Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူ ၆၀၀၆တင့်ကားတပ်မှ ဗိုလ်​တစ်ဦးကိုယ်တိုင်အဆုံးစီရင်

မတ်လ ၁၀ရက်မှ၁၃ရက်အတွင်း လက်နက်ကြီးဖြင့် ဆယ်ကြိမ်ခန့်ပစ်ခတ်ခဲ့၍ ဒေသခံ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု​တော်လှန်​ရေူအင်အားစုများက​ပြောသည်။

(စစ်တပ်က အာဏာသိမ်းပြီး​နောက် ငြိမ်းချမ်းစွာဆန္ဒပြသူများကို တင့်ကားများ၊သံချပ်ကာကားများ လမ်း​ပေါ်ထုတ်​မောင်းပြ၍ ခြိမ်း​ခြောက်ခဲ့စဥ်။ဓါတ်ပုံ-Getty Images)
Myanmar soldiers patrol the street during a demonstration against the military coup outside the Central Bank in Yangon, Myanmar on February 15, 2021. (Photo by Myat Thu Kyaw/NurPhoto via Getty Images)

ကန့်ဘလူအခြေစိုက် စစ်ကောင်စီ တင့်ကားတပ်ရင်းမှ ဗိုလ်တစ်ဦးသည် မတ်လ ၁၇ရက်တွင် ကိုယ့်ကိုယ်ကို သတ်သေသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။

၆၀၀၆ တင့်ကားတပ်ရင်းမှ ဗိုလ်ဇေယျာထွန်းသည် အရက်အလွန်အကျွံသောက်ပြီးနောက် မတ်လ ၁၇ရက် နံနက်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“ သူ့မိသားစုက ရန်ကုန်မှာနေတာ။ မိန်းမနဲ့အဆင်မပြေဘူးကြားတယ်။ သူ့မိန်းမကလည်း လူမှုရေးပြဿနာရှိတယ်လို့ ကြားတယ်။ တပ်ထဲမှာလည်းသူမပျော်ဘူး။ စစ်လည်းမတိုက်ချင်ဘူးလို့ ပြောတယ်။ သူသတ်သေတာကို စစ်တပ်က လိုက်ဖုံးနေတယ်” ဟု၆၀၀၆ တင့်ကားတပ်ရင်းတွင် တာဝန်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးကPeople’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement
Public Service Announcement

ကန့်ဘလူအခြေစိုက် ၆၀၀၆ တင့်ကားတပ်ရင်းတွင် ပြီးခဲ့သည့်လက အခြားဒေသမှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် ‌အရပ်သားများရှိရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

မတ်လ ၁၀ရက်မှ၁၃ရက်အတွင်း လက်နက်ကြီးဖြင့် ဆယ်ကြိမ်ခန့်ပစ်ခတ်ခဲ့၍ ဒေသခံ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု​တော်လှန်​ရေူအင်အားစုများက​ပြောသည်။

မတ်လ ၁၈ရက်ညကလည်းကန့်ဘလူမြို့တဖက်ကမ်းရှိသပိတ်ကျင်းမြို့ဘက်မှနေ၍ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် ကန့်ဘလူမြို့ ပန်းစည်ကြီးရွာမှ နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။

You May Also Like

သတင်း

ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်များက ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ မီးရှို့ခြင်းများ မကြာခဏ ပြုလုပ်​နေရာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများမကြာခဏဖြစ်ပွား​နေသည်။

သတင်း

မိုင်းထိမှန်ဒဏ်ရာရသူ ငါးဦးအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အ​ခြေအ​နနေတွင်ရှိနေသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများဖော်ပြနေသည့် Infinity Group က ထုတ်ပြန်ထားသည်။

သတင်း

ဖေဖော်ဝါရီ ၁၉ ရက်တွင် ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာအား စစ်ကောင်စီတပ်မှ အင်အား ၈၀ခန့်ဖြင့် မီးရှို့ခဲ့ရာ နေအိမ် ၂၁၈လုံး မီးလောင် ပျက်စီးခဲ့သည်ဟု မြေပြင်သတင်းပေးပို့ချက်ရရှိကြောင်း ဖော်ပြသည်။

သတင်း

ကန့်ဘလူအ‌ခြေစိုက်စစ်ကောင်စီတပ် ၃၆၉ တပ်ရင်းစစ်ကြောင်းကမြေမွန်ကျေးရွာကို ဖေဖော်ဝါရီ ၁၈ရက်ညတွင်စစ်​ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဖေ‌ဖော်ဝါရီ၁၉ရက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။