီမြို့မှမတူပီမြို့နယ်၊ ထေဘွေ့စခန်းကို အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF(ပလက်ဝ) မှတာဝန်ရှိသူတစ်ဦးက​ ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို ပလက်ဝမြို့နယ်၊ ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီချောင်းလမ်းခုလတ်တွင် ယနေ့နေ့လယ်တွင်ချင်း​ဒေသကာကွယ်​ရေးတပ်-CDFက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုတိုက်ခိုက်မှုကို မတ် ၈ ရက် နေ့လယ် ၁နာရီမှ ၃ နာရီခွဲအထိ စုစုပေါင်း တစ်နာရီခွဲကြာမြင့်ပြီး စစ်ကောင်စီတပ်က ၅ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်။ CDFဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်CDF ပလက်ဝကထုတ်ပြန်ထားသည်။

“ ထေးဘွေ့စခန်းကိုအင်အားဖြည့်တာခုနဲ့ဆို (၂)ကြိမ်ရှိပါပြီ။အင်အားဖြည့်တိုင်းလည်း ကြားဖြတ်တာတွေအမြဲ လုပ်ပါတယ်။ခုဟာက ဒုတိယ အကြိမ် အင်အားဖြည့်တာပါ။” ဟု CDF ပလက်ဝတာဝန်ရှိသူတစ်ဦးကPeople’s Spring သတင်းဌာနသို့ပြောသည်။

ယနေ့အင်အားဖြည့်တင်းမှုသည် စစ်ကောင်စီတပ်သား၁၀၀ကျော်ပါကြောင်းသိရသည်။အဆိုပါစခန်းသည်မတူပီမြို့နယ်အတွင်းရှိစခန်းဖြစ်သည်ဟုလည်းသိရသည်။

“ သူတို့ စခန်းနဲ့ ကျနော်တို့ စခန်းကလည်း ၃ မိုင်လောက်ပဲ ဝေးတာဆိုတော ကိုယ့်ဘက်က အဆင်သင့်အနေထားတော အမြဲ လုပ်ရပါတယ်။” ဟု အထက်ပါတာဝန်ရှိသူကဆက်​ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် CDSOM ၏စခန်းရှိပစ္စည်းအချို့ ဖျက်ဆီးခံရသော်လည်းလက်နက် ခဲယမ်းနှင့်အရေးကြီးစာရွက်စာတမ်းများ ဆုံးရှုံးခြင်းမရှိခဲ့ကြောင်း CDSOM က သတင်းထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်သည်ယခုတိုက်ပွဲဖြစ်ပွားရာနယ်စပ်ဒေသရှိ ၎င်းတို့၏ တပ်စခန်းများသို့ရိက္ခာဖြည့်တင်းရန်ပြုလုပ်​သောအခါ ကရင်နီပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်နေ၍စစ်ကောင်စီတပ်အထိနာလျက်ရှိသည်။

သတင်း

ဓါးစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောပြည်သူများတွင် ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးပါဝင်ပြီးယနေ့မတ် ၈ ရက်မနက်ပိုင်းအထိစစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

သတင်း

မတ်လ ၂ ရက်နေ့က ဆက်ကြေးတောင်းပြီးပြန်လာသော စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ပျူစောထီးနှစ်ဦး ပေါင်းလေးဦးကို ကျောက်မပ်တပ်ကျေးရွာနှင့် မြင်းခွာအော်ရွာကြားတွင် LLPDF တပ်ဖွဲ့ဝင်များက လမ်းမှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးသည့်အပြင် တပ်ကူလာသူများကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။