Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တိုက်ပွဲ စစ်သား ၃ဦး​သေ

ယမန်နေ့က စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည့်KIA၊ PDF ပူးပေါင်းတပ်ဖွဲ့သည် ယခုအခါ အန္တရာယ်ကင်းသည့်နေရာအား ရောက်ရှိနေပြီဟု သိရသည်။

PDF
PDF

▪︎စစ်တပ်ကလက်နက်ကြီးဖြင့်ရမ်းပစ်၍ ဒဏ်ရာရပြည်သူ ၇ဦးထဲမှ ၆ဦး​သေဆုံးဟု​ဒေသခံများ​ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ညနေက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ကပစ်သည့် လက်နက်ကြီးကျည်ထိ၍ပြည်သူ ခြောက်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့(မတ်လ ၁၈ရက်) ညနေ ၆နာရီခန့်က ဖားကန့်မြို့အဝင် လုံးခင်း‌ကျေးရွာ မျောက်ကုန်းနေရာတွင် ကားပေါ်လိုက်ပါလာသော စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) နှင့် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်ဖွဲ့က လမ်းမှဖြတ်၍တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်ခဲ့သည်။

“ စစ်‌‌​ေ-တွေ၊ ရဲ​ေ-တွေ စီးလာတဲ့ ကားကစကာပေါက်ဖြစ်သွားတယ်။ သူတို့သေတာ လူသိမှာစိုးလို့လမ်းကို ပိတ်ပစ်လိုက်ပြီး ဒီနေ့မနက်မှ ပြန်ဖွင့်ပေးတာ။ သူတို့ဘက်က သုံးယောက်သေတာတော့သိတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးကPeople’s Spring သတင်းဌာနသို့ပြောသည်။

KIA
KIA

တိုက်ခိုက်မှုခံရပြီးနောက် စစ်ကောင်စီတပ်က ၎င်းတို့တပ်စွဲထားသည့်မှော်မောင်းလျံကုန်းပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လုံးခင်းကားကြီးဝင်းထဲသို့ ကျရောက်ပေါက်ကွဲသဖြင့် ‌ဒေသခံ ခုနှစ်ဦး ဒဏ်ရာရခဲ့သည်။စစ်ကောင်စီက လမ်းပိတ်ထားသောကြောင့် ဒဏ်ရာရသူများကို ညတွင်းချင်း သွားရောက်သယ်ယူနိုင်ခြင်းမရှိခဲ့ပေ။

ဒဏ်ရာရသူများအား ယနေ့(မတ်လ ၁၉ရက်) နံနက်တွင် သွားရောက်သယ်ယူရာ ၆ ဦးသေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများကပြောသည်။ သေဆုံးသူများမှာ အမျိုးသားလေးဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

“ စစ်တပ်က ဒီလိုပဲ။ ရမ်းသမ်းပစ်တာပဲလုပ်တတ်တာ။ အခု အရပ်သားတွေ သေတာ သူတို့ ဘာတာဝန်မှ မယူဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ယမန်နေ့က စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည့်KIA၊ PDF ပူးပေါင်းတပ်ဖွဲ့သည် ယခုအခါ အန္တရာယ်ကင်းသည့်နေရာအား ရောက်ရှိနေပြီဟု သိရသည်။

“ KIA၊ PDF ပစ်တဲ့နေရာက တကယ့် ထွက်ပေါက်ပိတ်နေတဲ့ နေရာဗျ။လူငယ်တွေ တော်တော် သတ္တိရှိတယ်။ အကုန်လုံး သူ့ဌာနေ ပြန်ရောက်နေပြီ။ သူတို့က အမိန့်မရလို့။ အမိန့်သာရ‌လို့ကတော့ တိုက်ချင်နေကြတာ” ဟု ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

Facebook

You May Also Like

သတင်း

CNO/CNDF မှ သတင်းပြန်လည် ထုတ်ပြန်မှု တစုံတရာ မရှိမခြင်း ခရီးသွားလာခြင်းမပြုရန် သတိပေးထားပြီး ထုတ်ပြန်ချက်အားလိုက်နာကြရန် အသိပေးထားသည်။

သတင်း

စစ်ကောင်စီက ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူလေးဦးလက်နက် ကြီးထိမှန် ဒဏ်ရာရကာ တစ်ဦးမှာ ပြင်းထန်ဒဏ် ရာရရှိခဲ့ကြောင်း BPDFက အသိပေးသည်။

သတင်း

ယမန်နေ့ မွန်းလွဲ ၂နာရီခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှတက်လာသည့် Mi-35 တိုက်ခိုက်ရေးသုံးရဟတ်ယာဥ်ဖြင့် ဆိပ်ခွန်ရွာကို လေကြောင်းမှ မိနစ် ၄၀ခန့်ကြာအထိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း

KIA တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ် ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် မတ်လ ၉ရက်မှစ၍ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေ သည်ဟု KIAက ဆိုသည်။