Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်၊ ဇီးကုန်းရွာအနီးတိုက်ပွဲ စစ်တပ်အထိနာ

စစ်ကောင်စီတပ်သည်ထီးချိုင့်နယ်ကိုမတ်လဆန်းကစ၍ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏတိုက်ပွဲဖြစ်​နေသည်။

(KIA နှင့် PDF တပ်ဖွဲ့ဝင်တစ်ဦးစီကို​တွေ့ရစဥ်)
(KIA နှင့် PDF တပ်ဖွဲ့ဝင်တစ်ဦးစီကို​တွေ့ရစဥ်)

ထီးချိုင့်မြို့နယ် ဇီးကုန်းရွာအနီးတိုက်ပွဲတွင်ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၃၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများကို အထမ်းဖြင့် သယ်ထုတ်သွားကြောင်း ​​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

ကသာ-ထီးချိုင့်လမ်း၊ ကျောက်မှော်အုပ်စု၊ ဇီးကုန်းရွာမှ ကြက်ခြံဝင်းတစ်ခုတွင် ဝင်ခိုနေသော စစ်ကောင်စီတပ်ကို ယမန်နေ့(မတ်လ ၂၀ရက်) နံနက် ၇နာရီ ခွဲခန့်တွင် KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(KIA နှင့် PDF တပ်ဖွဲ့ဝင်တစ်ဦးစီကို​တွေ့ရစဥ်)
(KIA နှင့် PDF တပ်ဖွဲ့ဝင်တစ်ဦးစီကို​တွေ့ရစဥ်)

“ ဝင်းအောင်ရဲ့ ကြက်ခြံမှာကျွန်တော်တို့ ဝင်အုပ်တာ။ ဒဏ်ရာရတွေကို အထမ်း ၁၁ထမ်းနဲ့ သယ်သွားတယ်။ ၃၀လောက် ပြုတ်သွားတယ်” ဟု အထက်ပါရဲဘော်ကPeople’s Spring သတင်းဌာနသို့ပြောသည်။

စစ်​ကောင်စီတပ်​သေဆုံး၊ဒဏ်ရာရမှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

ဝင်းအောင်ဆိုသူသည် စစ်ကောင်စီစစ်ကြောင်းများ လာတိုင်း ၎င်း၏ ခြံတွင် လက်ခံထားလေ့ရှိသူဟု ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းအချို့မှဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ဘက်ကတော့ KIA တပ်ရင်း(၉) ဦးဆောင်မှုနဲ့ ချနေတာ။ စစ်ကြောင်းက အထမ်းတွေနဲ့ ဆက်ထွက်သွားတယ်” ဟုPDFတစ်ဦးကလည်းပြောသည်။

တိုက်ခိုက်ခံရသောစစ်ကြောင်းသည်ယနေ့(မတ်လ ၂၁ရက်)တွင် ကျောက်မှော်ကျေးရွာအနီး စိုးထက်ကျော်ထန်းတဲတွင် ရောက်ရှိနေကြောင်းဒေသခံများက​ပြောသည်။

ထိုစစ်​ကြောင်းသည်ကျောက်မှော်ရွာ ဒေသခံအမျိုးသားနှစ်ဦးနှင့်နန့်အင်းရွာမှ အမျိုးသားတစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

စစ်ကောင်စီတပ်သည်ထီးချိုင့်နယ်ကိုမတ်လဆန်းကစ၍ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏတိုက်ပွဲဖြစ်​နေသည်။

မတ်လ ၉ရက်က ထီးချိုင့်မြို့ ကျောက်မှော်ရွာ အနောက်ပိုင်းရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် ကားနှင့်ဆိုင်ကယ်အချို့ ဆုံးရှုံးခဲ့ရ​သော်လည်းပြည်သူ့ကာကွယ်

ရေးတပ်ဖွဲ့ဝင်များ အချိန်မီ တိမ်းရှောင်နိုင်ခဲ့သည်။ အဆိုပါPDFစခန်းတစ်ခုကိုသိမ်းယူခံရပြီးနောက် အိမ်ခြေ ၆၀၀ ခန့်ရှိသော ကျောက်‌မှော်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဒေသတွင်းရှိ ရွာပေါင်း ၃၉ရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း၊ ယင်းကျေးရွာများအနက် ကျေးရွာပေါင်း (၃၁)ရွာမှ လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်ကို စာရင်းအတည်ပြုနိုင်ခဲ့ပြီး ကျန် ၈ရွာမှ လူဦးရေစာရင်းကိုမူ အတည်မပြုနိုင်သေးဟု ထုတ်ပြန်သည်။

သတင်း

မတ်လ ၁၁ရက်က နမ်းနိန်ရွာ ဘုန်းကြီးကျောင်းအတွင်း သံဃာ ၃ပါး၊ အမျိုးသမီး ၁ဦး အပါအဝင် အရပ်သား ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က လူသားမဆန်စွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အပေါ် ကရင်နီအဖွဲ့အစည်း ၁၃ဖွဲ့ကမတ်လ ၂၀ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် ကျောက်မှော်ရွာကို ယမန်နေ့က ပြန်ဝင်လာခဲ့ပြီး ဘုန်းကြီးကျောင်းကို အဝင်၊အထွက်ပိတ်ဆို့ကာ ထမင်းဝင်စားသွားကြောင်း၊ စစ်ကြောင်းတွင် အရပ်သား နှစ်ဦးကို လူသားဒိုင်းအနေဖြင့် ဖမ်းထားပြီး နောက်တစ်ဦး ထပ်မံဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီတပ်က ကရင်နီဒေသသို့ စစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။