Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်၍ ယခုလအတွင်း ပြည်သူ ၉ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဒေသတွင်းရှိ ရွာပေါင်း ၃၉ရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း၊ ယင်းကျေးရွာများအနက် ကျေးရွာပေါင်း (၃၁)ရွာမှ လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်ကို စာရင်းအတည်ပြုနိုင်ခဲ့ပြီး ကျန် ၈ရွာမှ လူဦးရေစာရင်းကိုမူ အတည်မပြုနိုင်သေးဟု ထုတ်ပြန်သည်။

(ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပတ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို မတ်လ ၁၇ရက်က တွေ့ရစဥ်။ဓာတ်ပုံ - KNU)

ရွာပေါင်း ၄၀ခန့်မှ ဒေသခံသောင်းချီ တိမ်းရှောင်ရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) တပ်မဟာ(၃) နယ်မြေ၌ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်၍ ဒေသခံသောင်းချီ စစ်ဘေးရှောင်နေရပြီး ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

မတ်လ ၁ရက်မှ ၁၉ရက်အတွင်း တပ်မဟာ (၃) ၊ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်အုပ်ချုပ်မှုနယ်မြေအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာများအတွင်းသို့ လက်နက်ကြီး အလုံးရေ ၄၄၀ကျော် ပစ်ခတ်ခဲ့သည်ဟု ဖော်ပြသည်။

(ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပတ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို မတ်လ ၁၇ရက်က တွေ့ရစဥ်။ဓာတ်ပုံ - KNU)
(ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပတ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို မတ်လ ၁၇ရက်က တွေ့ရစဥ်။ဓာတ်ပုံ – KNU)

ထိုသို့ ပစ်ခတ်၍ ဒေသခံပြည်သူ ၉ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်စုစုပေါင်း (၁၆)လုံးနှင့် သိမ်၊ စပါးကျီ၊ နွား အပါအ၀င် ပြည်သူလူထုပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။ ထို့အပြင် နေအိမ် စျေးဆိုင်၊ ဆိုင်ကယ်များကိုလည်း ဖျက်ဆီးခြင်းမီးရှို့ခြင်းလုပ်ဆောင်ခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဒေသတွင်းရှိ ရွာပေါင်း ၃၉ရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း၊ ယင်းကျေးရွာများအနက် ကျေးရွာပေါင်း (၃၁)ရွာမှ လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်ကို စာရင်းအတည်ပြုနိုင်ခဲ့ပြီး ကျန် ၈ရွာမှ လူဦးရေစာရင်းကိုမူ အတည်မပြုနိုင်သေးဟု ထုတ်ပြန်သည်။

(ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပတ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို မတ်လ ၁၇ရက်က တွေ့ရစဥ်။ဓာတ်ပုံ - KNU)
(ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပတ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို မတ်လ ၁၇ရက်က တွေ့ရစဥ်။ဓာတ်ပုံ – KNU)

ထို့အပြင် စစ်ကောင်စီဘက်မှ ကျေးရွာပြည်သူများအား ဖမ်းဆီးခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းရှိသော်လည်း သီးခြားအတည် မပြုနိုင်သေးကြောင်း ဖော်ပြသည်။

ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၃) လက်အောက်ရှိ တပ်ရင်း(၇)၊ တပ်ရင်း(၉)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း(၃)၊ Drone တပ်ဖွဲ့များ၊ ပူးပေါင်းတပ်များအကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားပေ။

You May Also Like

ဗီဒီယို

မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မုံရွာမြို့ ရှိ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တပ်အတွင်းသို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂၊ တပ်ရင်း - ၂ တပ်ခွဲ - ၄ Fight...

သတင်း

စစ်ကောင်စီတပ်သည်ထီးချိုင့်နယ်ကိုမတ်လဆန်းကစ၍ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏတိုက်ပွဲဖြစ်​နေသည်။

သတင်း

မတ်လ ၁၁ရက်က နမ်းနိန်ရွာ ဘုန်းကြီးကျောင်းအတွင်း သံဃာ ၃ပါး၊ အမျိုးသမီး ၁ဦး အပါအဝင် အရပ်သား ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က လူသားမဆန်စွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အပေါ် ကရင်နီအဖွဲ့အစည်း ၁၃ဖွဲ့ကမတ်လ ၂၀ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် ကျောက်မှော်ရွာကို ယမန်နေ့က ပြန်ဝင်လာခဲ့ပြီး ဘုန်းကြီးကျောင်းကို အဝင်၊အထွက်ပိတ်ဆို့ကာ ထမင်းဝင်စားသွားကြောင်း၊ စစ်ကြောင်းတွင် အရပ်သား နှစ်ဦးကို လူသားဒိုင်းအနေဖြင့် ဖမ်းထားပြီး နောက်တစ်ဦး ထပ်မံဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။