Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တွန်းဇံမြို့နယ်တွင် စစ်ကောင်စီတပ် စွန့်ခွာသွားသည့် ဒါရ်ခိုင်းတပ်စခန်းကို CNA မီးရှို့ဖျက်ဆီး

အမှတ်(၂၆၈)ခြေလျင်တပ်ရင်း ဒါရ်ခိုင်းတပ်စခန်းကို CNAတပ်ဖွဲ့က မတ်လ ၁၇ရက်တွင် ဝင်ရောက်မီးရှို့ခဲ့ကြောင်း The Rihli Voiceက ဖော်ပြခဲ့ရာ ဆလိုင်းထက်နီက အတည်ပြုဖြေကြားခဲ့ခြင်းဖြစ်သည်။

(အမှတ်(၂၆၈)ခြေလျင်တပ်ရင်း ဒါရ်ခိုင်းတပ်စခန်းအား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - The Hakha Post)
(အမှတ်(၂၆၈)ခြေလျင်တပ်ရင်း ဒါရ်ခိုင်းတပ်စခန်းအား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - The Hakha Post)

ချင်းပြည်နယ် တွန်းဇံမြို့နယ် ဒါရ်ခိုင်းရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CNA)က မီးရှို့ဖျက်ဆီးလိုက်ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။

အမှတ်(၂၆၈)ခြေလျင်တပ်ရင်း ဒါရ်ခိုင်းတပ်စခန်းကို CNAတပ်ဖွဲ့က မတ်လ ၁၇ရက်တွင် ဝင်ရောက်မီးရှို့ခဲ့ကြောင်း The Rihli Voiceက ဖော်ပြခဲ့ရာ ဆလိုင်းထက်နီက အတည်ပြုဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တပ်စခန်းသည် ၂၀၂၂ နိုဝင်ဘာ ၁ရက် တွင် ရုတ်သိမ်းသွားခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

ယင်းတပ်စခန်းရှိ စစ်ကောင်စီတပ်သားများကို ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း The Rihli Voiceက ဖော်ပြသည်။ ဒါရ်ခိုင်းရွာသည် မြန်မာ- အိန္ဒိယနယ်စပ်၌ တည်ရှိသည့် ကျေးရွာဖြစ်သည်။

ချင်းပြည်နယ် ဒေသအချို့တွင် အရင်ကလည်း အင်အားနည်းသည့် စစ်ကောင်စီတပ်စခန်းအချို့ စခန်းကို စွန့်ခွာရုတ်သိမ်းခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့သည်။

ချင်းပြည်နယ်တွင် CNA နှင့် ဒေသအသီးသီးရှိ ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်တို့ အားကောင်းလာပြီး ထန်တလန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခြင်း၊ စစ်ကောင်စီ တပ်စစ်ကြောင်း၊ ယာဉ်တန်းနှင့် တပ်စွဲရာနေရာများကို တိုက်ခိုက်ခြင်းများ မကြာခဏ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်။

You May Also Like

သတင်း

ယမန်နေ့(မတ်လ ၁၇ ရက်)၊နံနက် ၆ နာရီခွဲခန့်တွင် KNDFတပ်ပေါင်းစုမှ လွိုင်ကော်မြို့၊ လင်ဖုံလေးလမ်းခွဲရှိ စစ်ကောင်စီတပ် ကင်းပုန်းတစ်ခုမှ စစ်ကောင်စီတပ်သားများအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

ရေစကြို(ပကဖ) အနေဖြင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ပစ်မှတ်များကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်သူလူထုများ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေသည့် တော်လှန်ရေးဖြစ်၍ ပြည်သူများအနေဖြင့် ဆက်လက်၍ ပံ့ပိုးကူညီကြရန် ရဲဘော်ဝေကြီးက ပြောကြားထားသည်။

သတင်း

မတ်လ(၁၇)ရက် မနက်နှင့် ညနေပိုင်းတို့တွင် ကရင်ပြည်နယ် သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်တပ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၂) တပ်ရင်း(၅)တပ်ဖွဲ့ဝင်များက လက်နက်ကြီးရှော့တိုက်ဒုံးဖြင့် (၃)ကြိမ် သွားရောက်ပစ်ခတ်ခဲ့သည်ဟု အထက်ပါသတင်းရင်းမြစ်တို့က အတည်ပြု ပြောကြားသည်။

သတင်း

ကျန်တဲ့ ပါတီတွေကတော့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာပဲ ပြိုင်ကြဖို့ မှတ်ပုံတင်ကြတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။