Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်နယ်တွင်စစ်တပ် တပ်ရင်းတစ်ရင်းလုံးပြုတ်၊ ကရင်နီပူး​ပေါင်းတပ်ကလက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိ

ကရင်နီပြည်နယ်ရှိ ​နေရာတစ်​နေရာတွင်စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၂ လက်အောက်ခံ (ခမရ ၅၁၅ တပ်ရင်း) ကိုကရင်နီပူး​ပေါင်းတပ်က ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)
(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)

ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီတပ်ရင်းတစ်ခုကို ကရင်နီပူး​ပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ တပ်ရင်းတစ်ရင်းလုံးပြုတ်ပြီး လက်နက်၊ခဲယမ်း အမြောက်အများကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့သည်။

ကရင်နီပြည်နယ်ရှိ ​နေရာတစ်​နေရာတွင်စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၂ လက်အောက်ခံ (ခမရ ၅၁၅ တပ်ရင်း) ကိုကရင်နီပူး​ပေါင်းတပ်က ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)
(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)

“ အသေးစိတ်ကို မနက်ဖြန်မှာ ကျွန်တော်တို့ တရားဝင်ထုတ်ပြန်ပေးမယ်။လောလောဆယ် တပ်ဖွဲ့ဝင်တွေ အစည်းအဝေးထိုင်နေပါတယ်” ဟု ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ပြောသည်။

People’s Spring ရရှိ​သော သတင်းဓါတ်ပုံများအရ စစ်​သားများ​သေဆုံးသူများပြားပြီး လက်နက်မျိုးစုံ ၃၀ ​ကျော်၊ ကျည်မျိုးစုံနှင့်ခဲယမ်းများ၊စစ်တပ်သုံးပစ္စည်းများစွာသိမ်းဆည်းရရှိခဲ့သည်ကို​တွေရသည်။

မတ်ဆန်းပိုင်းကစ၍ စစ်ကောင်စီတပ်က တပ်မ ၅၅၊၆၆၊၇၇၊၉၉ နှင့် ၂၂ အစရှိသည့် တပ်မ ၅ ခု အပြင် စကခ ၂ လက်အောက်ခံ တပ်ရင်းများဖြင့် ကရင်နီဒေသ ကို ထိုးစစ်ဆင်နေသည်။

(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)
(စစ်​​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ)

သို့သော် ထို တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှသေဆုံးသူ ၁၀၀ ထက်မနည်းရှိကာစစ်သုံ့ပန်းခြောက်ဦးကို ကရင်နီပူးပေါင်းတပ်က ဖမ်းဆီးနိုင်ခဲ့သည်။ ထိုအပြင် လက်နက်ခဲယမ်းများစွာကိုလည်း ကရင်နီပူး​ပေါင်းတပ်များကသိမ်းဆည်းနိုင်ခဲ့သည်။

ထို့အတူ ကရင်နီပူးပေါင်းတပ်မှလည်း ရဲဘော် ငါးဦးခန့် ကျ ဆုံးထားကာ နေ့စဥ် တိုက်ပွဲများ ခုခံနေရမှုကြောင့် ကျည်နှင့်ခဲယမ်းလိုအပ်ချက်များရှိနေ၍ ပြည်သူ့ကာ ကွယ်ရေးတပ်များက ပြည်သူများကို အကူအညီ တောင်းခံထားသည်။

You May Also Like

သတင်း

မတ် ၂၄ ရက်မှာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူပုဂ္ဂိုလ် ၂ ဦးနဲ့ လုပ်ငန်း ၆ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ကြောင်း​ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က အရပ်သား ဧရိယာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အခုလို အရေးယူ...

သတင်း

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်တွင် ယမန်နေ့ (မတ်လ ၂၃ရက်)နှင့် ယနေ့(မတ်လ ၂၄ရက်) နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး အထိနာသွားသည့်စစ်ကောင်စီကနှစ်ရက်စလုံး လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။

သတင်း

ကားအစီးရေ ၃၀ထက်မနည်းပါဝင်သော စစ်ကောင်စီယာဉ်တန်းသည် ယမန်နေ့က အင်းတော်မြို့ကို ကျော်ပြီးနောက် မတ်လ ၂၃ရက်တွင် ကသာနှင့်ထီးချိုင့်မြို့ကြားသို့ရောက်ရှိလာခြင်းဖြစ်သည်။

သတင်း

ထွန်းမင်းလတ်ရဲ့ ဇနီးဖြစ်တဲ့ ဝင်းမင်းစိုးကတော့ Star Sapphire ကုန်သွယ်ရေး ကုမ္ပဏီ လီမိတက်နဲ့ စင်ကာပူ အခြေစိုက် Star Sapphire Group PTE. LTDတို့ကို ပူးတွဲ ပိုင်ဆိုင်ထားပါတယ်။