Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘောလခဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သုံးဦးသေ၊ ၁၀ဦးထက်မနည်းဒဏ် ရာရ

စစ်ကောင်စီက ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူလေးဦးလက်နက် ကြီးထိမှန် ဒဏ်ရာရကာ တစ်ဦးမှာ ပြင်းထန်ဒဏ် ရာရရှိခဲ့ကြောင်း BPDFက အသိပေးသည်။

(ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - BPDF)
(ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - BPDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကာ ၁၀ဦးထက်မနည်းဒဏ်ရာရရှိကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့နောက်အထိနာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာအနီးရှိ ရေနီပေါက်ရွာသား ခုနစ်ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီး ယနေ့အချိန်ထိ ပြန်မလွှတ်ပေးသေးဟု ယင်းအခြေအနေနှင့်ပတ်သက်ပြီး ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)က ထုတ်ပြန်သည်။

“ ဘောလခဲမြို့အထွက် ဖားဆောင်ကြား ရေနီပေါက် ကြိုးတံတားနားမှာ စောင့်တိုက်ခဲ့တာ” ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲမှာ မတ်လ ၁၆ရက် နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် အင်အား ၁၂၀ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုတိုက်ပွဲကို အလယ်ပိုင်းတိုင်းစစ်ဒေသတပ်ရင်းများဖြစ်သည့် အမှတ် (၁၁၀၁၊ ၁၁၀၂၊ ၁၁၀၄၊ ၁၁၀၆၊ ၁၁၀၇၊ ၁၁၀၈)၊ ဘော်လခဲ PDFနှင့် KNDF တပ်ရင်း (၂၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

စစ်ကောင်စီက ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူလေးဦးလက်နက် ကြီးထိမှန် ဒဏ်ရာရကာ တစ်ဦးမှာ ပြင်းထန်ဒဏ် ရာရရှိခဲ့ကြောင်း BPDFက အသိပေးသည်။

ယခုလဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲနှင့် ပင်လောင်းမြို့နယ်တိုက်ပွဲများ၌ သေဆုံးသူ ၄၀ဦးထက်မနည်းရှိပြီး စစ်ကောင်စီတပ်သားခြောက်ဦး အရှင်ဖမ်းမိထားသည်။

You May Also Like

သတင်း

စစ်ကောင်စီယာဉ်တန်းသည် ယခုတစ်ခေါက်တွင် မင်းတပ်မြို့အထိသာ လာရောက်ခြင်းဖြစ်ပြီး မတူပီသို့ ဆက်လက်သွားရောက်ခြင်းမရှိပေ။

သတင်း

ယမန်နေ့က စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည့်KIA၊ PDF ပူးပေါင်းတပ်ဖွဲ့သည် ယခုအခါ အန္တရာယ်ကင်းသည့်နေရာအား ရောက်ရှိနေပြီဟု သိရသည်။

သတင်း

မတ္တရာမြို့နယ်၊ အနောက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့်ဒေသတွင်း PDFများ ယမန်နေ့ကအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်ဘက်က ထိခိုက်သေဆုံးမှုများရှိနေသည်။

သတင်း

ယမန်နေ့ မွန်းလွဲ ၂နာရီခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှတက်လာသည့် Mi-35 တိုက်ခိုက်ရေးသုံးရဟတ်ယာဥ်ဖြင့် ဆိပ်ခွန်ရွာကို လေကြောင်းမှ မိနစ် ၄၀ခန့်ကြာအထိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။