Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၂ပတ်တာကာလအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေ တစ်သိန်းကျော်မြင့်တက်

အာဏာသိမ်းစသိမ်းချိန်ကနေ ဒီနှစ် ၂၀၂၃ ဖေဖော်ဝါရီလကုန်အထိ ပြည်တွင်းမှာနေရပ်စွန့်ခွာထွက်ပြေးရသူ ၁၃သိန်းကျော်ရှိခဲ့တာပါ။

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းထိုးလို့ တိမ်းရှောင်နေရတဲ့ဒေသခံတွေကိုတွေ့ရစဉ်
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းထိုးလို့ တိမ်းရှောင်နေရတဲ့ဒေသခံတွေကိုတွေ့ရစဉ်

စစ်တပ်အာဏာသိမ်းလို့ နိုင်ငံတဝှမ်း ပဋိပက္ခတွေ ဆက်လက်မြင့်တက်နေပြီး လက်ရှိ မတ်လအတွင်းမှာတင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေ တစ်သိန်း ကျော်ရှိလာ တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ရဲ့စာရင်းအရသိရပါတယ်။

အာဏာသိမ်းစသိမ်းချိန်ကနေ ဒီနှစ် ၂၀၂၃ ဖေဖော်ဝါရီလကုန်အထိ ပြည်တွင်းမှာနေရပ်စွန့်ခွာထွက်ပြေးရသူ ၁၃သိန်းကျော်ရှိခဲ့တာပါ။

အဲဒီအရေအတွက်ကနေ မတ်လ ၁၃ ရက် အရောက်မှာ တစ်သိန်းကျော် ထပ်တိုးလာပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၁၄ သိန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

နေရပ်စွန့်ခွာတိမ်းရှောင်ရသူအများစုဟာ စစ်ကိုင်းတိုင်း၊မကွေးတိုင်း ၊ ကရင်ပြည်နယ် ၊ ကယားပြည်နယ် နဲ့ချင်းပြည်နယ်တို့ရှိရာ နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေဖြစ်တယ်လို့သိရပါတယ်။

You May Also Like

သတင်း

မတ်လ(၁၇)ရက်မနက်ပိုင်းမှာပင် ရေလဲ(ဗမာ)ဘုန်းကြီးကျောင်းပေါ်သို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့်လက်နက်ကြီး(၄)လုံး ပစ်ချခဲ့သည့်အတွက် ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်နှင့် ဓမ္မာရုံအမိုးများ ထိခိုက်ပျက်စီးခဲ့ရသည်။

သတင်း

တန့်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီဝင် ဒေါ်မာမာအေးကို ဖားကန့်မြို့နယ်၊ဖားပြင်ကျေးရွာတွင် စစ်ကောင်စီတပ်က မတ်လ ၆ရက် ညတွင် ဖမ်းဆီးသွားခြင်းဟု ဆိုသည်။

သတင်း

စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးလာကြဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်း၊ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်ခြင်းများကြောင့် ရွာများရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်ကကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်၍ ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။