Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်ကြီးတံခွန်ဆရာတော် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတာဝန်ခံရမည်ဟု သံဃသမဂ္ဂ (မန္တလေး) သတိပေး

စစ်အုပ်စုသည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၁၅ ရက်က မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်ဆရာတော်ကျောင်းကို ဝင်ရောက်စီးနင်းကာ လူငယ် များကို ရိုက်နှက်ခဲ့သေးသည်။

(စစ်ဘေးရှောင်များအားကူညီစဥ်က တွေ့ရသည့် ပြည်ကြီးတံခွန်ဆရာတော်။ ဓာတ်ပုံ- သံဃသမဂ္ဂ(မန္တလေး))
(စစ်ဘေးရှောင်များအားကူညီစဥ်က တွေ့ရသည့် ပြည်ကြီးတံခွန်ဆရာတော်။ ဓာတ်ပုံ- သံဃသမဂ္ဂ(မန္တလေး))

ပြည်ကြီးတံခွန်ဆရာတော်ဦးအဂ္ဂ အသက်အန္တရာယ် ဖြစ်ပေါ်ခဲ့ပါက စစ်ကောင်စီတွင်ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်း သံဃသမဂ္ဂ (မန္တလေး)က ယမန်နေ့ (မတ်လ ၁၁ ရက်) သတိပေး ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရသည်ဟု သတင်းများထွက်ပေါ်နေသည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂသည် အာဏာသိမ်းပြီးချိန်မှစတင်ပြီး အာဏာရှင်ကို ရရာနေရာမှ ဦးဆောင်တော်လှန်ခဲ့သည့် သံဃာတော်တစ်ပါးဖြစ်သည်။

ဆရာတော်သည် စစ်အုပ်စု၏ အသက်အိုးအိမ်စည်းစိမ်များဖျက်ဆီးခြင်းခံရသည့် ပြည်သူများ၏ ဒုက္ခဆင်းရဲအပူများကို အေးမြသော မေတ္တာ၊ စာနာသောကရုဏာနှလုံးသား၊ ရဲရင့်သောသတ္တိ ယတို့ဖြင့် ဦးဆောင်ဦးရွက်ပြုကာ ပြည်သူကိုကျေးဇူးပြုနေသော တော်လှန်ရဟန်းတော် တစ်ပါးဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ပြည်သူနှင့်တိုင်းပြည်ကို ကျေးဇူးပြုသော၊ အာဏာရှင်ကို တော်လှန်နေသော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂသည် မတ်လ ၅ ရက်က မြင်းမူမြို့နယ်၊ လက္ကာပင်ကျေးရွာသို့ စစ်ကြောင်းထိုးကာဝင်ရောက်လာသော စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သတင်းကြားရကြောင်း သံဃသမဂ္ဂ (မန္တလေး)ကအဖွဲ့က ဆိုသည်။

ပြည်ကြီးတံခွန် ဆရာတော်ဦးအဂ္ဂနှင့်အတူ တော်လှန်ရေး ရဲဘော် ၇ယောက်လည်း ဖမ်းဆီးခံခဲ့ရပြီး ရဲဘော်များသတ်ဖြတ် အလောင်းဖျောက်ဖျက်ခံရသည်ဟု သတင်းရကာ ဆရာတော်၏ အခြေအနေကိုမူ တိကျစွာမသိရသေးကြောင်း သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် ပြည်သူကိုကျေးဇူးပြုကာ မတရားမှုကို အစွမ်းကုန်တော်လှန်သော ပြည်ကြီးတံခွန် ဆရာတော် ဦးအဂ္ဂ၏ အသက်အန္တရာယ်ဖြစ်ပေါ် ခဲ့ပါက ပြည်သူကို ရန်သူသဖွယ်ဆက်ဆံနေသော ပြည်ဖျက်စစ်တပ်တွင်သာ ရာနှုန်းပြည့် တာဝန်ရှိပြီး တာဝန်ခံရမည်ဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး) အသိပေးကြေငြာချက်ထုတ်ပြန်သည်။

“ ဆရာတော်သတင်းတွေတော့ကြားတယ်။ ဖုန်းကလည်းဆက်လို့မရဘူး။ ဆရာတော်က ကျွန်တော် တို့နဲ့လည်းအဆက်အသွယ်ရှိပြီး စစ်ဘေးရှောင်တွေကို ကူညီနေတာ။” ဟု စစ်ကိုင်းအ​ခြေစိုက် PDFတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

စစ်အုပ်စုသည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၁၅ ရက်က မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်ဆရာတော်ကျောင်းကို ဝင်ရောက်စီးနင်းကာ လူငယ် များကို ရိုက်နှက်ခဲ့သေးသည်။

Facebook

You May Also Like

သတင်း

မြစ်ကြီးနားမြို့မှ စစ်ယာဉ် လေးစီးဖြင့် အင်အား ၇၀ကျော်ပါ ယာဉ်တန်းသည် လက်နက်ခဲယမ်းများ ရိက္ခာများ ဖြည့်တင်းကာ KIA နယ်မြေဘက် စစ်ရေးလှုပ်ရှားလာ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

သတင်း

ယနေ့(မတ်လ ၁၁ ရက်) နံနက် ၉ နာရီခန့်က ရွှေဘို - ကျောက်မြောင်းလမ်းပိုင်းအား ကင်းပုန်းဝပ်၍ စစ်ကြောင်းထိုးပြန်လာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ပါဆယ်မိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

အကြမ်းဖက် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လှုပ်ရပ်များနှင့်စစ်ရာဇဝတ်မှုမှတ်တမ်းများကို KNDF မှစုဆောင်းလျက်ရှိပြီး လိုအပ်သလို ဆက်လက်ထုတ်ပြန်သွားမည်ဟု ဆိုသည်။

သတင်း

အဆိုပါတိုက်ပွဲများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)တပ်ဖွဲ့များဘက်မှ နှစ်ဦးကျဆုံးပြီး ၂၇ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။