Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်နယ်တွင် စစ်ကောင်စီ ဘီလူးစစ်ကြောင်းအား ‌PDFများက ကိုယ်တိုင်ထုတ်ရော့ကတ်၊ ဒရုန်းများဖြင့် တိုက်ခိုက်

စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း တိုက်ခိုက်ရေးဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း MSPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MSPDF)
(စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MSPDF)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၌ စစ်ကောင်စီစစ်ကြောင်းအား ကိုယ်တိုင်ထုတ် ရော့ကတ်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄) – MSPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၁၈ ရက် မွန်းလွဲ ၁၂နာရီခွဲခန့်က မြောင်မြို့နယ်၊ သာဂေါင်ရွာနှင့် မင်းလှကျေးရွာများသို့ ဝင်ရောက်နေသော စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းအား စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF နှင့် မဟာမိတ်များမှ Air Bomb သုံးလုံးချ တိုက်ခိုက်ခဲ့ကြောင်း MSPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် MSPDFအဖွဲ့ကိုယ်တိုင်ထုတ် ‌ရောကတ် ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုနှစ်ခုတွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုများနိုင်ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း တိုက်ခိုက်ရေးဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း MSPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ အရင်ဘီလူးစစ်ကြောင်းပါပဲ။ အရင်အင်အားက ၁၃၀ခန့်ရှိတာ။ အခု ၁၀၀ခန့်ပဲ ရှိမယ်။ သေတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို စက်လှေတွေနဲ့ ပို့လိုက်လို့ပါ။ ဒရုန်းဆုံးရှုံးတာက လွှတ်တဲ့အချိန် အပင်နဲ့ငြိပြီး ပေါက်ကွဲသွားတာ။” ဟု အထက်ပါတာဝန်ခံက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးများတွင် စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်(၄)-MSPDFနှင့်CDSOMအနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ – 001၊ အညာသားပြောက်ကျားတပ်ဖွဲ့၊ Phoenix ပြောက်ကျားတပ်ဖွဲ့၊ CHU PDF၊ MinGin Guerilla Force (MGF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ယင်းစစ်ကြောင်းသည် မြင်းမူနယ်၊ တာတိုင်ကျေးရွာတွင် အစုလိုက်၊အပြုံလိုက်သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ဒေသတွင်း PDFများက ဘီလူးစစ်ကြောင်းဟု အမည်ပေးထားသည်။

မတ်လ ၁၆ရက်ရက် မွန်းလွဲပိုင်းကလည်း မြောင်မြို့နယ်၊ ပေါက်ချောင်းရွာ သရက်ခြံထဲသို့ ရောက်ရှိနေသော ထိုစစ်ကောင်စီစစ်ကြောင်းအား ညီနောင်မဟာမိတ်အဖွဲ့များက အီနာဂါဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိ​ခိုက်သေဆုံးမှုများပြားခဲ့သည်။

(စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – MSPDF)

You May Also Like

သတင်း

ကြေးနန်းလက်ခံရရှိမှုအရ ဖေဖော်ဝါရီအတွင်း စစ်ကောင်စီမှ KNU တပ်မဟာ ခရိုင်သုံးခုတို့တွင် တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်မှု ၂၁ကြိမ် ရှိခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

မတ်လ ၂၀ရက်တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ချင်းအမျိုးသားနေ့ ကြေညာချက်ကို CNFက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ အခွင့်အရေး တောင်းဆိုခြင်းများကို အထူးရှောင်ရှားရန် လည်း တိုက်တွန်းထားသည်။

သတင်း

စစ်ကောင်စီ တပ်မ (၉၉)လက်အောက်ခံ ဘီလူးစစ်ကြောင်းသည် မြင်းခြံနှင့် မြောင်နယ်ဘက်များမှနေ၍ ရေလယ်ကျွန်းဒေသဘက်ကူးကာ စစ်ကြောင်းထိုးနေသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး မတ်လ ၁၈ ရက် က MBT ဌာနချုပ်စခန်းအား စွန့်ခွာပေးခဲ့ရသည်ဟု ဆိုသည်။

သတင်း

၁၉၈၉ ခုနှစ်၊စက်တင်ဘာ ၂၇ တွင်စတင်တည်​ထောင်ခဲ့​သော ALD ပါတီသည် ၁၉၉၀ ​ရွေး​ကောက်ပွဲတွင် လွှတ်​တော်​နေရာ ၁၁ ​နေရာအနိုင်ရရှိခဲ့ပြီး ၊လွှတ်​တော်​နေရာ ၃၉၂ ​နေရာအနိုင်ရရှိခဲ့​သော NLD ၊ လွှတ်​တော်​နေရာ ၂၃ ​နေရာအနိုင်ရရှိခဲ့​သော SNLD ပါတီတို့ပြီးလျှင် လွှတ်​တော်​နေရာ တတိယအများဆုံးအနိုင်ရရှိခဲ့​သောပါတီဖြစ်သည်။