Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောက်ဥက္ကလာ (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဗုံးခွဲတိုက်ခိုက်၊ ထိခိုက်မှုရှိနိုင်ဟု YUF ပြော

ပစ်ခတ်လိုက်သည့် ပေါက်ကွဲအားပြင်း လက်ပစ် ဗုံးသည် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ထောက်တိုင်များစုဝေးနေသည့်နေရာအနီးကျရောက် ပေါက်ကွဲခဲ့ပြီး မီးခိုးလုံးများထွက် လာပြီးနောက် အော်ဟစ်သံများပါကြားရကြောင်း YUF တာဝန်ရှိသူက ရှင်းပြသည်။

မြောက်ဥက္ကလာ (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဗုံးခွဲတိုက်ခိုက်၊ ထိခိုက်မှုရှိနိုင်ဟု YUF ပြော
မြောက်ဥက္ကလာ (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဗုံးခွဲတိုက်ခိုက်၊ ထိခိုက်မှုရှိနိုင်ဟု YUF ပြော

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ (ဃ) ရပ်ကွက် စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Underground Force(YUF)က ပြောသည်။

ယနေ့ (မတ် ၁၆ ရက်) နေ့လယ် ၂ နာရီ မိနစ် ၄၀ ခန့်က (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စစ်တပ်ထောက်တိုင်များစုဝေးနေစဥ် YUF မှဦးဆောင်၍ Freeland Attack Force (FlA)၊ Emerald Girls Army ( EGA)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ ဖောက်ခွဲမှုလုပ်မယ့်အချိန် အဲဒီရုံးထဲ စကစအုပ်ကြီးတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ စစ် တပ်ထောက်တိုင် သတင်းပေးဒလန်တွေ ရှိနေပါတယ်။ အဲဒီလူအုပ်ထဲကို ပစ်ခတ်ဖောက်ခွဲခဲ့တာပါ။ အများအပြား ထိခိုက်နိုင်ပါတယ်ဗျ” ဟု YUF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ပစ်ခတ်လိုက်သည့် ပေါက်ကွဲအားပြင်း လက်ပစ် ဗုံးသည် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ထောက်တိုင်များစုဝေးနေသည့်နေရာအနီးကျရောက် ပေါက်ကွဲခဲ့ပြီး မီးခိုးလုံးများထွက် လာပြီးနောက် အော်ဟစ်သံများပါကြားရကြောင်း YUF တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားပြီး မိနစ်ပိုင်းအကြာတွင် စစ်ကောင်စီတပ်မှ အင်အား (၄၀)ခန့်ဖြင့် (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ရောက်ရှိလာပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုဖြစ်မြောက်ရေးအတွက် ကူညီပေးခဲ့သော Milk Tea Aliance Yangonနှင့် အလှူရှင် မိဘပြည်သူတစ်ယောက်ချင်းဆီအား ကျေးဇူးအထူးတင်ရှိကြောင်းနှင့် UG ရဲဘော်များ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း YUF က အသိပေးထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းကလည်း မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးရုံးသို့ စစ်ကောင်စီတပ်များစုဝေးရောက်ရှိနေချိန် YUF က ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

You May Also Like

သတင်း

ရန်ကုန်မြို့တွင် စစ်​ကောင်စီတပ်က အရပ်ဝတ်များဖြင့်ပါလုံခြုံ​ရေးတိုးမြှင့်ထားသလို ၊​နေရာအချို့တွင် ဗုံး​တွေ့သည်ဟုဆိုကာ ​တွေ့ရာလူငယ်များကိုဖမ်းဆီးမှုများလုပ်​နေသည်။ထိုအ​ခြေအ​နေကြားမှပင် မြို့ပြ​ပြောက်ကျားအဖွဲ့က စစ်​ကောင်စီ​ပစ်မှတ်များကိုတိုက်ခိုက်​နေခြင်းဖြစ်သည်။

သတင်း

ပေါက်ကွဲမှုတွေဟာ မနေ့က ဖေဖော်ဝါရီ ၇ ရက် ည ၈ နာ ရီကျော်ကစပြီး ပုဏ္ဏားစု၊ ဆိုရှယ်လစ် (၉)လမ်း၊ ဆို ရှယ်လစ် (၃)လမ်း၊ မဟာစေတီဘက်ခြမ်းနဲ့ တိုင်းဘော လုံးကွင်းအနီးညစျေး စတဲ့နေရာတွေမှာ ပေါက်ကွဲမှု နေရာခြောက်ခုထက်မနည်း ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂)ည ၇ နာရီ ၅၀မိနစ်ခန့်က ဝေါမြို့နယ် မြစ်ကျိုးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းအား KNLA၊ PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးတစ်လုံးပစ်ချကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ယနေ့(ဇန်နဝါရီ ၁၀)ညနေ ၃နာရီခန့်က ထောက် ကြန့်စည်ပင်ရုံး ဘန်ကာအတွင်းရှိ စစ်ကောင်းစီတပ်သားများအား လက်ပစ်ဗုံးတစ်လုံးပစ်သွင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘန်ကာထိခိုက်ပျက်စီးသွားကာ စစ်ကောင်စီတပ်သားများလည်း ထိခိုက် မှုရှိနိုင်သည်ဟု ဆိုသည်။