Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မော်လမြိုင်ရှိ ရတခတိုင်းစစ်ဌာနချုပ်ကို ​တော်လှန်​ရေးအဖွဲ့များ ဒရုန်းဖြင့်တိုက်ခိုက်

အရှေ့တောင်တိုင်းစစ်ဌာနချုပ် လေယာဉ်ကွင်း သည်ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘုရားသုံးဆူနှင့်ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွဒေသ ဘက်သို့ စစ်တပ်ကလေကြောင်းမှ တိုက်ခိုက်ရာတွင်အသုံးပြုနေသောကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းမော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက မတ် ၁၇တွင်ထုတ်ပြန်သည်။

(ရတခ တိုင်းဝန်းအတွင်းရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့​သော​နေရာများကို ​မော်လမြိုင် ပကဖ က​မြေပုံဖြင့်ပြသထားမှု)
(ရတခ တိုင်းဝန်းအတွင်းရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့​သော​နေရာများကို ​မော်လမြိုင် ပကဖ က​မြေပုံဖြင့်ပြသထားမှု)

မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)ဝန်းအတွင်းရှိ ရဟတ်ယာဉ်ကွင်းနှင့် အရာရှိအိမ်ယာတို့ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် KNDO တို့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖနှင့် ​ဒေသခံများထံမှသိရသည်။

မတ်လ၁၆ ရက် ည၉နာရီ ၇မိနစ်မှ ၉နာရီ ၄၀မိနစ်ကြားတွင်ဒရုန်းဖြင့် သုံးကြိမ်ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိသည်။

“ လေယာဉ်ကွင်းဘက်ကနေပေါက်ကွဲသံကြားတယ်။ တော်တော်လည်း ကျယ်တယ်။သေနတ်သံလည်းကြားလိုက်တယ်။ စစ်တပ်ဝင်းထဲဆိုတော့ ဘာသတင်းမှတော့ ထွက်မလာဘူး” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် လေယာဉ်ကွင်း သည်ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘုရားသုံးဆူနှင့်ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွဒေသ ဘက်သို့ စစ်တပ်ကလေကြောင်းမှ တိုက်ခိုက်ရာတွင်အသုံးပြုနေသောကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းမော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက မတ် ၁၇တွင်ထုတ်ပြန်သည်။

ဒရုန်းငါးစီးဖြင့် တိုက်ခိုက်ရန်စီစဉ်ထားသော်လည်း လုံခြုံရေးအရ ဒရုန်းသုံးစီးဖြင့်သာ တိုက်ခိုက်ခဲ့ရပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တိုက်ခိုက်ချိန်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း ရဟတ်ယာဉ်ကွင်း၌ ရဟတ်ယာဉ်နှစ်စင်းရှိနေသည်ဟု ပါရှိသည်။

Public Service Announcement
Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို KNDO တပ်ဖွဲ့ဝင်များနှင့် ရှာထူးဝေါ်ဒရုန်းနည်းပညာတပ်ဖွဲ့၊ ကျိုက်မရောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းအသိ​ပေးထားသည်။

“ တိုက်ခိုက်ခံရမှုကဖြစ်ခဲ့တယ်ဗျ။ တိုင်းစစ်ဌာနချုပ်ဆိုတော့ သတင်းကို ဖုံးဖိထားတာ” ဟု မော်လမြိုင်မြို့မှ ဌာနဆိုင်ရာအရာရှိတစ်ဦးကပြောသည်။

​အဆိုပါတိုက်ခိုက်မှုတွင်ထိခိုက်ပျက်စီးမှုရှိ ၊မရှိကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

သို့​သော်တိုက်ခိုက်ခံရပြီး​နောက် ​မတ်လ၁၇ ရက်တွင် ရတခ အတွင်းစစ်သားများ​ခြေရှုပ်​နေပြီး ​မော်လမြိုင်မြို့တွင်လုံခြုံ​ရေးမြှင့်ထား​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

ထို့အပြင်ထပ်မံရရှိ​သောသတင်းများအရ တိုက်ခိုက်ခံရပြီး​နောက် ရတခ တစ်ဝန်းလုံးမီးအ​မှောင်ချလိုက်​ကြောင်း၊ အရာရှိ ၂ ဦးအပါအဝင် ထိ့ခိုက်ပျက်စီးမှုများရှိခဲ့ပြီးစစ်တပ်က မတ် ၁၇ ရက်တစ်ရက်လုံး တပ်ဖွဲ့ဝင်များကို အပြင်​ပေးမထွက်ဘဲ သတင်းအ​မှောင်ချထား​ကြောင်း စစ်​ကောင်စီသတင်း​ပေးအချို့က​ပြောသည်။

စစ်ကောင်စီတပ်သည် မတ်လ ၁၇ရက်နံနက်ပိုင်းတွင် ရေးမြို့နယ် အစင်/ဇီးဖြူတောင်ကမ်းခြေမှတဆင့် စစ်ရေယာဥ်သုံးစင်းဖြင့် ခေါ်ဆောင်လာသည့် တပ်ဖွဲ့ဝင်အများအပြား အင်အားတိုးနေကြောင်းမော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက အသိပေးထားသည်။

You May Also Like

သတင်း

စစ်ကောင်စီက ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူလေးဦးလက်နက် ကြီးထိမှန် ဒဏ်ရာရကာ တစ်ဦးမှာ ပြင်းထန်ဒဏ် ရာရရှိခဲ့ကြောင်း BPDFက အသိပေးသည်။

သတင်း

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအနက် သုံးဦးမှာ ရေကင်းဆေးရုံးရောက်မှ သွေးထွက်လွန်သေဆုံးခြင်းဖြစ်ကာ ကျန်ခုနစ်ဦးမှာ ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

သတင်း

ရေစကြို(ပကဖ) အနေဖြင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ပစ်မှတ်များကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်သူလူထုများ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေသည့် တော်လှန်ရေးဖြစ်၍ ပြည်သူများအနေဖြင့် ဆက်လက်၍ ပံ့ပိုးကူညီကြရန် ရဲဘော်ဝေကြီးက ပြောကြားထားသည်။

သတင်း

မတ်လ(၁၇)ရက် မနက်နှင့် ညနေပိုင်းတို့တွင် ကရင်ပြည်နယ် သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်တပ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၂) တပ်ရင်း(၅)တပ်ဖွဲ့ဝင်များက လက်နက်ကြီးရှော့တိုက်ဒုံးဖြင့် (၃)ကြိမ် သွားရောက်ပစ်ခတ်ခဲ့သည်ဟု အထက်ပါသတင်းရင်းမြစ်တို့က အတည်ပြု ပြောကြားသည်။