Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ် တောပုရွာရှိပျူအဖွဲ့အား နှစ်ရက်ဆက်တိုက်ခိုက်ရာ လေးဦးသေဟုဆို

ဖေဖော်ဝါရီ၂၅ ရက်ကလည်း ပြည်သူ့ပဲခင်းများကို ခိုးယူရိတ်သိမ်းနေသော တောပုရွာမှ ပျူများအား မိုင်း ၅လုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ပျူတစ်ဦးသေဆုံးပြီး ဒဏ်ရာရထိခိုက်သူများကြောင်း Special Forces-11PDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း တွေ့ရသည့် ပျူစောထီးအဖွဲ့ဝင်များ၏ စစ်သင်တန်းတစ်ခု၊ ဓာတ်ပုံ - CJ
စစ်ကိုင်းတိုင်းအတွင်း တွေ့ရသည့် ပျူစောထီးအဖွဲ့ဝင်များ၏ စစ်သင်တန်းတစ်ခု၊ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာရှိ ပျူစောထီးအဖွဲ့အား နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးခဲ့ကြောင်း Special Force-11 (PDF)အဖွဲ့က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်) နံနက် ၁၀နာရီခွဲခန့်က တောပုကျေးရွာ လယ်ကွင်းများအတွင်း၌ မဟာမိတ်ရဲဘော်များနှင့် အင်အား ၃၀ဝန်းကျင်ရှိသော တောပုရွာမှ ပျူစောထီးများ နှစ်ဖက်ထိပ်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် ပျူ သုံးဦးသေဆုံးပြီး ကျန်ပျူအချို့ ပြင်းထန်ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း Special Force-11(PDF)အဖွဲ့က ပြောသည်။

ပျူအုပ်စုဘက်က လက်နက်ကြီးပစ်ကူများဖြင့်အင်အားထပ်ဖြည့်လာသောကြောင့် လက်နက်ရယူနိုင်ခြင်းမရှိကြောင်း Special Force-11 (PDF) အဖွဲ့က ဆိုသည်။

“ကြာချိန်ကတော့ ကျွန်တော်တို့ မနက် ၁၀နာရီလောက်မှာ ပွဲဖြစ်မဲ့နေရာကို စပြီးကပ်တာဗျ။ ၁၀နာရီခွဲမှာ ရင်ဆိုင်စဖြစ်တာ။ ၁၁နာရီကျော် ၁၂နီးပါးမှာ ပြန်ဆုတ်ခဲ့တာဆိုတော့ နာရီဝက် ကျော် ၄၅မိနစ်လောက်တော့ရှိမယ်ဗျ။ သူတို့ဘက်က သုံးယောက်ကျပြီး ပြန်ပြေးတဲ့အချိန် သေနတ်ကောက်ဖို့ သွားမယ်လုပ်တော့ လက်နက်ကြီးတွေ ပစ်လာတာနဲ့ လက်နက်မကောက်ခဲ့ရဘဲ ပြန်ဆုတ်လာခဲ့ရတာ။”ဟု Special Force-11 (PDF)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ကျည်အမျိုးအစား အစုံအတောင့် ၂၀၀ကျော် အသုံးပြုခဲ့ရပြီး စစ်ဆင်ရေးများဆက်တိုက်ဖော်ဆောင်နေ၍ ကျည်ဖိုးအပါအဝင် ထောက်ပံ့မှု လိုအပ်နေကြောင်း ၎င်းကပြောသည်။

စစ်ဆင်ရေးတွင် Special Force-11(PDF)၊Brave Heart Army(BHA)၊ Monywa Special ဒိတ်ဒိတ်ကြဲ၊ Monywa Dynamite-STF(Special Force-11)၊Monywa ဗန္ဓုလနှင့်အဖွဲ့သားများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ၂၅ ရက်ကလည်း ပြည်သူ့ပဲခင်းများကို ခိုးယူရိတ်သိမ်းနေသော တောပုရွာမှ ပျူများအား မိုင်း ၅လုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ပျူတစ်ဦးသေဆုံးပြီး ဒဏ်ရာရထိခိုက်သူများကြောင်း Special Forces-11PDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပြည်သူတွေရဲ့ ကောက်ပဲသီးနှံအခင်းတွေကို လာခိုးယူချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Special Forces-11PDF၊ Brave Heart Army-BHA၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Monywa -Special ဒိတ်ဒိတ်ကြဲ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီ ၂၃ရက် ညပိုင်းကလည်း စစ်ကောင်စီတပ်နှင့်ပျူများ အထိုင်ချရာ တောပုရွာသို့ ဒေသတွင်း PDFအဖွဲ့များက တာဝေးပစ် (၈၀) မမ လက်နက်ကြီးများဖြင့် (၁၇)ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်အများအပြား ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း SpecialForce-11(PDF) အဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

မန္တလေးတိုင်းမြောက်ခြမ်းတွင်လည်း သပိတ်ကျင်းမြို့နယ်ရှိ ပုဏ္ဏားကြီးရွာပျူစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးသီး၈လုံးချတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲပိုင်းက နယ်စပ်ရှိ စစ်ကောင်စီတပ်၏ ကျားပါးစပ်ကြီး တပ်စခန်းကို ကရင်နီတပ်မတော်အမှတ်(၂)တပ်ရင်း ကွန်မန်ဒိုတပ်ဖွဲ့နှင့် Drone တပ်ဖွဲ့ တို့မှ Drone ဖြင့်စေလွှတ်၍ ဗုံးသီး(၈)လုံး ပစ်ချတိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့သည်ဟုဆိုသည်။

သတင်း

ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၆နာရီခွဲခန့်က အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းများအား လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း

မိုင်းထိမှန်ဒဏ်ရာရသူ ငါးဦးအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အ​ခြေအ​နနေတွင်ရှိနေသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများဖော်ပြနေသည့် Infinity Group က ထုတ်ပြန်ထားသည်။