Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်စိမ်းများသယ်လာ​သော စစ်တပ်ကားတန်းအတွက် ကသာနှင့် ထီးချိုင့်ကြား စစ်တပ်ကကင်းပုန်းများချ

ကားအစီးရေ ၃၀ထက်မနည်းပါဝင်သော စစ်ကောင်စီယာဉ်တန်းသည် ယမန်နေ့က အင်းတော်မြို့ကို ကျော်ပြီးနောက် မတ်လ ၂၃ရက်တွင် ကသာနှင့်ထီးချိုင့်မြို့ကြားသို့ရောက်ရှိလာခြင်းဖြစ်သည်။

(ကချင်နှင့် စစ်ကိုင်တိုင်းအစပ်တစ်​နေရာတွင် စစ်ကားများအနားယူ​နေစဥ်။ဓါတ်ပုံ- CJ)
(ကချင်နှင့် စစ်ကိုင်တိုင်းအစပ်တစ်​နေရာတွင် စစ်ကားများအနားယူ​နေစဥ်။ဓါတ်ပုံ- CJ)

ကချင်ပြည်နယ်ဘက်မှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်းတွင် ကျောက်စိမ်းများသယ်ဆောင်လာ‌ကြောင်း သတင်းရရှိထားပြီး ကသာ-ထီးချိုင့်လမ်းတလျှောက် စစ်ကောင်စီကင်းပုန်းများ ချထားကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ကားအစီးရေ ၃၀ထက်မနည်းပါဝင်သော စစ်ကောင်စီယာဉ်တန်းသည် ယမန်နေ့က အင်းတော်မြို့ကို ကျော်ပြီးနောက် မတ်လ ၂၃ရက်တွင် ကသာနှင့်ထီးချိုင့်မြို့ကြားသို့ရောက်ရှိလာခြင်းဖြစ်သည်။

” ကချင်ဘက်ကို တက်သွားတဲ့ကားတန်းက အခု ပြန်ဆင်းလာပြီ။ ကျောက်စိမ်းတွေသယ်လာတယ်လို့ကြားတယ်။ ဒီနေ့ဆို ကသာနဲ့ထီးချိုင့်ကြားမှာကင်းပုန်းတွေ အများကြီး ချထားတယ်” ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါယာဉ်တန်းသည် ယနေ့( မတ်လ ၂၄ရက်)နံနက်အထိ ကသာမြို့တ‌နေရာတွင် လုံခြုံရေးအများအပြားချ၍ ရပ်တန့်ထားဆဲဟု သတင်းရရှိသည်။

စစ်ကောင်စီကားအစီးရေ ၃၀အနက်ငါးစီးတွင် ကျောက်စိမ်းများတင်ဆောင်လာပြီး မကြာမီ ထီးချိုင့်မြို့သို့ ဆင်းလာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းရရှိထားသည်။

အထက်ပါ ယာဉ်တန်းသည် အင်းတော်နှင့် ကသာမြို့ကြားတွင် ရှိနေစဉ် မတ်လ ၂၀ရက်နှင့် ၂၁ရက်က KIA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။ နှစ်ရက်ဆက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဆယ်ဦးထက်မနည်းသေဆုံးကြောင်း Indaw Revolution – IR ကသတင်းထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်မှ ယခုပြန်ဆင်းလာသော ယာဉ်တန်းသည် မတ်လ ပထမလလယ်က သပိတ်ကျင်းမြို့နယ်မှ စတင်ထွက်ခွာလာကာ တကောင်း၊ ထီးချိုင့်၊ ကသာနှင့် အင်းတော်မြို့များကိုဖြတ်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ အင်အားတိုးခဲ့သည့် ယာဉ်တန်းဖြစ်သည်။ အဆိုပါယာဉ်တန်းကို သပိတ်ကျင်းနှင့် ထီးချိုင့်မြို့ကြား တကောင်းနယ်၊ထီးချိုင့်နှင့်ကသာကြား စသည့်နေရာတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာခဲ့သည်။

You May Also Like

သတင်း

မတ် ၂၄ ရက်မှာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူပုဂ္ဂိုလ် ၂ ဦးနဲ့ လုပ်ငန်း ၆ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ကြောင်း​ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က အရပ်သား ဧရိယာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အခုလို အရေးယူ...

သတင်း

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်တွင် ယမန်နေ့ (မတ်လ ၂၃ရက်)နှင့် ယနေ့(မတ်လ ၂၄ရက်) နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး အထိနာသွားသည့်စစ်ကောင်စီကနှစ်ရက်စလုံး လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။

သတင်း

ထွန်းမင်းလတ်ရဲ့ ဇနီးဖြစ်တဲ့ ဝင်းမင်းစိုးကတော့ Star Sapphire ကုန်သွယ်ရေး ကုမ္ပဏီ လီမိတက်နဲ့ စင်ကာပူ အခြေစိုက် Star Sapphire Group PTE. LTDတို့ကို ပူးတွဲ ပိုင်ဆိုင်ထားပါတယ်။

သတင်း

ကရင်နီပြည်နယ်ရှိ ​နေရာတစ်​နေရာတွင်စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၂ လက်အောက်ခံ (ခမရ ၅၁၅ တပ်ရင်း) ကိုကရင်နီပူး​ပေါင်းတပ်က ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။